အရန်တပ်ဖွဲ့ဝင်များစုဆောင်းခေါ်ယူမှုတွင် ခန့်မှန်းထားသည့်အရေအတွက်ထက်ပိုများခဲ့ဟု ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆို

 522

ဖြိုးခန့် (NP News) - နိုဝင်ဘာ ၅

ရုရှား စစ်တပ်အတွက် အရန်တပ်ဖွဲ့ဝင်များစုဆောင်းခေါ်ယူမှုသည် ခန့်မှန်းထားသည့်အရေအတွက်ဖြစ်သည့် (၃)သိန်းထက် ပိုများခဲ့ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ရေးအရ ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရသော ရုရှားသမ္မတပူတင်သည် ယူကရိန်းနှင့်တိုက်ပွဲတွင် ပါဝင်ရန်အတွက် အရန်တပ်ဖွဲ့ဝင်(၃)သိန်းကို ခေါ်ယူရန် စက်တင်ဘာ လတွင် ကြေညာခဲ့သည်။ ရုရှားသမ္မတပူတင်က "ကျွန်တော်တို့မှာ အရန်တပ်ဖွဲ့ဝင်(၃၁၈ဝဝဝ)ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရန်တပ်ဖွဲ့ဝင်တွေထဲမှာ စေတနာ့ဝန်ထမ်းတွေထပ်ပြီး ပါလာတာကြောင့်ပါ၊၊ စေတနာ့ဝန်ထမ်းအရေအတွက်က ထပ်ပြီးကျမသွားတော့ပါဘူး”ဟုပြောဆိုခဲ့သည်၊၊

ရုရှားစစ်တပ်သည် အရန်တပ်ဖွဲ့ဝင်စုဆောင်းမှုကို စက်တင်ဘာလ(၂၁)ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်၊၊ အရန်တပ်ဖွဲ့ဝင်များခေါ်ယူခြင်းဖြင့် ရုရှားစစ်တပ်၏ အင် အားကို မြှင့်တင်ရန် စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ရုရှားသမ္မတပူတင်၏ ပြောဆိုချက်များအရ အရန်တပ်ဖွဲ့ဝင်(၄၉ဝဝဝ)ကို ယူကရိန်းတိုက်ခိုက်ရေးဇုန်သို့ စေလွှတ်ဖြန့်ကျက်ထားပြီး အခြားသူများမှာ စစ်ရေးလေ့ ကျင့်မှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါအရန်တပ်ဖွဲ့ဝင်များ၏ မိသားစုများကို ထောက်ပံ့ရန် နိုင်ငံတော်ကဆောင် ရွက်နေကြောင်း စစ်မှုထမ်းနေသော စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို ရုရှားသမ္မတပူတင်က ချီးကျူးခဲ့ကြောင်းသိရသည်။ ရုရှားသမ္မတပူတင်သည် အရန်တပ်ဖွဲ့ဝင်စုဆောင်းမှုပြီးဆုံးကြောင်း အောက်တိုဘာလ(၃၁)ရက်က ထုတ်ပြန်ကြေ ညာခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်ရရှိထားသော Minsk သဘောတူညီချက်များကို အကောင် အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ရုရှားက ဖေဖော်ဝါရီလ(၂၄)ရက်တွင် ယူကရိန်းကိုစတင်တိုက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလအစောပိုင်းတွင် ယူကရိန်းဒေသများဖြစ်သည့် ဒွန်းညက်စ်၊ လူဟန့်၊ ဇာပိုရိုဂျီလ် နှင့် ခါဆွန်ဒေသများသည် ရုရှားကို ထောက်ခံသော လူထုဆန္ဒမဲပေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံနှင့်ပေါင်းစည်းခဲ့ကြောင်းသိရသည်။

zawgyi version
အရန္တပ္ဖြဲ႕ဝင္မ်ားစုေဆာင္းေခၚယူမႈတြင္ ခန႔္မွန္းထားသည့္အေရအတြက္ထက္ပိုမ်ားခဲ့ဟု ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆို
ၿဖိဳးခန႔္ (NP News) - ႏိုဝင္ဘာ ၅

႐ုရွား စစ္တပ္အတြက္ အရန္တပ္ဖြဲ႕ဝင္မ်ားစုေဆာင္းေခၚယူမႈသည္ ခန႔္မွန္းထားသည့္အေရအတြက္ျဖစ္သည့္ (၃)သိန္းထက္ ပိုမ်ားခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

စစ္ေရးအရ ဆုံးရႈံးမႈမ်ားႏွင့္ရင္ဆိုင္ေနရေသာ ႐ုရွားသမၼတပူတင္သည္ ယူကရိန္းႏွင့္တိုက္ပြဲတြင္ ပါဝင္ရန္အတြက္ အရန္တပ္ဖြဲ႕ဝင္(၃)သိန္းကို ေခၚယူရန္ စက္တင္ဘာ လတြင္ ေၾကညာခဲ့သည္။ ႐ုရွားသမၼတပူတင္က "ကြၽန္ေတာ္တို႔မွာ အရန္တပ္ဖြဲ႕ဝင္(၃၁၈ဝဝဝ)ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အရန္တပ္ဖြဲ႕ဝင္ေတြထဲမွာ ေစတနာ့ဝန္ထမ္းေတြထပ္ၿပီး ပါလာတာေၾကာင့္ပါ၊၊ ေစတနာ့ဝန္ထမ္းအေရအတြက္က ထပ္ၿပီးက်မသြားေတာ့ပါဘူး”ဟုေျပာဆိုခဲ့သည္၊၊

႐ုရွားစစ္တပ္သည္ အရန္တပ္ဖြဲ႕ဝင္စုေဆာင္းမႈကို စက္တင္ဘာလ(၂၁)ရက္တြင္ စတင္ခဲ့ျခင္းျဖစ္သည္၊၊ အရန္တပ္ဖြဲ႕ဝင္မ်ားေခၚယူျခင္းျဖင့္ ႐ုရွားစစ္တပ္၏ အင္ အားကို ျမႇင့္တင္ရန္ စီစဥ္ထားေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့သည္။ ႐ုရွားသမၼတပူတင္၏ ေျပာဆိုခ်က္မ်ားအရ အရန္တပ္ဖြဲ႕ဝင္(၄၉ဝဝဝ)ကို ယူကရိန္းတိုက္ခိုက္ေရးဇုန္သို႔ ေစလႊတ္ျဖန႔္က်က္ထားၿပီး အျခားသူမ်ားမွာ စစ္ေရးေလ့ က်င့္မႈမ်ားလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္းသိရသည္။

အဆိုပါအရန္တပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားကို ေထာက္ပံ့ရန္ ႏိုင္ငံေတာ္ကေဆာင္ ႐ြက္ေနေၾကာင္း စစ္မႈထမ္းေနေသာ ေစတနာ့ဝန္ထမ္းမ်ား၏ လုပ္ေဆာင္မႈမ်ားကို ႐ုရွားသမၼတပူတင္က ခ်ီးက်ဴးခဲ့ေၾကာင္းသိရသည္။ ႐ုရွားသမၼတပူတင္သည္ အရန္တပ္ဖြဲ႕ဝင္စုေဆာင္းမႈၿပီးဆုံးေၾကာင္း ေအာက္တိုဘာလ(၃၁)ရက္က ထုတ္ျပန္ေၾက ညာခဲ့သည္။

ယူကရိန္းသည္ ႐ုရွားႏွင့္ရရွိထားေသာ Minsk သေဘာတူညီခ်က္မ်ားကို အေကာင္ အထည္ေဖာ္ရန္ ပ်က္ကြက္ခဲ့ျခင္းေၾကာင့္ ႐ုရွားက ေဖေဖာ္ဝါရီလ(၂၄)ရက္တြင္ ယူကရိန္းကိုစတင္တိုက္ခဲ့ျခင္းျဖစ္သည္။ ေအာက္တိုဘာလအေစာပိုင္းတြင္ ယူကရိန္းေဒသမ်ားျဖစ္သည့္ ဒြန္းညက္စ္၊ လူဟန႔္၊ ဇာပို႐ိုဂ်ီလ္ ႏွင့္ ခါဆြန္ေဒသမ်ားသည္ ႐ုရွားကို ေထာက္ခံေသာ လူထုဆႏၵမဲေပးပြဲမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံႏွင့္ေပါင္းစည္းခဲ့ေၾကာင္းသိရသည္။

Picture

Ko Moe

05/11/2022 17:56

ရုရှားကို ဘယ်လောက်တောင် မနာလို လိုက်သလဲဆိုရင် ဘယ့တော့မှ ဟောလိဝုဒ်မှာ ရုရှား ကောင်းကြောင်း မရိုက်ရဲရှာဘူး။မိန်းမလို မိန်းမရ အမေရီးကန်းဟာ မမ်ြင်မကန်းနဲ့ပါပဲ

Related news

© 2021. All rights reserved.