ဗြိတိန်အစိုးရက ရုရှားနိုင်ငံ၏ ရွှေတင်သွင်းမှုအပေါ်ပိတ်ပင်မှု သက်တမ်းထပ်မံတိုးမြှင့်

 513

ဖြိုးခန့် (NP News) - နိုဝင်ဘာ ၅

ဗြိတိန်သည် ရုရှား၏ ရွှေတင်သွင်းမှုအပေါ် တားမြစ်ပိတ်ပင်မှုကို ထပ်မံတိုးချဲ့ခဲ့ကြောင်း ဗြိတိန်အစိုးရ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ လ(၂၉)ရက်တွင် တင်ပို့ခဲ့သော ရုရှားနိုင်ငံထွက် ရွှေလက်ဝတ်ရတနာပစ္စည်းများအပြင် ၂ဝ၂၂ ခုနှစ် ဇူလိုင်လ(၂၁)ရက်နှောင်းပိုင်းတွင် ရုရှား၏ရွှေများကို ထည့်သွင်းပေါင်းစပ်ကာ တတိယနိုင်ငံများတွင် ပြုလုပ်သည့်ရွှေများ နှင့် ရုရှားမှ တင်သွင်းသည့် ရွှေများအားလုံးကို ပစ်မှတ်ထားပိတ်ပင်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ပိတ်ပင်မှုထဲတွင် ရွှေလက်ဝတ်ရတနာများ သို့မဟုတ် ပြုပြင်ပြီးရွှေများ တင်သွင်းခြင်းနှင့်ပတ်သက်သည့် နည်းပညာအကူအညီ၊ ငွေကြေးဝန်ဆောင်မှုများနှင့် ရန်ပုံငွေ သို့မဟုတ် ပွဲစားဝန်ဆောင်မှုများလည်း ပါဝင်ကြောင်းသိရသည်။ သို့သော် လည်း ဗြိတိန်အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ပုဂ္ဂိုလ်ရေးအရ အသုံးပြုရန် သို့မဟုတ် ဗြိတိန်သို့ဝင်ရောက်ခွင့်ပြုသည့် အထူးလိုင်စင်ရှိထားသော ပစ္စည်းများ သည် တားမြစ်ပိတ်ပင်မှုမှ ကင်းလွတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတားမြစ်ပိတ်ပင်မှု ထပ်မံသက်တမ်းတိုးခြင်းသည် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းလည်းသိရသည်။ ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကို တုံ့ပြန်မှုအဖြစ် အနောက်အုပ်စုများသည် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှု၏တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်၊ ဂျပန်၊ ကနေဒါတို့နှင့်အတူ ဗြိတိန်သည် လက်ရှိနွေရာသီတွင် ရုရှား၏ရွှေတင်သွင်းမှုများကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တားမြစ်ပိတ်ပင်မှုသည် အသစ်တူးဖော်ပြီး သန့်စင်ထားသော ရွှေများနှင့်သက်ဆိုင်သော်လည်း ယခင်ကတင်ပို့ခဲ့သည့် ရုရှားနိုင်ငံမှ ရွှေသို့မဟုတ် နိုင်ငံတွင်းမှ ထွက်သော ရွှေထွက်ကုန်များအပေါ် သက်ရောက်မှုမရှိကြောင်းသိရသည်။

zawgyi version
ၿဗိတိန္အစိုးရက ႐ုရွားႏိုင္ငံ၏ ေ႐ႊတင္သြင္းမႈအေပၚပိတ္ပင္မႈ သက္တမ္းထပ္မံတိုးျမႇင့္
ၿဖိဳးခန႔္ (NP News) - ႏိုဝင္ဘာ ၅

ၿဗိတိန္သည္ ႐ုရွား၏ ေ႐ႊတင္သြင္းမႈအေပၚ တားျမစ္ပိတ္ပင္မႈကို ထပ္မံတိုးခ်ဲ႕ခဲ့ေၾကာင္း ၿဗိတိန္အစိုးရ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။

ၿဗိတိန္အစိုးရဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္အရ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာ လ(၂၉)ရက္တြင္ တင္ပို႔ခဲ့ေသာ ႐ုရွားႏိုင္ငံထြက္ ေ႐ႊလက္ဝတ္ရတနာပစၥည္းမ်ားအျပင္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ(၂၁)ရက္ေႏွာင္းပိုင္းတြင္ ႐ုရွား၏ေ႐ႊမ်ားကို ထည့္သြင္းေပါင္းစပ္ကာ တတိယႏိုင္ငံမ်ားတြင္ ျပဳလုပ္သည့္ေ႐ႊမ်ား ႏွင့္ ႐ုရွားမွ တင္သြင္းသည့္ ေ႐ႊမ်ားအားလုံးကို ပစ္မွတ္ထားပိတ္ပင္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ပိတ္ပင္မႈထဲတြင္ ေ႐ႊလက္ဝတ္ရတနာမ်ား သို႔မဟုတ္ ျပဳျပင္ၿပီးေ႐ႊမ်ား တင္သြင္းျခင္းႏွင့္ပတ္သက္သည့္ နည္းပညာအကူအညီ၊ ေငြေၾကးဝန္ေဆာင္မႈမ်ားႏွင့္ ရန္ပုံေငြ သို႔မဟုတ္ ပြဲစားဝန္ေဆာင္မႈမ်ားလည္း ပါဝင္ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း ၿဗိတိန္အစိုးရဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ ပုဂၢိဳလ္ေရးအရ အသုံးျပဳရန္ သို႔မဟုတ္ ၿဗိတိန္သို႔ဝင္ေရာက္ခြင့္ျပဳသည့္ အထူးလိုင္စင္ရွိထားေသာ ပစၥည္းမ်ား သည္ တားျမစ္ပိတ္ပင္မႈမွ ကင္းလြတ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါတားျမစ္ပိတ္ပင္မႈ ထပ္မံသက္တမ္းတိုးျခင္းသည္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္တြင္ စတင္အသက္ဝင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။ ယူကရိန္းအေပၚ ႐ုရွား၏က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို တုံ႔ျပန္မႈအျဖစ္ အေနာက္အုပ္စုမ်ားသည္ ႐ုရွားႏိုင္ငံအေပၚ ခ်မွတ္ထားေသာ အေရးယူမႈ၏တစ္စိတ္တစ္ပိုင္းအျဖစ္ အေမရိကန္၊ ဂ်ပန္၊ ကေနဒါတို႔ႏွင့္အတူ ၿဗိတိန္သည္ လက္ရွိေႏြရာသီတြင္ ႐ုရွား၏ေ႐ႊတင္သြင္းမႈမ်ားကို တားျမစ္ပိတ္ပင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ တားျမစ္ပိတ္ပင္မႈသည္ အသစ္တူးေဖာ္ၿပီး သန႔္စင္ထားေသာ ေ႐ႊမ်ားႏွင့္သက္ဆိုင္ေသာ္လည္း ယခင္ကတင္ပို႔ခဲ့သည့္ ႐ုရွားႏိုင္ငံမွ ေ႐ႊသို႔မဟုတ္ ႏိုင္ငံတြင္းမွ ထြက္ေသာ ေ႐ႊထြက္ကုန္မ်ားအေပၚ သက္ေရာက္မႈမရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.