မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ်မှုများထပ်မံလုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ဆို

 568

ဖြိုးခန့် (NP News) - နိုဝင်ဘာ ၅

မြောက်ကိုရီးယားသည် နိုဝင်ဘာလ(၅)ရက်၊ နံနက်အစောပိုင်းက တာတိုပစ်ပဲ့ထိန်းဒုံးကျည်လေးစင်းကို ၎င်းနိုင်ငံ၏ အနောက်ဖက်ပင်လယ်ထဲသို့ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောဆိုခဲ့သည်။

အဆိုပါဒုံးကျည်များသည် အမြင့်(၂ဝ)ကီလိုမီတာခန့်မှ အကွာအဝေး(၁၃ဝ)ကီလိုမိတာခန့်အထိ ပျံသန်းခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ယခုသီတင်း ပတ်အတွင်း မအောင်မြင်ခဲ့သော တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါပစ်ခတ်မှုများကို အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ပြစ်တင်ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားသည် (၂ဝ၁၇)ခုနှစ်နောက်ပိုင်း နျူကလီးယားစမ်းသပ်မှုကို ပထမဆုံးအကြိမ်ပြန်လည်စမ်းသပ်နိုင်ဖွယ်ရှိနေကြောင်း ထင်ကြေးများပေးခဲ့ကြကြောင်းလည်းသိရသည်။

မြောက်ကိုရီးယားသည် အဆိုပါဒုံးကျည်များကို နိုဝင်ဘာလ(၅)ရက်၊ နံနက် (၁၁) နာရီ(၃၁)မိနစ်နှင့် (၁၁)နာရီ(၅၉)မိနစ်အကြား ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အောက်တို ဘာလ(၃၁)ရက်မှစတင်သော အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ Vigilant Storm အမည်ရှိ စစ်ရေးလေ့ကျင့်မှုများပြီးဆုံးချိန်တွင် ပစ်ခတ်မှုများထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ Vigilant Storm အမည်ရှိ ပူးတွဲစစ်ရေးလေ့ ကျင့်မှုတွင် စစ်လေယာဥ်အစီးပေါင်း(၂၄ဝ)နှင့်အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ် B-1B နှစ်စင်းပါဝင်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးကပြောကြားခဲ့သည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် B-1B ဗုံးကြဲလေယာဥ်များကို (၂ဝ၁၇)ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြန့်ကျက်ထားခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ရန်စမှုများကို ပြတ်ပြတ်သားသားတုံ့ပြန်ရန် တောင်ကိုရီးယားနှင့်အမေရိကန်တို့၏ ပူးပေါင်းကာကွယ်ရေးစွမ်းရည်နှင့် ဆုံးဖြတ်ချက်များကို ပြသရန်အတွက်လည်းဖြစ်ကြောင်းသိရသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့်‌တောင်ကိုရီးယားတို့၏ အကြီးမားဆုံးလေ ကြောင်းဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ရန် တောင်းဆိုမှုများရှိခဲ့ကြောင်းလည်းသိရသည်။ နိုဝင်ဘာလ(၄)ရက်က တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်သို့ မြောက်ကိုရီးယား၏ တိုက်လေယာဥ်အစီး(၁၈ဝ)ခန့် ပျံတက်လာပြီးနောက် တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယား၏တိုက်လေယာဥ်များကို ဝေဟင်သို့စေလွှတ်ခဲ့ရကြောင်းသိရသည်။ မြောက်ကိုရီးယားသည် နိုဝင်ဘာလ (၃)ရက်က စံချိန်တင် ဒုံးကျည်(၂၃)စင်းပစ်လွှတ်ခဲ့ပြီး ဒုံးကျည်တစ်စင်းသည် ပထမဆုံးအကြိမ် တောင်ကိုရီးယားကမ်းရိုးတန်းဖက်သို့ ကျသွားခဲ့ကြောင်းသိရသည်။

zawgyi version
ေျမာက္ကိုရီးယားဟာ ဒုံးက်ည္ပစ္လႊတ္မႈမ်ားထပ္မံလုပ္ေဆာင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္ဆို
ၿဖိဳးခန႔္ (NP News) - ႏိုဝင္ဘာ ၅

ေျမာက္ကိုရီးယားသည္ ႏိုဝင္ဘာလ(၅)ရက္၊ နံနက္အေစာပိုင္းက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေလးစင္းကို ၎ႏိုင္ငံ၏ အေနာက္ဖက္ပင္လယ္ထဲသို႔ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာဆိုခဲ့သည္။

အဆိုပါဒုံးက်ည္မ်ားသည္ အျမင့္(၂ဝ)ကီလိုမီတာခန႔္မွ အကြာအေဝး(၁၃ဝ)ကီလိုမိတာခန႔္အထိ ပ်ံသန္းခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားသည္ ယခုသီတင္း ပတ္အတြင္း မေအာင္ျမင္ခဲ့ေသာ တိုက္ခ်င္းပစ္ဒုံးက်ည္အပါအဝင္ ဒုံးက်ည္အမ်ားအျပားကို ပစ္လႊတ္ခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါပစ္ခတ္မႈမ်ားကို အေမရိကန္၊ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ေျမာက္ကိုရီးယားသည္ (၂ဝ၁၇)ခုႏွစ္ေနာက္ပိုင္း န်ဴကလီးယားစမ္းသပ္မႈကို ပထမဆုံးအႀကိမ္ျပန္လည္စမ္းသပ္ႏိုင္ဖြယ္ရွိေနေၾကာင္း ထင္ေၾကးမ်ားေပးခဲ့ၾကေၾကာင္းလည္းသိရသည္။

ေျမာက္ကိုရီးယားသည္ အဆိုပါဒုံးက်ည္မ်ားကို ႏိုဝင္ဘာလ(၅)ရက္၊ နံနက္ (၁၁) နာရီ(၃၁)မိနစ္ႏွင့္ (၁၁)နာရီ(၅၉)မိနစ္အၾကား ပစ္လႊတ္ခဲ့ျခင္းျဖစ္ၿပီး ေအာက္တို ဘာလ(၃၁)ရက္မွစတင္ေသာ အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔၏ Vigilant Storm အမည္ရွိ စစ္ေရးေလ့က်င့္မႈမ်ားၿပီးဆုံးခ်ိန္တြင္ ပစ္ခတ္မႈမ်ားထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါ Vigilant Storm အမည္ရွိ ပူးတြဲစစ္ေရးေလ့ က်င့္မႈတြင္ စစ္ေလယာဥ္အစီးေပါင္း(၂၄ဝ)ႏွင့္အေမရိကန္၏ မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္ B-1B ႏွစ္စင္းပါဝင္ေၾကာင္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးကေျပာၾကားခဲ့သည္။

အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈတြင္ B-1B ဗုံးႀကဲေလယာဥ္မ်ားကို (၂ဝ၁၇)ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္ျဖန႔္က်က္ထားျခင္းျဖစ္ၿပီး ေျမာက္ကိုရီးယား၏ရန္စမႈမ်ားကို ျပတ္ျပတ္သားသားတုံ႔ျပန္ရန္ ေတာင္ကိုရီးယားႏွင့္အေမရိကန္တို႔၏ ပူးေပါင္းကာကြယ္ေရးစြမ္းရည္ႏွင့္ ဆုံးျဖတ္ခ်က္မ်ားကို ျပသရန္အတြက္လည္းျဖစ္ေၾကာင္းသိရသည္။

ေျမာက္ကိုရီးယားသည္ အေမရိကန္ႏွင့္‌ေတာင္ကိုရီးယားတို႔၏ အႀကီးမားဆုံးေလ ေၾကာင္းဆိုင္ရာ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ရပ္တန႔္ရန္ ေတာင္းဆိုမႈမ်ားရွိခဲ့ေၾကာင္းလည္းသိရသည္။ ႏိုဝင္ဘာလ(၄)ရက္က ေတာင္ကိုရီးယားႏွင့္ေျမာက္ကိုရီးယားႏွစ္ႏိုင္ငံနယ္စပ္သို႔ ေျမာက္ကိုရီးယား၏ တိုက္ေလယာဥ္အစီး(၁၈ဝ)ခန႔္ ပ်ံတက္လာၿပီးေနာက္ တုံ႔ျပန္မႈအျဖစ္ ေတာင္ကိုရီးယား၏တိုက္ေလယာဥ္မ်ားကို ေဝဟင္သို႔ေစလႊတ္ခဲ့ရေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားသည္ ႏိုဝင္ဘာလ (၃)ရက္က စံခ်ိန္တင္ ဒုံးက်ည္(၂၃)စင္းပစ္လႊတ္ခဲ့ၿပီး ဒုံးက်ည္တစ္စင္းသည္ ပထမဆုံးအႀကိမ္ ေတာင္ကိုရီးယားကမ္း႐ိုးတန္းဖက္သို႔ က်သြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.