ယူကရိန်း ဒုံးကျည်စက်ရုံများကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ဆို

 641

ဖြိုးခန့် (NP News) - နိုဝင်ဘာ ၆

ရုရှားလေတပ်သည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒုံးကျည်ထုတ်လုပ်သော စက်ရုံများနှင့် ကြေးစားစစ်သားများ၏ ဌာနချုပ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားလေတပ်သည် ပါဘလိုဂရက်ရှိ ဒုံးကျည်ထုတ်လုပ်သော စက်ရုံနှင့် ဒုံးကျည်များတွင် အသုံးပြုသော ခဲယမ်းမီးကျောက်များထုတ်လုပ်သည့် ခါကော့ဗ်မြို့ရှိ အထပ်သုံးထပ်ရှိသော Kommunar စက်ရုံတို့ကို ဒုံးကျည်များဖြင့်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၄)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ရုရှားလေယာဉ်များနှင့် မြေပြင်တပ်ဖွဲ့ဝင်များသည် ကွပ်ကဲမှုစင်တာ(၅) ခုကိုတိုက်ခိုက်ခဲ့ပြီး တောင်ပိုင်းမြို့ နီကိုလေ့ဗ်အနီးရှိ ကြေးစားစစ်သားများ၏ ဌာနချုပ်ထဲမှ တစ်ခုကို ဒုံးကျည်များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အမေရိကန်ထုတ် M142 HIMARS လောင်ချာများမှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည် (၉)စင်းနှင့် BM-27 Uragan စနစ်မှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သုံးစင်းတို့သည် ရုရှားနှင့်မကြာသေးမီကပေါင်းစည်းခဲ့သည့် ခါဆွန်ဒေသရှိ ဝေဟင်တွင် ဖျက်ဆီးခံခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။ ရုရှားသည် ပြီးခဲ့သည့်လအတွင်း ကိယက်ဗ်မြို့နှင့် ယူကရိန်းရှိအခြားနေရာများအား ဒုံးကျည်များဖြင့်တိုက် ခိုက်မှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ရုရှားသည် ယူကရိန်းရှိ အခြားပစ်မှတ်များ၊ ဓါတ်အားပေးစက်ရုံများနှင့် ဓါတ်အားလိုင်းများကို ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူကရိန်းသည် ရုရှားပြည်မကြီးနှင့် ခရိုင်းမီးယားဒေသကိုဆက်သွယ်ပေးထားသော တံတားပေါ်တွင် ထရပ်ကားဗုံးခွဲမှုနှင့် ရုရှားမြေပေါ်တွင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောဆိုခဲ့သည်။

zawgyi version
ယူကရိန္း ဒုံးက်ည္စက္႐ုံမ်ားကို ပစ္ခတ္ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ဆို
ၿဖိဳးခန္႔ (NP News) - ႏိုဝင္ဘာ ၆

႐ုရွားေလတပ္သည္ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းရွိ ဒုံးက်ည္ထုတ္လုပ္ေသာ စက္႐ုံမ်ားႏွင့္ ေၾကးစားစစ္သားမ်ား၏ ဌာနခ်ဳပ္မ်ားကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

႐ုရွားေလတပ္သည္ ပါဘလိုဂရက္ရွိ ဒုံးက်ည္ထုတ္လုပ္ေသာ စက္႐ုံႏွင့္ ဒုံးက်ည္မ်ားတြင္ အသုံးျပဳေသာ ခဲယမ္းမီးေက်ာက္မ်ားထုတ္လုပ္သည့္ ခါေကာ့ဗ္ၿမိဳ႕ရွိ အထပ္သုံးထပ္ရွိေသာ Kommunar စက္႐ုံတို႔ကို ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ (၄)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ႐ုရွားေလယာဥ္မ်ားႏွင့္ ေျမျပင္တပ္ဖြဲ႕ဝင္မ်ားသည္ ကြပ္ကဲမႈစင္တာ(၅) ခုကိုတိုက္ခိုက္ခဲ့ၿပီး ေတာင္ပိုင္းၿမိဳ႕ နီကိုေလ့ဗ္အနီးရွိ ေၾကးစားစစ္သားမ်ား၏ ဌာနခ်ဳပ္ထဲမွ တစ္ခုကို ဒုံးက်ည္မ်ားျဖင့္ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။

အေမရိကန္ထုတ္ M142 HIMARS ေလာင္ခ်ာမ်ားမွ ပစ္လႊတ္ခဲ့သည့္ ဒုံးက်ည္ (၉)စင္းႏွင့္ BM-27 Uragan စနစ္မွ ပစ္လႊတ္ခဲ့သည့္ ဒုံးက်ည္သုံးစင္းတို႔သည္ ႐ုရွားႏွင့္မၾကာေသးမီကေပါင္းစည္းခဲ့သည့္ ခါဆြန္ေဒသရွိ ေဝဟင္တြင္ ဖ်က္ဆီးခံခဲ့ရေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေျပာဆိုခဲ့သည္။ ႐ုရွားသည္ ၿပီးခဲ့သည့္လအတြင္း ကိယက္ဗ္ၿမိဳ႕ႏွင့္ ယူကရိန္းရွိအျခားေနရာမ်ားအား ဒုံးက်ည္မ်ားျဖင့္တိုက္ ခိုက္မႈကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ႐ုရွားသည္ ယူကရိန္းရွိ အျခားပစ္မွတ္မ်ား၊ ဓါတ္အားေပးစက္႐ုံမ်ားႏွင့္ ဓါတ္အားလိုင္းမ်ားကို ဒုံးက်ည္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ယူကရိန္းသည္ ႐ုရွားျပည္မႀကီးႏွင့္ ခ႐ိုင္းမီးယားေဒသကိုဆက္သြယ္ေပးထားေသာ တံတားေပၚတြင္ ထရပ္ကားဗုံးခြဲမႈႏွင့္ ႐ုရွားေျမေပၚတြင္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ လက္တုံ႔ျပန္သည့္အေနျဖင့္ တိုက္ခိုက္မႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.