မိုင်းခွဲဖျက်ဆီးခံရသော တာဝါတိုင်များအား ပြုပြင်မှုများဆောင်ရွက်နေချိန်အတွင်း တိုက်ခိုက်ခံရမှုများကြောင့် ဝန်ထမ်းသေဆုံးမှုများရှိကြောင်း ဝန်ကြီးဌာနထုတ်ပြန်

 836

NP News - နိုဝင်ဘာ ၆

အကြမ်းဖက်သမားများ၏ မိုင်းခွဲဖျက်ဆီးခြင်းခံထားရသော တာဝါတိုင်(၄ဝ)ကျော်အား လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ပြုပြင်မှုများဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြီးခဲ့သည့် နိုဝင်ဘာလ(၅)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပို့လွှတ်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသောဓာတ်အားလိုင်းများဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးနေသော (၁၃၂) ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်ကို နိုဝင်ဘာလ(၃)ရက်၊ ည(၈)နာရီအချိန်ခန့်တွင် အကြမ်းဖက်များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိုင်းခွဲဖျက်ဆီးမှုကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ် စစ်ဓာတ်အား(၇ဝ)မဂ္ဂါဝပ် လျော့နည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် လများတွင်လည်း အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးမှုများရှိခဲ့သည်။

အဆိုပါဖျက်ဆီးမှုများမှာ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှထွက်ရှိသည့် စုစုပေါင်းဓာတ်အား(၂၄ဝ) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများဖြစ်ကြသော (၂၃ဝ)ကေဗွီ ဘီလူးချောင်း(၂)- ရွှေမြို့မဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၅)တိုင်အား (၆)ကြိမ်၊ (၂၃ဝ)ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်(၆)တိုင်အား (၄)ကြိမ်၊ (၁၃၂)ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင်(၂၁) တိုင်အား (၇)ကြိမ် အသီးသီးဖျက်ဆီးခဲ့ခြင်းကြောင့် လျှပ်စစ်ဝန်ကြီးဌာနမှ တပ်မ တော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအား အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ် အချိန်များတွင်လည်း တိုက်ခိုက်ခံရမှုများရှိခဲ့သဖြင့် လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်းများတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
မိုင္းခြဲဖ်က္ဆီးခံရေသာ တာဝါတိုင္မ်ားအား ျပဳျပင္မႈမ်ားေဆာင္႐ြက္ေနခ်ိန္အတြင္း တိုက္ခိုက္ခံရမႈမ်ားေၾကာင့္ ဝန္ထမ္းေသဆုံးမႈမ်ားရွိေၾကာင္း ဝန္ႀကီးဌာနထုတ္ျပန္
NP News - ႏိုဝင္ဘာ ၆

အၾကမ္းဖက္သမားမ်ား၏ မိုင္းခြဲဖ်က္ဆီးျခင္းခံထားရေသာ တာဝါတိုင္(၄ဝ)ေက်ာ္အား လွ်ပ္စစ္ဝန္ႀကီးဌာနအေနျဖင့္ ျပဳျပင္မႈမ်ားဆက္လက္ လုပ္ေဆာင္ေနေၾကာင္း သတင္းရရွိသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၅)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ဝန္ႀကီးဌာနအေနျဖင့္ ျပည္သူမ်ားအတြက္ လိုအပ္လ်က္ရွိေသာ လွ်ပ္စစ္ဓာတ္အားမ်ားကို ျပည့္မီစြာျဖည့္ဆည္းေပးႏိုင္ရန္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားကို တိုးခ်ဲ႕တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရွိထုတ္လုပ္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိလာသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကိုလည္း ျပည္သူမ်ားထံသို႔ ပို႔လႊတ္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဝန္ႀကီးဌာနအေနျဖင့္ မဟာဓာတ္အားလိုင္းမ်ားႏွင့္ အမ်ိဳးမ်ိဳးေသာဓာတ္အားလိုင္းမ်ားျဖင့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ျဖန႔္ျဖဴးေပးလ်က္ရွိရာ ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ လွ်ပ္စစ္ဓာတ္အားကို ပို႔လႊတ္ေပးေနေသာ (၁၃၂) ေကဗြီ ဘီလူးေခ်ာင္း(၂)-တီက်စ္ ႏွစ္ထပ္ဓာတ္အားလိုင္း၏ တာဝါတိုင္(၂)တိုင္ကို ႏိုဝင္ဘာလ(၃)ရက္၊ ည(၈)နာရီအခ်ိန္ခန႔္တြင္ အၾကမ္းဖက္မ်ားက မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ပို႔လႊတ္ေပးလ်က္ရွိသည့္ လွ်ပ္ စစ္ဓာတ္အား(၇ဝ)မဂၢါဝပ္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ လမ်ားတြင္လည္း အၾကမ္းဖက္သမားမ်ားအေနျဖင့္ အမ်ားျပည္သူသို႔ ျဖန႔္ျဖဴးေပးလ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ားကို မိုင္းခြဲဖ်က္ဆီးမႈမ်ားရွိခဲ့သည္။

အဆိုပါဖ်က္ဆီးမႈမ်ားမွာ ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံမွထြက္ရွိသည့္ စုစုေပါင္းဓာတ္အား(၂၄ဝ) မဂၢါဝပ္ကို ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ပို႔လႊတ္ ေပးလ်က္ရွိသည့္ ဓာတ္အားလိုင္းမ်ားျဖစ္ၾကေသာ (၂၃ဝ)ေကဗြီ ဘီလူးေခ်ာင္း(၂)- ေ႐ႊၿမိဳ႕မဟာဓာတ္အားလိုင္းမွ တာဝါတိုင္(၅)တိုင္အား (၆)ႀကိမ္၊ (၂၃ဝ)ေကဗြီ ဘီလူးေခ်ာင္း(၂)-ေတာင္ငူ မဟာဓာတ္အားလိုင္းမွ တာဝါတိုင္(၆)တိုင္အား (၄)ႀကိမ္၊ (၁၃၂)ေကဗြီ ဘီလူးေခ်ာင္း (၂)-တီက်စ္ ႏွစ္ထပ္ဓာတ္အားလိုင္းမွ တာဝါတိုင္(၂၁) တိုင္အား (၇)ႀကိမ္ အသီးသီးဖ်က္ဆီးခဲ့ျခင္းေၾကာင့္ လွ်ပ္စစ္ဝန္ႀကီးဌာနမွ တပ္မ ေတာ္ႏွင့္ပူးေပါင္း၍ အႀကိမ္ႀကိမ္ျပဳျပင္မႈမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ေဖာက္ခြဲဖ်က္ဆီးခံရမႈမ်ားအား အႀကိမ္ႀကိမ္ျပဳျပင္ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေနစဥ္ အခ်ိန္မ်ားတြင္လည္း တိုက္ခိုက္ခံရမႈမ်ားရွိခဲ့သျဖင့္ လွ်ပ္စစ္ဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားတြင္ ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားလည္း ရွိခဲ့ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.