ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများ ခွင့်ပြုထားသော်လည်း လက်နက်ကိုင်အဖွဲ့များ၏ နှောက်ယှက်မှုကြောင့် မဆောင်ရွက်နိုင်ဖြစ်နေဟုဆို

 1118

မျိုးကြီး (NP News) - နိုဝင်ဘာ ၆

ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများ ခွင့်ပြုထားပြီးဖြစ်သော်လည်း လက်နက် ကိုင်အဖွဲ့များ၏နှောက်ယှက်မှုကြောင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၅ ရက်တွင် တနင်္သာရီ တိုင်း၊ မြိတ်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် အရေးကြီးပြီး မြိတ်ဒေသတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်၍ရနိုင်ကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံ တော်မှ စီမံဆောင်ရွက်နေကြောင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ခွင့်ပြုထားပြီးဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ နှောက်ယှက်မှုများကြောင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့နှောက်ယှက်နေမှုများကြောင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခကာလအတွင်း မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသော တာဝါတိုင်(၄ဝ) ကျော်ရှိကြောင်းသိရပြီး ဖမ်းဆီးခံခဲ့ရသည့် လျှပ်စစ်ဝန်ထမ်းများလည်း ရှိနေကြောင်း သိရသည်။

ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းအပါအဝင် စီမံကိန်း(၆)ခုမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၃ဝဝ ကျော်ကို လာမည့်(၃)နှစ်အတွင်း စီမံကိန်းများပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ နစကအနေဖြင့် တနင်္သာရီမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံ ကိန်း(၄)ခု အကောင်အထည်ဖော်ရေး ပဏာမစူးစမ်းလေ့လာမှုများဆောင်ရွက်ရန် ပြည်တွင်းလုပ်ငန်းရှင်များကို ပြီးခဲ့သော သြဂုတ်လအတွင်းက ဖိတ်ခေါ်ထားကြောင်း တွေ့ရသည်။

zawgyi version
ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးစီမံကိန္းမ်ား ခြင့္ျပဳထားေသာ္လည္း လက္နက္ကိုင္အဖြဲ႕မ်ား၏ ေႏွာက္ယွက္မႈေၾကာင့္ မေဆာင္႐ြက္ႏိုင္ျဖစ္ေနဟုဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၆

ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးစီမံကိန္းမ်ား ခြင့္ျပဳထားၿပီးျဖစ္ေသာ္လည္း လက္နက္ ကိုင္အဖြဲ႕မ်ား၏ေႏွာက္ယွက္မႈေၾကာင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ျခင္းမရွိေသးေၾကာင္း နစကဥကၠ႒က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ ၅ ရက္တြင္ တနသၤာရီ တိုင္း၊ ၿမိတ္ခ႐ိုင္အတြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္သည္ အေရးႀကီးၿပီး ၿမိတ္ေဒသတြင္ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းကို ေဆာင္႐ြက္၍ရႏိုင္ေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားအတြက္ လိုအပ္ေသာ လွ်ပ္စစ္ဓာတ္အားရရွိေရး ႏိုင္ငံ ေတာ္မွ စီမံေဆာင္႐ြက္ေနေၾကာင္းႏွင့္ ေရအားလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရးအတြက္ ခြင့္ျပဳထားၿပီးျဖစ္ေသာ္လည္း လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ေႏွာက္ယွက္မႈမ်ားေၾကာင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ျခင္းမရွိေသးေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ေႏွာက္ယွက္ေနမႈမ်ားေၾကာင့္ ျပည္သူမ်ားအတြက္ ထိခိုက္နစ္နာမႈရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုထားသည္။

လက္ရွိ ျမန္မာႏိုင္ငံ၌ ျဖစ္ပြားေနဆဲ ႏိုင္ငံေရးပဋိပကၡကာလအတြင္း မိုင္းခြဲဖ်က္ဆီးျခင္းခံခဲ့ရေသာ တာဝါတိုင္(၄ဝ) ေက်ာ္ရွိေၾကာင္းသိရၿပီး ဖမ္းဆီးခံခဲ့ရသည့္ လွ်ပ္စစ္ဝန္ထမ္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။

ေ႐ႊလီ(၃)ေရအားလွ်ပ္စစ္စီမံကိန္းအပါအဝင္ စီမံကိန္း(၆)ခုမွ လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၁၃ဝဝ ေက်ာ္ကို လာမည့္(၃)ႏွစ္အတြင္း စီမံကိန္းမ်ားၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရွိ နစကအေနျဖင့္ တနသၤာရီျမစ္ဝွမ္းအတြင္း ေရအားလွ်ပ္စစ္စီမံ ကိန္း(၄)ခု အေကာင္အထည္ေဖာ္ေရး ပဏာမစူးစမ္းေလ့လာမႈမ်ားေဆာင္႐ြက္ရန္ ျပည္တြင္းလုပ္ငန္းရွင္မ်ားကို ၿပီးခဲ့ေသာ ၾသဂုတ္လအတြင္းက ဖိတ္ေခၚထားေၾကာင္း ေတြ႕ရသည္။

Picture

Ko Moe

06/11/2022 12:18

အထင်ကရ သတင်းဌါနတွေကိုယ်တိုင်က မစွမ်းတာလား ကမ္ဘာကျော် သတင်းဌါနတွေကိုယ်တိုင်က မျက်နှာ လိုက်နေကြတာလား ဆိုတာ ရှင်းပါတယ်ဗျာ

Picture

Ko Moe

06/11/2022 12:21

ထိရောက်သော ပြန်ကြားရေးအဖြစ် ပိုမိုချဲ့ထွင်ကြသင့်ပါတယ်ဗျာ။

Related news

© 2021. All rights reserved.