အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးပြဿနာများနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတအသစ် ဆွေးနွေးမယ်

 629

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာဟာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် အကြိမ် ၄ဝ မြောက် နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံထိပ်သီးခေါင်းဆောင်များနဲ့တွေ့ဆုံကာ မြန်မာနိုင်ငံရေးအခက်အခဲတို့နဲ့ပတ်သက်ပြီး အဓိကထားတွေ့ဆုံသွားဖွယ်ရှိနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဒန်နီရယ်လ် အက်ပီရီတူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

၄င်းက ဖိလစ်ပိုင်သမ္မတ မာကိုစ့်ဟာ အာဆီယံထိပ်သီးခေါင်းဆောင်များနဲ့အတူ နစကနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

၄င်းက "ဖိလစ်ပိုင်သမ္မတဟာ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးရမယ့်ကိစ္စ တွေ့ရှိနေပါတယ်။ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေပါတယ်။ တိကျတဲ့အဆိုပြုချက်တွေ
လုပ်ဖို့ ရှိနေပါတယ်။ သမ္မတဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အာဆီယံထိပ်သီးခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းလုပ်ဆောင်မှာဖြစ်လို့ လက်ရှိအချိန်မှာ ကြိုတင်မပြောတာကောင်းမယ်ထင်ပါတယ်" လို့ပြောပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့လုပ်ဆောင်ထားတဲ့ အာဆီယံသဘောတူညီချက်များ အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး နစကကို တိုက်တွန်းတောင်းဆိုလျက်ရှိနေတယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ဖို့ နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်ကို ခေါ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ မြန်မာစစ်တပ်ကိုယ်စားလှယ်များနဲ့ စေ့စပ်ဆွေးနွေးတာမျိုးဖြစ်သင့်ကြောင်း ပြီးခဲ့တဲ့လမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက တိုက်တွန်းပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း အာဆီယံသဘောတူညီချက်ငါးချက်ကို တွန်းအားပေးဆောင်ရွက်ဖို့ အကြံပြုတောင်းဆိုတာမျိုးတွေလည်းရှိနေခဲ့ကြောင်း ဒန်နီရယ်လ် အက်ပီရီတူက ပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး နိုဝင်ဘာ ၁ဝ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
အာဆီယံထိပ္သီးအစည္းအေဝးအတြင္း ျမန္မာႏိုင္ငံေရးျပႆနာမ်ားနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္သမၼတအသစ္ ေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာဟာ လာမယ့္ရက္ပိုင္းအတြင္း က်င္းပေတာ့မယ့္ အႀကိမ္ ၄ဝ ေျမာက္ နဲ႔ ၄၁ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးအတြင္း အာဆီယံထိပ္သီးေခါင္းေဆာင္မ်ားနဲ႔ေတြ႕ဆုံကာ ျမန္မာႏိုင္ငံေရးအခက္အခဲတို႔နဲ႔ပတ္သက္ၿပီး အဓိကထားေတြ႕ဆုံသြားဖြယ္ရွိေနေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အရာရွိတစ္ဦးျဖစ္တဲ့ ဒန္နီရယ္လ္ အက္ပီရီတူဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲအတြင္း အခုလိုမ်ိဳးထည့္သြင္းေျပာဆိုလိုက္ျခင္းျဖစ္တယ္လို႔ ဖိလစ္ပိုင္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

၄င္းက ဖိလစ္ပိုင္သမၼတ မာကိုစ့္ဟာ အာဆီယံထိပ္သီးေခါင္းေဆာင္မ်ားနဲ႔အတူ နစကနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔ လိုလားေနတယ္လို႔ ဆိုပါတယ္။

၄င္းက "ဖိလစ္ပိုင္သမၼတဟာ အာဆီယံထိပ္သီးအစည္းအေဝးမွာ ေဆြးေႏြးရမယ့္ကိစၥ ေတြ႕ရွိေနပါတယ္။ ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔ရွိေနပါတယ္။ တိက်တဲ့အဆိုျပဳခ်က္ေတြ
လုပ္ဖို႔ ရွိေနပါတယ္။ သမၼတဟာ ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး အာဆီယံထိပ္သီးေခါင္းေဆာင္မ်ားနဲ႔ေတြ႕ဆုံေဆြးေႏြးၿပီး ပူးေပါင္းလုပ္ေဆာင္မွာျဖစ္လို႔ လက္ရွိအခ်ိန္မွာ ႀကိဳတင္မေျပာတာေကာင္းမယ္ထင္ပါတယ္" လို႔ေျပာပါတယ္။

အာဆီယံဟာ ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းဖို႔လုပ္ေဆာင္ထားတဲ့ အာဆီယံသေဘာတူညီခ်က္မ်ား အေကာင္အထည္ေဖာ္ေရးနဲ႔ပတ္သက္ၿပီး နစကကို တိုက္တြန္းေတာင္းဆိုလ်က္ရွိေနတယ္လို႔ သိရပါတယ္။

အာဆီယံအဖြဲ႕ဟာ ျမန္မာႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ဖို႔ နဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔ ျမန္မာႏိုင္ငံကို ေတြ႕ဆုံေဆြးေႏြးေရး စားပြဲဝိုင္းေပၚကို ေခၚေဆာင္ႏိုင္ျခင္းမရွိခဲ့ေၾကာင္း၊ ျမန္မာစစ္တပ္ကိုယ္စားလွယ္မ်ားနဲ႔ ေစ့စပ္ေဆြးေႏြးတာမ်ိဳးျဖစ္သင့္ေၾကာင္း ၿပီးခဲ့တဲ့လမွာ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာက တိုက္တြန္းေျပာဆိုခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့လက အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာက်င္းပခဲ့တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအတြင္း အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို တြန္းအားေပးေဆာင္႐ြက္ဖို႔ အႀကံျပဳေတာင္းဆိုတာမ်ိဳးေတြလည္းရွိေနခဲ့ေၾကာင္း ဒန္နီရယ္လ္ အက္ပီရီတူက ေျပာပါတယ္။ အာဆီယံထိပ္သီးအစည္းအေဝးကို ကေမာၻဒီးယားႏိုင္ငံကအိမ္ရွင္အျဖစ္ လက္ခံက်င္းပမွာျဖစ္ၿပီး ႏိုဝင္ဘာ ၁ဝ ရက္ေန႔ကေန ၁၃ ရက္ေန႔အထိ က်င္းပသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.