ဆော်ဒီအာရေဗျကို အီရန်တိုက်ဖို့ စီစဉ်နေတယ်လို့သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံထံ စစ်လေယာဉ်များ စေလွှတ်ပျံသန်းခဲ့

 2095

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

အီရန်ဟာ ဆော်ဒီအာရေဗျကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများနဲ့တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲမှုများထွက်ပေါ်ခဲ့ ပြီးနောက် အမေရိကန်ဟာ အီရန်နိုင်ငံထံ စစ်လေယာဉ်များစေလွှတ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် The Washington Post က ဖော်ပြထားပါတယ်။

အမေရိကန်စစ်ဘက်ထိန်းချုပ်ရေးစင်တာဟာ ပါရှန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းက စစ်လေယာဉ်တွေကို အီရန်နိုင်ငံဘက်ဆီ စေလွှတ်ပျံသန်းစေခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆော်ဒီအာရေဗျ ထောက်လှမ်းရေးအဖွဲ့က အီရန်ဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိပိုင်နက်များကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းအချက်လက်တွေကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့တို့ထံ မျှဝေခဲ့တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံဘက်ဆီ အမေရိကန်တိုက်လေယာဉ်များ ပျံသန်းသွားခြင်းဟာ အမေရိကန် နဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား ဆက်ဆံရေးအတွက် အဓိကအရေးပါမှုတစ်ခုဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်နာနီကတော့ အနောက်အုပ်စုနိုင်ငံတွေဟာအီရန် ဆန့်ကျင်ရေးအရှိန်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။

အီရန်ဟာ ဒေသတွင်းရှိ နိုင်ငံများနဲ့အတူ အပြုသဘောဆောင်တဲ့ဆက်ဆံမှုများနဲ့ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်၊ လုံခြုံရေးကောင်းမွန်အောင်လုပ်ဖို့ပဲ စဉ်းစားလျက်ရှိနေတယ်လို့ ဆိုထားပါတယ်။ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အိုပက် ရေနံထုတ်လုပ်ရေးအဖွဲ့ဟာ တစ်ရက်ကိုရေနံစည်ပေါင်း ၂ သန်း လျော့ချထုတ်လုပ်ဖို့ ဆုံးဖြတ် ခဲ့ပြီးနောက် အမေရိကန်ဟာ ၄င်းရဲ့တောင်းဆိုချက်ကိုမလိုက်နာတဲ့အတွက် ဆော်ဒီအာရေဗျနဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်နေတယ်လို့လည်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။

အီရန်ဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲမှာလည်း ရုရှားကို ဒုံးကျည်များနဲ့ ဒရုန်းများ ကူညီထောက်ပံ့ပေးမှု တွေရှိနေခဲ့တယ်လို့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများက မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

Zawgyi Version;
ေဆာ္ဒီအာေရဗ်ကို အီရန္တိုက္ဖို႔ စီစဥ္ေနတယ္လို႔သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ အေမရိကန္က အီရန္ႏိုင္ငံထံ စစ္ေလယာဥ္မ်ား ေစလႊတ္ပ်ံသန္းခဲ့
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

အီရန္ဟာ ေဆာ္ဒီအာေရဗ်ကို ပဲ့ထိန္းဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ဖို႔ စီစဥ္ေနတယ္လို႔ စြပ္စြဲမႈမ်ားထြက္ေပၚခဲ့ ၿပီးေနာက္ အေမရိကန္ဟာ အီရန္ႏိုင္ငံထံ စစ္ေလယာဥ္မ်ားေစလႊတ္ခဲ့ေၾကာင္း အေမရိကန္အေျခစိုက္ The Washington Post က ေဖာ္ျပထားပါတယ္။

အေမရိကန္စစ္ဘက္ထိန္းခ်ဳပ္ေရးစင္တာဟာ ပါရွန္ပင္လယ္ေကြ႕အတြင္းရွိ အေမရိကန္ေလတပ္အေျခစိုက္စခန္းက စစ္ေလယာဥ္ေတြကို အီရန္ႏိုင္ငံဘက္ဆီ ေစလႊတ္ပ်ံသန္းေစခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ေဆာ္ဒီအာေရဗ် ေထာက္လွမ္းေရးအဖြဲ႕က အီရန္ဟာ ေဆာ္ဒီအာေရဗ်ႏိုင္ငံအတြင္းရွိပိုင္နက္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့သတင္းအခ်က္လက္ေတြကို အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕တို႔ထံ မွ်ေဝခဲ့တယ္လို႔ သိရပါတယ္။

အီရန္ႏိုင္ငံဘက္ဆီ အေမရိကန္တိုက္ေလယာဥ္မ်ား ပ်ံသန္းသြားျခင္းဟာ အေမရိကန္ နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံၾကား ဆက္ဆံေရးအတြက္ အဓိကအေရးပါမႈတစ္ခုျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ကန္နာနီကေတာ့ အေနာက္အုပ္စုႏိုင္ငံေတြဟာအီရန္ ဆန႔္က်င္ေရးအရွိန္ကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္လ်က္ရွိေနေၾကာင္း ဆိုခဲ့ပါတယ္။

အီရန္ဟာ ေဒသတြင္းရွိ ႏိုင္ငံမ်ားနဲ႔အတူ အျပဳသေဘာေဆာင္တဲ့ဆက္ဆံမႈမ်ားနဲ႔ အေရွ႕အလယ္ပိုင္းေဒသ တည္ၿငိမ္၊ လုံၿခဳံေရးေကာင္းမြန္ေအာင္လုပ္ဖို႔ပဲ စဥ္းစားလ်က္ရွိေနတယ္လို႔ ဆိုထားပါတယ္။ ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ အိုပက္ ေရနံထုတ္လုပ္ေရးအဖြဲ႕ဟာ တစ္ရက္ကိုေရနံစည္ေပါင္း ၂ သန္း ေလ်ာ့ခ်ထုတ္လုပ္ဖို႔ ဆုံးျဖတ္ ခဲ့ၿပီးေနာက္ အေမရိကန္ဟာ ၄င္းရဲ႕ေတာင္းဆိုခ်က္ကိုမလိုက္နာတဲ့အတြက္ ေဆာ္ဒီအာေရဗ်နဲ႔ဆက္ဆံေရးကို ျပန္လည္သုံးသပ္ေနတယ္လို႔လည္း မၾကာေသးမီက သတင္းမ်ားထြက္ေပၚခဲ့ဖူးပါတယ္။

အီရန္ဟာ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲမွာလည္း ႐ုရွားကို ဒုံးက်ည္မ်ားနဲ႔ ဒ႐ုန္းမ်ား ကူညီေထာက္ပံ့ေပးမႈ ေတြရွိေနခဲ့တယ္လို႔ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားက မၾကာေသးမီက သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။

Picture

Ko Moe

06/11/2022 14:56

ဆော်ဒီ သူ့ဘက်မပါတော့မှာကို ကြောက်နေသော အမေရီးကန်တဲ့ နိုင်ငံ

Picture

Ko Moe

06/11/2022 15:00

ပွင့်လင်းရိုးသားမှူ့မရှိသော အမေရိကန်ဟာ ငပွရာထူး ကုလသမဂ္ဂ အိမ်ရှင်ရာထူးနဲ့ အလုပ်ဖြစ်နေခဲ့ကြတာပါ။ဂျပန်ဟာ အမေရိကန်ကို လက်စားချေသင့်ပြီ ဖြစ်သလို ဂျာမဏီလည်း ထိုသို့ဖြစ်ပါတယ်။ကုလသမဂ္ဂမှာ အမေရိကန်ဟာ အခွင့်အရေးရခဲ့တာဟာ ဂျပန်ကို နူကျဲခဲ့တာကြောင့်ပါပဲ။ဂျပန်သာ တရူတ်နဲ့ တည့်သွားရင် သို့မဟုတ် ဂျာမဏီသာ ရုရှားနဲ့တည့်သွားရင် အမေရိကန်ဟာ ခွေးဖြစ်ပါပြီ။

Related news

© 2021. All rights reserved.