ကမ္ဘာကျော်လူမှုကွန်ရက်နဲ့ပိုင်ရှင်ဖြစ်သူ အီလွန်မတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြစ်တင်ဝေဖန်

 985

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကမ္ဘာကျော်တွစ်တာ လူမှုကွန်ရက်နဲ့ တွစ်တာပိုင်ရှင်ဖြစ်သူ အီလွန်မတ်တို့ကို ဝေဖန်ပြစ်တင်လိုက်တယ်လို့ သိရပါတယ်။

အီလွန်မတ်ဟာ ကမ္ဘာကျော်လူမှုကွန်ရက်ဖြစ်တဲ့တွစ်တာကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘာတဝှမ်းကို မုသားများ ဖြန့်ဝေဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အီလွန်မတ်ဟာ တွစ်တာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မကြာမီရက်ပိုင်းမှာပဲ ကမ္ဘာတဝှမ်းရှိ တွစ်တာရဲ့ဝန်ထမ်း ထောင်ချီကို ရာထူးကနေ ထုတ်ပယ်ခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်ပြစ်တင်လိုက်ခြင်း ဖြစ်ပါတယ်။

အီလွန်မတ်ဟာ တွစ်တာကို ဝယ်ယူခဲ့ပြီးနောက် အသုံးစရိတ်များလျော့ချနိုင်ဖို့ရည်ရွယ်ချက်နဲ့ ကမ္ဘာတဝှမ်းရှိ ၀န်ထမ်းထောင်ချီကို ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ အ‌မေရိကန်နိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်နေတဲ့ တွစ်တာ ဝန်ထမ်းတွေလည်း ထုတ်ပယ်ခံရမှုတွေထဲ ပါဝင်ခဲ့ပါ တယ်။

အမေရိကန်သမ္မတက "အီလွန်မတ်ဟာ ဝန်ထမ်းတွေကိုထုတ်ပယ်ပြီး ကမ္ဘာတဝှမ်းမှာ မုသားတွေ၊ လိမ်လည်မှုတွေ ဖြစ်စေဖို့ လုပ်နေတယ်။ အမေရိကန်မှာ လူမှုကွန်ရက်နဲ့ပတ်သက်တဲ့ တည်းဖြတ်အယ်ဒီတာတွေ မရှိတော့ဘူး" လို့ ပြောပါတယ်။

အမေရိကန်သမ္မတဟာ လူမှုကွန်ရက်တွေမှာ မမှန်သတင်းဖြန့်ဝေမှု နဲ့ အမုန်းတရားပျံ့နှံအောင် လုပ်ဆောင်တာ တွေ လျော့ချစေဖို့ အဓိကအရေးကြီးတဲ့အချက်ကို ရည်ရွယ်ပြောဆိုလိုက်ခြင်းမျိုးလည်းဖြစ်ကြောင်း အမေရိကန် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အကြီးအကဲ က ပြောပါတယ်။ တွစ်တာနဲ့ Facebook အပါအဝင် အခြားလူမှုကွန်ရက်ပလက်ဖောင်းတွေဟာ မမှန်သတင်းများပျံ့နှံစေတဲ့ အဓိကနေရာမျိုးဖြစ်လျက်ရှိနေကြောင်း အမေရိကန်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အကြီးအကဲ က ပြောပါတယ်။

အီလွန်မတ်ဟာ တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ မကြာသေးမီက လွှဲပြောင်းဝယ်ယူခဲ့ပြီးနောက် တွစ်တာလူမှုကွန်ရက်မှာ အမုန်းတရားဖြန့်ဝေမှု၊ လူမျိုးရေးခွဲခြားမှုတွေ မြင့်တက်လာဖွယ်ရှိနေတယ်လို့ လက်ဝဲစွန်း နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်လျက်ရှိနေပါတယ်။

Zawgyi Version;
ကမာၻေက်ာ္လူမႈကြန္ရက္နဲ႔ပိုင္ရွင္ျဖစ္သူ အီလြန္မတ္ကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ျပစ္တင္ေဝဖန္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ကမာၻေက်ာ္တြစ္တာ လူမႈကြန္ရက္နဲ႔ တြစ္တာပိုင္ရွင္ျဖစ္သူ အီလြန္မတ္တို႔ကို ေဝဖန္ျပစ္တင္လိုက္တယ္လို႔ သိရပါတယ္။

အီလြန္မတ္ဟာ ကမာၻေက်ာ္လူမႈကြန္ရက္ျဖစ္တဲ့တြစ္တာကို လႊဲေျပာင္းရယူၿပီးေနာက္ ကမာၻတဝွမ္းကို မုသားမ်ား ျဖန႔္ေဝဖို႔ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္သမၼတ က ေဝဖန္ျပစ္တင္လိုက္ပါတယ္။

အီလြန္မတ္ဟာ တြစ္တာကို လႊဲေျပာင္းရယူခဲ့ၿပီးေနာက္ မၾကာမီရက္ပိုင္းမွာပဲ ကမာၻတဝွမ္းရွိ တြစ္တာရဲ႕ဝန္ထမ္း ေထာင္ခ်ီကို ရာထူးကေန ထုတ္ပယ္ခဲ့မႈနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေဝဖန္ျပစ္တင္လိုက္ျခင္း ျဖစ္ပါတယ္။

အီလြန္မတ္ဟာ တြစ္တာကို ဝယ္ယူခဲ့ၿပီးေနာက္ အသုံးစရိတ္မ်ားေလ်ာ့ခ်ႏိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ ကမာၻတဝွမ္းရွိ ၀န္ထမ္းေထာင္ခ်ီကို ထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ အ‌ေမရိကန္ႏိုင္ငံမွာ လာမယ့္ရက္ပိုင္းအတြင္း က်င္းပမယ့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး လုပ္ေနတဲ့ တြစ္တာ ဝန္ထမ္းေတြလည္း ထုတ္ပယ္ခံရမႈေတြထဲ ပါဝင္ခဲ့ပါ တယ္။

အေမရိကန္သမၼတက "အီလြန္မတ္ဟာ ဝန္ထမ္းေတြကိုထုတ္ပယ္ၿပီး ကမာၻတဝွမ္းမွာ မုသားေတြ၊ လိမ္လည္မႈေတြ ျဖစ္ေစဖို႔ လုပ္ေနတယ္။ အေမရိကန္မွာ လူမႈကြန္ရက္နဲ႔ပတ္သက္တဲ့ တည္းျဖတ္အယ္ဒီတာေတြ မရွိေတာ့ဘူး" လို႔ ေျပာပါတယ္။

အေမရိကန္သမၼတဟာ လူမႈကြန္ရက္ေတြမွာ မမွန္သတင္းျဖန႔္ေဝမႈ နဲ႔ အမုန္းတရားပ်ံ႕ႏွံေအာင္ လုပ္ေဆာင္တာ ေတြ ေလ်ာ့ခ်ေစဖို႔ အဓိကအေရးႀကီးတဲ့အခ်က္ကို ရည္႐ြယ္ေျပာဆိုလိုက္ျခင္းမ်ိဳးလည္းျဖစ္ေၾကာင္း အေမရိကန္ အစိုးရအဖြဲ႕ သတင္းထုတ္ျပန္ေရးအဖြဲ႕အႀကီးအကဲ က ေျပာပါတယ္။ တြစ္တာနဲ႔ Facebook အပါအဝင္ အျခားလူမႈကြန္ရက္ပလက္ေဖာင္းေတြဟာ မမွန္သတင္းမ်ားပ်ံ႕ႏွံေစတဲ့ အဓိကေနရာမ်ိဳးျဖစ္လ်က္ရွိေနေၾကာင္း အေမရိကန္အစိုးရအဖြဲ႕ သတင္းထုတ္ျပန္ေရးအဖြဲ႕အႀကီးအကဲ က ေျပာပါတယ္။

အီလြန္မတ္ဟာ တြစ္တာကို အေမရိကန္ေဒၚလာ ၄၄ ဘီလ်ံနဲ႔ မၾကာေသးမီက လႊဲေျပာင္းဝယ္ယူခဲ့ၿပီးေနာက္ တြစ္တာလူမႈကြန္ရက္မွာ အမုန္းတရားျဖန႔္ေဝမႈ၊ လူမ်ိဳးေရးခြဲျခားမႈေတြ ျမင့္တက္လာဖြယ္ရွိေနတယ္လို႔ လက္ဝဲစြန္း ႏိုင္ငံေရးသမားေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြက ေဝဖန္ျပစ္တင္လ်က္ရွိေနပါတယ္။

Picture

Ko Moe

06/11/2022 14:51

အမေရီးတောင် ကန်ပြစ်သေးတာဗျာ 😜 အချင်းချင်းလည်း လိမ်ပြော ညာပြောနေတာ မဆန်းပါဘူး။အီလွန်မတ်က သူ့စီးပွားရေးကို ဒီမိုကရေစီ ဆန်ဆန် လူများတဲ့နိုင်ငံတွေ မှာ သွားလုပ်နေတာပါပဲ။မင်းတို့ပြောတဲ့ ဒီမိုကရေစီ လေ 😜😜😜ကွန်မြူနစ်စနစ်ထက် ကောင်းပါတယ်ဆို ။ဘာပဲ ပြောပြော မယုံကြည်ဘူးနော် ဒီမိုကရေစီကို မင်းတို့လို သူဌေးနိုင်ငံတွေဟာ ဗီလိမ်စိတ်နဲ့ ဒီမိုကရေစီ လုပ်နေကြရပြီ ဆိုကတည်းက ဒီမိုကရေစီ ပြာကျဖို့ နီးလာခဲ့ပြီ ဖြစ်ပါတယ်။ကမ္ဘာကြီး နောက်ဆုံးနေ့နဲ့နီးလာပါပြီ ဆိုပြီ ဘာသာရေးတွေနဲ့ မလိမ်ကြပါနဲ့ ကွန်မြူစနစ်က မင်းတို့ထက် သာသွားတာကို မျက်ဝါးထင်ထင်မြင်နေကြရလို့ ဘာသာရေးနဲ့ ပတ်မှိူင်းတိုက်နေကြတာပါ။ကွန်မြူနစ်အလှည့်ကို ကုလသမဂ္ဂက ပေးသုံးသင့်ပါပြီ ထောက်ခံသင့်ပါပြီ။အလကား ဒီမိုကရေ လူကောင်းတွေ နည်းလာတဲ့ ခောတ်မှာ လောဘသားတွေ များလာတဲ့ ခောတ်မှာ လီးမှ ဒီမိုကရေစီက ကောင်းအုံးမလား ဂျာမဏီမှာ ခရစ်ယာန်ပါတီ ခေါင်းထောင်ခဲ့တာကို ကြည့်ပါ ။လိုးတဲ့ မှ ဒီမိုကရေစီ ဘာသာရေးကို ခုတုန်းလုပ်တဲ့ ဒီမိုကရေစီပါပဲ။အဲတော့ ဘယ်လိုလုပ်ကြမလဲ ဘုရင်စနစ် ပြန်မရောက်ချင်ရင် ကွန်မြူနစ်စနစ်ပဲ ကျန်တော့တယ် ထင်တာပါပဲ။လွတ်လပ်စွာ ကွဲလွဲပါတယ် ခင်ဗျာ။

Related news

© 2021. All rights reserved.