နစက တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှ ထောက်ပံ့ငွေနှင့်ချေးငွေများရရှိခြင်းမရှိဟု နစကအကြီးအကဲ ဖွင့်ဟပြောဆို

 1731

မျိုးကြီး (NP News) - နိုဝင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှ ထောက်ပံ့ငွေနှင့်ချေးငွေများရရှိခြင်းမရှိဟု နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောဆိုထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၅ ရက်တွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာကုန်သွယ်မှုနှင့်ပတ်သက်၍ အခက်အခဲများကြားမှ ဆောင်ရွက်နေရလျက်ရှိပြီး နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှုပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ယခင်အစိုးရများလက်ထက်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခဲ့သော်လည်း နစကတာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှထောက်ပံ့ငွေနှင့်ချေးငွေများရရှိခြင်း မရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထား သည်။

ဆက်လက်ပြီး နစကအကြီးအကဲက ထိုသို့သော အခက်အခဲများကြားမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ၌ လက်ရှိတွင် နိုင်ငံ့စီးပွားရေးမှာ တိုးတက်သင့်သလောက်တိုးတက်လာခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထိုသို့ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာခဲ့ခြင်းမှာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်၍ ပြည်တွင်းစီးပွားမြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြည်ပမှထောက်ပံ့ကူညီမှုများကို မှီခိုအားထားခဲ့ သည့် နိုင်ငံများအနေဖြင့် စီးပွားရေးအခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ပြီးခဲ့သော ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း နှင့် ပြည်ပထောက်ပံ့ငွေများ၊ ချေးငွေများနှင့် Non Trade များမှရရှိသည့် နိုင်ငံခြားငွေများဖြင့် အဓိကဖြည့်ဆည်းသုံးစွဲခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝေဖန်ထားသည်။

နစကအနေဖြင့် နိုင်ငံ၏ကျဆင်းနေသည့် စီးပွားရေးပြန်လည်မြှင့်တင်ရေးအတွက် ကြိုးပမ်းနေကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးလုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုထားသည်။

zawgyi version
နစက တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ျပည္ပမွ ေထာက္ပံ့ေငြႏွင့္ေခ်းေငြမ်ားရရွိျခင္းမရွိဟု နစကအႀကီးအကဲ ဖြင့္ဟေျပာဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ျပည္ပမွ ေထာက္ပံ့ေငြႏွင့္ေခ်းေငြမ်ားရရွိျခင္းမရွိဟု နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဖြင့္ဟေျပာဆိုထားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ ၅ ရက္တြင္ တနသၤာရီတိုင္း၊ ၿမိတ္ခ႐ိုင္အတြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတကာကုန္သြယ္မႈႏွင့္ပတ္သက္၍ အခက္အခဲမ်ားၾကားမွ ေဆာင္႐ြက္ေနရလ်က္ရွိၿပီး ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ စီးပြားေရးထိခိုက္မႈပင္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ထို႔ျပင္ ယခင္အစိုးရမ်ားလက္ထက္တြင္ ျပည္ပမွေထာက္ပံ့ေငြႏွင့္ ေခ်းေငြမ်ားရရွိခဲ့ေသာ္လည္း နစကတာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ျပည္ပမွေထာက္ပံ့ေငြႏွင့္ေခ်းေငြမ်ားရရွိျခင္း မရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုထား သည္။

ဆက္လက္ၿပီး နစကအႀကီးအကဲက ထိုသို႔ေသာ အခက္အခဲမ်ားၾကားမွ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးအတြက္ ေဆာင္႐ြက္ခဲ့ရာ၌ လက္ရွိတြင္ ႏိုင္ငံ့စီးပြားေရးမွာ တိုးတက္သင့္သေလာက္တိုးတက္လာခဲ့ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။

ထိုသို႔ ႏိုင္ငံ့စီးပြားေရး ျပန္လည္တိုးတက္လာခဲ့ျခင္းမွာ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ ကုန္ထုတ္လုပ္မႈမ်ားကို ေဆာင္႐ြက္၍ ျပည္တြင္းစီးပြားျမႇင့္တင္ျခင္းကို ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္ၿပီး ျပည္ပမွေထာက္ပံ့ကူညီမႈမ်ားကို မွီခိုအားထားခဲ့ သည့္ ႏိုင္ငံမ်ားအေနျဖင့္ စီးပြားေရးအခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။

ၿပီးခဲ့ေသာ ဒီမိုကေရစီအစိုးရသက္တမ္းႏွစ္ခုတြင္ ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ားကို အားေပးေဆာင္႐ြက္ခဲ့ျခင္းမရွိေၾကာင္း ႏွင့္ ျပည္ပေထာက္ပံ့ေငြမ်ား၊ ေခ်းေငြမ်ားႏွင့္ Non Trade မ်ားမွရရွိသည့္ ႏိုင္ငံျခားေငြမ်ားျဖင့္ အဓိကျဖည့္ဆည္းသုံးစြဲခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေဝဖန္ထားသည္။

နစကအေနျဖင့္ ႏိုင္ငံ၏က်ဆင္းေနသည့္ စီးပြားေရးျပန္လည္ျမႇင့္တင္ေရးအတြက္ ႀကိဳးပမ္းေနေၾကာင္းႏွင့္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးအတြက္ ကုန္ထုတ္လုပ္မႈမ်ားကို ေဆာင္႐ြက္ကာ ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးလုပ္ေဆာင္ေနေၾကာင္း ၎က ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.