စစ်ကိုင်းနှင့် မန္တလေးတို့၌ အကြမ်းဖက်များ၏ သတ်ဖြတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား(၃)ဦးသေဆုံး

 906

NP News - နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် နိုဝင် ဘာလ(၄)ရက်တွင် အမျိုးသား(၃)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၄)ရက်၊ နံနက်(၈)နာရီအချိန်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာ၏တောင်ဘက် (၆)ဖာလုံအကွာရှိ ထန်းပင်ကန်ရွာနှင့် ရွှေစည်ကြီးရွာတို့၏ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အမျိုးသား(၁)ဦးနှင့် အမျိုး သမီး(၁)ဦး ပစ်ခတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ရတနာပုံကျေးရွာတွင် နေထိုင်သူ ရွှေစည်ကြီးအခြေခံပညာအ လယ်တန်းကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်ကျင်စန်း(၅၉)နှစ်သည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစန်းဝင်း(၄၈)နှစ်နှင့်အတူ ရတနာပုံကျေးရွာမှ ရွှေစည်ကြီးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် အခင်းဖြစ်ရာနေရာအရောက်၌ ၎င်းတို့၏အနောက်မှ ဆိုင်ကယ်ဖြင့်လိုက်လာသည့် အကြမ်းဖက် အမျိုးသား(၅)ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးစန်းဝင်းသည် သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ဒေါ်ကျင်စန်းတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အလားတူ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျီစုကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ကျီစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြဆန်း(၄၉)နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေချိန် အကြမ်းဖက်သမား(၅)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး ၎င်းအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထို့နောက် ကျီစုကျေးရွာ၏အနောက်ဘက် (၂)ဖာလုံခန့်အကွာရှိ ကျီစု-သမ္မတောသွား ကျေးလက်လမ်းဘေးအရောက်တွင် ဦးမြဆန်းအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ ည(၈)နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် အမျိုးသား (၁)ဦး သေဆုံး၍ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ စံပြကျေးရွာတွင်နေထိုင်သော ဦးကျော်မင်း(၆၁)နှစ်သည် ၎င်း၏သမီးဖြစ်သူ ဒေါ်ဝေဝေအောင် (၃၈)နှစ် နှင့်အတူ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက်သမား(၂)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးကျော်မင်းတွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်ဝေဝေအောင်တွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် မြင်းခြံမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
စစ္ကိုင္းႏွင့္ မႏၲေလးတို႔၌ အၾကမ္းဖက္မ်ား၏ သတ္ျဖတ္ခံရမႈေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ အမ်ိဳးသား(၃)ဦးေသဆုံး
NP News - ႏိုဝင္ဘာ ၆

စစ္ကိုင္းတိုင္းႏွင့္ မႏၲေလးတိုင္းတို႔၌ အၾကမ္းဖက္မ်ား၏ သတ္ျဖတ္မႈေၾကာင့္ ႏိုဝင္ ဘာလ(၄)ရက္တြင္ အမ်ိဳးသား(၃)ဦး ေသဆုံးခဲ့ၿပီး အမ်ိဳးသမီး(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွသတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ (၄)ရက္၊ နံနက္(၈)နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္၊ ေ႐ႊစည္ႀကီး႐ြာ၏ေတာင္ဘက္ (၆)ဖာလုံအကြာရွိ ထန္းပင္ကန္႐ြာႏွင့္ ေ႐ႊစည္ႀကီး႐ြာတို႔၏ ေက်း႐ြာခ်င္းဆက္လမ္းေပၚတြင္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳး သမီး(၁)ဦး ပစ္ခတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ရတနာပုံေက်း႐ြာတြင္ ေနထိုင္သူ ေ႐ႊစည္ႀကီးအေျခခံပညာအ လယ္တန္းေက်ာင္းမွ ေက်ာင္အုပ္ဆရာမႀကီး ေဒၚက်င္စန္း(၅၉)ႏွစ္သည္ ၎၏ ခင္ပြန္းျဖစ္သူ ဦးစန္းဝင္း(၄၈)ႏွစ္ႏွင့္အတူ ရတနာပုံေက်း႐ြာမွ ေ႐ႊစည္ႀကီးေက်း႐ြာသို႔ ဆိုင္ကယ္ျဖင့္ ထြက္လာစဥ္ အခင္းျဖစ္ရာေနရာအေရာက္၌ ၎တို႔၏အေနာက္မွ ဆိုင္ကယ္ျဖင့္လိုက္လာသည့္ အၾကမ္းဖက္ အမ်ိဳးသား(၅)ဦးက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးစန္းဝင္းသည္ ေသနတ္ထိမွန္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ၿပီး ေဒၚက်င္စန္းတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေဆးကုသႏိုင္ရန္ ေတာင္သာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အလားတူ ညေန(၄)နာရီခြဲအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္၊ က်ီစုေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အသတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ က်ီစုေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးျမဆန္း(၄၉)ႏွစ္သည္ ၎၏ေနအိမ္တြင္ရွိေနခ်ိန္ အၾကမ္းဖက္သမား(၅)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာၿပီး ၎အားဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထို႔ေနာက္ က်ီစုေက်း႐ြာ၏အေနာက္ဘက္ (၂)ဖာလုံခန႔္အကြာရွိ က်ီစု-သမၼေတာသြား ေက်းလက္လမ္းေဘးအေရာက္တြင္ ဦးျမဆန္းအား ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

အလားတူ ည(၈)နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ စံျပေက်း႐ြာ၌ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသျဖင့္ အမ်ိဳးသား (၁)ဦး ေသဆုံး၍ အမ်ိဳးသမီး(၁)ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ စံျပေက်း႐ြာတြင္ေနထိုင္ေသာ ဦးေက်ာ္မင္း(၆၁)ႏွစ္သည္ ၎၏သမီးျဖစ္သူ ေဒၚေဝေဝေအာင္ (၃၈)ႏွစ္ ႏွင့္အတူ ေနအိမ္တြင္ရွိေနစဥ္ အၾကမ္းဖက္သမား(၂)ဦးက ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ၎တို႔အား ေသနတ္ျဖင့္ ပစ္ခတ္ ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးေက်ာ္မင္းတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ေဒၚေဝေဝေအာင္တြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေဆးကုသႏိုင္ရန္ ျမင္းၿခံၿမိဳ႕နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

အထက္ပါျဖစ္စဥ္မ်ားမွ အၾကမ္းဖက္လုပ္ရပ္က်ဴးလြန္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.