ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအကြာမှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး အချုပ်ထဲမှာ သေဆုံးခဲ့ဟုဆို

 803

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဟာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ အချုပ်မှာဖမ်ဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးခဲ့ခြင်းနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက တရားမျှတမှုမရှိခြင်းအတွက် ထိုင်းရဲတပ်ဖွဲ့ရုံးထံ တိုင် ကြားခဲ့ကြောင်းသိရပါတယ်။

သန့်ဇင်ဦးအမည်ရှိ မြန်မာနိုင်ငံသားဟာ ငါးဖမ်းလုပ်သားတစ်ဦးဖြစ်ပြီး ရနောင်းမြို့ရှိ Pak Nam ရဲစခန်းအချုပ်မှာ ဖမ်ဆီးခံရပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ သန့်ဇင်ဦးကို ပြီးခဲ့တဲ့အောက်တိုဘာလ ၁၃ ရက်မှာ ဆီးစစ်၊ သွေးစစ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် ဖမ်း ဆီးကာ စွဲချက်တင်ခဲ့ကြောင်းသိရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား သန့်ဇင်ဦးရဲ့မိခင်ဖြစ်သူဟာ သားဖြစ်သူ မှန်ကန်မျှ တမှုမရှိဘဲ သေဆုံးခြင်းအတွက် ထိုင်းရဲ့ဒုတိယဗိုလ်ချုပ်ကြီး Surachet Hakpal အပါအဝင်ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများထံ တရားမျှတမှုဖြစ်စေရေးအတွက် စာရေးတောင်းဆိုခဲ့ကြောင်းသိရပါတယ်။

ထိုင်းရဲ အချုပ်ခန်းအတွင်း သန့်ဇင်ဦးသေဆုံးမှုမှာ ထိုင်းရဲအရာရှိများ ပါဝင်ဆက် နွယ်နေပြီး သေဆုံးရတဲ့အဓိကအကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ နဲ့ ပြစ်မှုကျူးလွန်သူများကို စုံစမ်းအပြစ်ပေးဖို့ မိခင်ဖြစ်သူက တိုက်တွန်းတောင်းဆိုနေကြောင်း သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများဟာ သန့်ဇင်ဦးကို နေအိမ်မှာအောက်တိုဘာလ ၁၃ရက်က ဖမ်ဆီးခေါ်ဆောင်ခဲ့ပြီးနောက် သုံးရက်အကြာမှာ သေဆုံးသွားခဲ့တဲ့အကြောင်းကို မိခင်ဖြစ်သူကို အကြောင်းပြန်ကြားခဲ့ကြောင်း သိရပါတယ်။

သန့်ဇင်ဦးရဲ့မိခင်ဖြစ်သူက သားဖြစ်သူဟာ ထိုင်းရဲတွေအဖမ်းမခံရခင်အချိန်အထိ ကျန်းမာရေးကောင်းမွန်စွာရှိနေခဲ့ပြီး ဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ သန့်ဇင်ဦးဟာ ထိုင်းရဲတွေရဲ့ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးရခြင်းဖြစ်ပြီး ခန္ဒာကိုယ်မှာ ဒဏ်ရာရများ တွေ့ရှိခဲ့ကြောင်း မိခင်ဖြစ်သူက ဆိုပါတယ်။

zawgyi version
ထိုင္းရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးခံရၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦး အခ်ဳပ္ထဲမွာ ေသဆုံးခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးဟာ ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ရွိ အခ်ဳပ္မွာဖမ္ဆီးထိန္းသိမ္းခံရၿပီးေနာက္ ေသဆုံးခဲ့ျခင္းနဲ႔ပတ္သက္ၿပီး မိခင္ျဖစ္သူက တရားမွ်တမႈမရွိျခင္းအတြက္ ထိုင္းရဲတပ္ဖြဲ႕႐ုံးထံ တိုင္ ၾကားခဲ့ေၾကာင္းသိရပါတယ္။

သန႔္ဇင္ဦးအမည္ရွိ ျမန္မာႏိုင္ငံသားဟာ ငါးဖမ္းလုပ္သားတစ္ဦးျဖစ္ၿပီး ရေနာင္းၿမိဳ႕ရွိ Pak Nam ရဲစခန္းအခ်ဳပ္မွာ ဖမ္ဆီးခံရၿပီးေနာက္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ သန႔္ဇင္ဦးကို ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၁၃ ရက္မွာ ဆီးစစ္၊ ေသြးစစ္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ မူးယစ္ေဆးဝါးသုံးစြဲမႈအတြက္ ဖမ္း ဆီးကာ စြဲခ်က္တင္ခဲ့ေၾကာင္းသိရပါတယ္။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား သန႔္ဇင္ဦးရဲ႕မိခင္ျဖစ္သူဟာ သားျဖစ္သူ မွန္ကန္မွ် တမႈမရွိဘဲ ေသဆုံးျခင္းအတြက္ ထိုင္းရဲ႕ဒုတိယဗိုလ္ခ်ဳပ္ႀကီး Surachet Hakpal အပါအဝင္ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားထံ တရားမွ်တမႈျဖစ္ေစေရးအတြက္ စာေရးေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းရဲ အခ်ဳပ္ခန္းအတြင္း သန႔္ဇင္ဦးေသဆုံးမႈမွာ ထိုင္းရဲအရာရွိမ်ား ပါဝင္ဆက္ ႏြယ္ေနၿပီး ေသဆုံးရတဲ့အဓိကအေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးဖို႔ နဲ႔ ျပစ္မႈက်ဴးလြန္သူမ်ားကို စုံစမ္းအျပစ္ေပးဖို႔ မိခင္ျဖစ္သူက တိုက္တြန္းေတာင္းဆိုေနေၾကာင္း သိရပါတယ္။ ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားဟာ သန႔္ဇင္ဦးကို ေနအိမ္မွာေအာက္တိုဘာလ ၁၃ရက္က ဖမ္ဆီးေခၚေဆာင္ခဲ့ၿပီးေနာက္ သုံးရက္အၾကာမွာ ေသဆုံးသြားခဲ့တဲ့အေၾကာင္းကို မိခင္ျဖစ္သူကို အေၾကာင္းျပန္ၾကားခဲ့ေၾကာင္း သိရပါတယ္။

သန႔္ဇင္ဦးရဲ႕မိခင္ျဖစ္သူက သားျဖစ္သူဟာ ထိုင္းရဲေတြအဖမ္းမခံရခင္အခ်ိန္အထိ က်န္းမာေရးေကာင္းမြန္စြာရွိေနခဲ့ၿပီး ဒဏ္ရာတစ္စုံတစ္ရာမရွိခဲ့ေၾကာင္း၊ သန႔္ဇင္ဦးဟာ ထိုင္းရဲေတြရဲ႕ညႇင္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ ေသဆုံးရျခင္းျဖစ္ၿပီး ခႏၵာကိုယ္မွာ ဒဏ္ရာရမ်ား ေတြ႕ရွိခဲ့ေၾကာင္း မိခင္ျဖစ္သူက ဆိုပါတယ္။

Related news

© 2021. All rights reserved.