အိန္ဒိယဘက်သို့ ကျွဲ၊ နွားများ အထိန်းအကွပ်မဲ့ တရားမဝင် တင်ပို့ရောင်းချနေသည့်အတွက် တားမြစ်ရန်လိုဟုဆို

 695

ယွန်း (NP News) - နိုဝင်ဘာ ၇

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ၌ မြန်မာနိုင်ငံဘက်မှ ကျွဲ၊ နွားတရားမဝင်တင်သွင်းမှုများရှိနေသည့်အတွက် နိုင်ငံတော်အတွင်း အခွန်အကောက်နှင့်ပတ်သက်၍ နစ်နာမှုများရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အချက်အလက်များအရ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် (အောက်တိုဘာလ ၁၄ရက်) ကာလအတွင်း အိန္ဒိယဘက်သို့ ကျွဲ၊ နွားများတင်ပို့ခြင်းမရှိဘဲ၊ ကျွဲ၊ နွား သားရေဆားနယ် အစိုများကိုသာ တင်ပို့ခဲ့ကြောင်း သိရသည်။

သို့သော် အချက်အလက်များအရ မြန်မာ-အိန္ဒိယနယ်စပ်ဒေသများတွင် မြန်မာနိုင်ငံဘက်မှ ကျွဲ၊ နွားအရှင်များကို တရားမဝင် တင်ပို့မှုများရှိနေကြောင်း သိရသည်။

အထက်ပါကဲ့သို့ တရားမဝင်တင်ပို့မှုများမှာ နိုင်ငံတော်အတွက် အခွန်အကောက် နစ်နာစေခြင်းအပြင် လယ်ယာလုပ်ငန်းခွင်၌ အသုံးပြုနေသော ကျွဲ၊ နွားများကို အထိန်းအကွပ်မရှိတင်ပို့ ရောင်းချနေခြင်းကြောင့် ပြည်တွင်း၌ ကျွဲ၊ နွား လိုအပ်ချက် များပြားလာနိုင်ကြောင်း သိရသည်။

ထို့ပြင် တိရစ္ဆာန်များတွင် ရောဂါကျရောက်မှုကို စနစ်တကျထိန်းချုပ်နိုင်မှုမရှိခြင်းနှင့် ရာဇဝတ်မှု များပြားလာနိုင်ခြင်းကြောင့် ကျွဲ၊ နွားများ တရားမဝင်တင်ပို့မှုများကို ထိန်းကျောင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီးဌာနမှဆိုသည်။

zawgyi version
အိႏၵိယဘက္သို႔ ကြၽဲ၊ ႏြားမ်ား အထိန္းအကြပ္မဲ့ တရားမဝင္ တင္ပို႔ေရာင္းခ်ေနသည့္အတြက္ တားျမစ္ရန္လိုဟုဆို
ယြန္း (NP News) - ႏိုဝင္ဘာ ၇

ျမန္မာ-အိႏၵိယ နယ္စပ္ေဒသမ်ား၌ ျမန္မာႏိုင္ငံဘက္မွ ကြၽဲ၊ ႏြားတရားမဝင္တင္သြင္းမႈမ်ားရွိေနသည့္အတြက္ ႏိုင္ငံေတာ္အတြင္း အခြန္အေကာက္ႏွင့္ပတ္သက္၍ နစ္နာမႈမ်ားရွိေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ျမန္မာႏိုင္ငံမွ အခ်က္အလက္မ်ားအရ ၂ဝ၁၈- ၂ဝ၁၉ ဘ႑ာႏွစ္မွ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္ (ေအာက္တိုဘာလ ၁၄ရက္) ကာလအတြင္း အိႏၵိယဘက္သို႔ ကြၽဲ၊ ႏြားမ်ားတင္ပို႔ျခင္းမရွိဘဲ၊ ကြၽဲ၊ ႏြား သားေရဆားနယ္ အစိုမ်ားကိုသာ တင္ပို႔ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ အခ်က္အလက္မ်ားအရ ျမန္မာ-အိႏၵိယနယ္စပ္ေဒသမ်ားတြင္ ျမန္မာႏိုင္ငံဘက္မွ ကြၽဲ၊ ႏြားအရွင္မ်ားကို တရားမဝင္ တင္ပို႔မႈမ်ားရွိေနေၾကာင္း သိရသည္။

အထက္ပါကဲ့သို႔ တရားမဝင္တင္ပို႔မႈမ်ားမွာ ႏိုင္ငံေတာ္အတြက္ အခြန္အေကာက္ နစ္နာေစျခင္းအျပင္ လယ္ယာလုပ္ငန္းခြင္၌ အသုံးျပဳေနေသာ ကြၽဲ၊ ႏြားမ်ားကို အထိန္းအကြပ္မရွိတင္ပို႔ ေရာင္းခ်ေနျခင္းေၾကာင့္ ျပည္တြင္း၌ ကြၽဲ၊ ႏြား လိုအပ္ခ်က္ မ်ားျပားလာႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ တိရစာၦန္မ်ားတြင္ ေရာဂါက်ေရာက္မႈကို စနစ္တက်ထိန္းခ်ဳပ္ႏိုင္မႈမရွိျခင္းႏွင့္ ရာဇဝတ္မႈ မ်ားျပားလာႏိုင္ျခင္းေၾကာင့္ ကြၽဲ၊ ႏြားမ်ား တရားမဝင္တင္ပို႔မႈမ်ားကို ထိန္းေက်ာင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ဝန္ႀကီးဌာနမွဆိုသည္။

Picture

Hein Aung. Ha

08/11/2022 08:31

၏ညည၏ည၏၏ညဟညည၏ည၏ည၏၏စ

Related news

© 2021. All rights reserved.