အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်

 1614

မျိုးကြီး (NP News) - နိုဝင်ဘာ ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ယနေ့ (နိုဝင်ဘာလ ၇ ရက်)၌ ပြုလုပ်သော ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်ခဲ့ကြောင်း နစက၏ သတင်းအရင်းအမြစ်များထံမှ သိရသည်။

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့ပြီး နစကအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ် နှင့် ဝန်ကြီးအများအပြားတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကရင်ပြည်နယ်နေ့အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများဖြစ်သော ကရင်အမျိုးသားအစည်း အရုံး(KNU)ဒူးပလာယာခရိုင်ဥက္ကဋ္ဌပဒိုရွှေမောင်း၊ ဘားအံခရိုင်ဥက္ကဋ္ဌပဒိုအောင်မော်ဧနှင့် KNU/KNLA-PC ဒုဥက္ကဋ္ဌဒေါက် တာနော်ကပေါ်ထူးတို့ တက်ရောက်ခဲ့ကြောင်း နစက၏ သတင်းအရင်းအမြစ်က ဆိုထားသည်။

ထို့ပြင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ကိုယ်စားလှယ်များကလည်း (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာခဲ့ကြောင်း သိရသည်။

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသူများက ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာရေးအတွက် ငြိမ်းချမ်းရေးဂျိုးဖြူငှက်(၆၇) ကောင်ကို လွှတ်ပေးကာ ကြွေးကြော်ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ထပ်မံသိရှိရသည်။

နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်း ရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၆၇)နှစ် မြောက်ကရင်ပြည် နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ထို့ပြင် နိုင်ငံ့အကျိုးစီးပွားကို မလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြသည့် ပြည်တွင်း ပြည်ပအဖျက်သမားများ၏ အန္တရာယ်ကို အထူးသတိ ပြုကြရန်လည်း နစကအကြီးအကဲက တိုက်တွန်းထားသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလဖြစ်ရာ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းထားသည်။

လက်ရှိတွင် KNU/KNLA-PC နှင့် DKBA လက်နက်ကိုင်အဖွဲ့တို့သည် နစကနှင့် ငြိမ်းချမ်းရေးတွေ့ဆွေးနွေးမှုများရှိထားပြီး သဘောတူညီမှုအချို့လည်း ရရှိထားကြောင်း သိရသည်။

zawgyi version










Picture

Ko Moe

08/11/2022 08:25

🥰🥰🥰 ငြိမ်းချမ်းရေးသည် ရွှေထက်တန်ဖိုး အဆမတန်ထိုက်တာကို ပြည်ပက မလိုလားကြဘူး ဖြစ်နေတာပါ။သူတောင်းစားအုပ်စု ပြည်ပမှာ အလှူခံစားနေကြတာ အဖွဲ့ပေါင်း ရာဂဏန်းရှိနေတယ်။အချောင်သမား သူတောင်းစား (ပြည်ပ)တွေဟာ နောက်ထပ် စစ်ပွဲဖြစ်လေ တောင်းစားကောင်းလေ ဆိုသူကြီးတွေပေါ့ဗျာ။

Picture

Ko Moe

08/11/2022 08:27

ဖာသည်ကမှ ဂုဏ်ရှိသေးတယ် ပြည်ပမှာ နေပြီး တိုင်းပြည်ချစ်တယ်ပြောတာ မရီရဘူးလား တောင်းလည်းစားသေး ချစ်တယ်လည်း ပြောသေး ရန်လည်း တိုက်သေး ပြည်ပမှာလည်း နိုင်ငံသား ခံယူခွင့်‌လျှောက်သေးတယ်🤣🤣🤣😂😂😂👉သူတောင်းစားနဲ့ ဖာသည်စပ်ထားသလားပါပဲ။

Picture

U Myo Myat

08/11/2022 09:53

👍👍👍

Related news

© 2021. All rights reserved.