မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ကမ္ဘောဒီးယားအစိုးရ သတိပေးပြောဆို

 1843

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ရာ တွင် အာဆီယံအဖွဲ့ကြီးကိုတည်ထောင်ချိန်က သတ်မှတ်ထားသော အခြေခံစည်း မျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါက်တာ ခွန်ပေါက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိသည် လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ စင်ကာပူအခြေစိုက် straitstimes သတင်းဌာနနှင့်အင်တာဗျူးအစီအစဉ်တွင် ယခုကဲ့သို့ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် အဖြေရှာရာတွင် အာဆီယံအဖွဲ့ကြီးတည်ထောင်ချိန်က သတ်မှတ်ထားသောစည်းကမ်း စည်းမျဉ်းများနှင့်သွေဖွယ်ခြင်းမျိုးမဖြစ်သင့်ကြောင်း Kung Phoak က သတိပေးပြောဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးကို အိမ် ရှင်အဖြစ် နိုဝင်ဘာလ ၁ဝ ရက်မှ ၁၃ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးခေါင်းဆောင်များအပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ တရုတ်ဝန်ကြီးချုပ်တို့လည်း တက်ရောက်ဖွယ်ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့ခေါင်းဆောင်များနှင့် နစကအကြီးအကဲကြား ရရှိထားသည့် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရာတွင် သိသာတိုးတက်မှုမရှိကြောင်း ဝေဖန်မှုများမြင့်တက်နေသကဲ့သို့ အာဆီယံထိပ်သီးအစည်း အဝေးအတွင်း မြန်မာနိုင်ငံရေးပြဿနာနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက"မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အာဆီယံကြေညာစာတမ်း နဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို လွန်လွန်ကဲကဲကျော်လွန်မလုပ်ဆောင်ဖို့ အရေးကြီးတယ်"ဟုဆိုသည်။ လာမည့်အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံရေးပြသာနာနှင့်ပတ်သက်ပြီး ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးဆုံး ဖြတ်သွားဖွယ်ရှိနေကြောင်းသိရသည်။

အာဆီယံအဖွဲ့ကြီးကိုစတည်တည်ထောင်ချိန်က သတ်မှတ်ထားသော အခြေခံစည်း မျဉ်းစည်းကမ်းများလည်းရှိနေရာ အာဆီယံ၏ အခြေခံစည်းမျဉ်း(၆)ရပ်ထဲတွင် နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုး သားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး၊ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက် ပြုခြင်းများ ခြိမ်ခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်၊ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် စသည့်အချက်များကိုသတ်မှတ်ထားရှိကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ကေမာၻဒီးယားအစိုးရ သတိ ေပးေျပာဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၈

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး ဆုံးျဖတ္ရာ တြင္ အာဆီယံအဖြဲ႕ႀကီးကိုတည္ေထာင္ခ်ိန္က သတ္မွတ္ထားေသာ အေျခခံစည္း မ်ဥ္းစည္းကမ္းမ်ားကို လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ကေမာၻဒီးယားႏိုင္ငံ ျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိ ေဒါက္တာ ခြန္ေပါက္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိသည္ လာမည့္ရက္ပိုင္းအတြင္းက်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးမတိုင္မီ စင္ကာပူအေျခစိုက္ straitstimes သတင္းဌာနႏွင့္အင္တာဗ်ဴးအစီအစဥ္တြင္ ယခုကဲ့သို႔ထည့္သြင္းေျပာ ဆိုခဲ့ျခင္းျဖစ္သည္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ျမန္မာ့ႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ရန္ အေျဖရွာရာတြင္ အာဆီယံအဖြဲ႕ႀကီးတည္ေထာင္ခ်ိန္က သတ္မွတ္ထားေသာစည္းကမ္း စည္းမ်ဥ္းမ်ားႏွင့္ေသြဖြယ္ျခင္းမ်ိဳးမျဖစ္သင့္ေၾကာင္း Kung Phoak က သတိေပးေျပာဆိုခဲ့သည္။ ကေမာၻဒီးယားႏိုင္ငံသည္ အာဆီယံထိပ္သီးအစည္းအေဝးကို အိမ္ ရွင္အျဖစ္ ႏိုဝင္ဘာလ ၁ဝ ရက္မွ ၁၃ ရက္အထိ လက္ခံက်င္းပမည္ျဖစ္ရာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ထိပ္သီးေခါင္းေဆာင္မ်ားအျပင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္၊ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္၊ တ႐ုတ္ဝန္ႀကီးခ်ဳပ္တို႔လည္း တက္ေရာက္ဖြယ္ရွိေနေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ရန္ အာဆီယံအဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ နစကအႀကီးအကဲၾကား ရရွိထားသည့္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေကာင္ထည္ေဖာ္ရာတြင္ သိသာတိုးတက္မႈမရွိေၾကာင္း ေဝဖန္မႈမ်ားျမင့္တက္ေနသကဲ့သို႔ အာဆီယံထိပ္သီးအစည္း အေဝးအတြင္း ျမန္မာႏိုင္ငံေရးျပႆနာႏွင့္ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။

ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိက"ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းဖို႔ ႀကိဳးပမ္းရာမွာ အာဆီယံေၾကညာစာတမ္း နဲ႔အဓိပၸာယ္ဖြင့္ဆိုခ်က္ေတြကို လြန္လြန္ကဲကဲေက်ာ္လြန္မလုပ္ေဆာင္ဖို႔ အေရးႀကီးတယ္"ဟုဆိုသည္။ လာမည့္အာဆီယံထိပ္သီးအစည္းအေဝးအတြင္း အာဆီယံေခါင္းေဆာင္မ်ားသည္ ျမန္မာႏိုင္ငံေရးျပသာနာႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္မည့္ကိစၥမ်ားကို ေဆြးေႏြးဆုံး ျဖတ္သြားဖြယ္ရွိေနေၾကာင္းသိရသည္။

အာဆီယံအဖြဲ႕ႀကီးကိုစတည္တည္ေထာင္ခ်ိန္က သတ္မွတ္ထားေသာ အေျခခံစည္း မ်ဥ္းစည္းကမ္းမ်ားလည္းရွိေနရာ အာဆီယံ၏ အေျခခံစည္းမ်ဥ္း(၆)ရပ္ထဲတြင္ ႏိုင္ငံအားလုံး၏ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာညီမွ်မႈ နယ္ေျမပိုင္ဆိုင္မႈႏွင့္ အမ်ိဳး သားေရး လကၡဏာမ်ားကို အျပန္အလွန္ေလးစားေရး၊ ႏိုင္ငံတစ္ႏိုင္ငံ၏ တည္ရွိခြင့္သည္ အျခားႏိုင္ငံမ်ား၏ ဝင္ေရာက္စြက္ဖက္ျခင္း၊ ႏိုင္လိုမင္းထက္ ျပဳျခင္းမ်ား ၿခိမ္ေျခာက္ျခင္းတို႔မွ ကင္းလြတ္ေစရန္၊ တစ္ႏိုင္ငံ၏ ျပည္တြင္းေရးကို အျခားႏိုင္ငံမ်ားမွ ဝင္ေရာက္စြက္ဖက္ျခင္း မျပဳလုပ္ရန္၊ အျငင္းပြားမႈမ်ားကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရန္၊ အာဏာသုံး၍ ၿခိမ္းေျခာက္မႈမ်ား မျပဳလုပ္ရန္၊ ႏိုင္ငံအခ်င္းခ်င္း ထိထိေရာက္ေရာက္ ပူးေပါင္းကူညီေဆာင္႐ြက္ရန္ စသည့္အခ်က္မ်ားကိုသတ္မွတ္ထားရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.