ရွှေကျင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ

 511

NP News - နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

နစကမှ ပြီးခဲ့သည့် နိုဝင်ဘာလ(၇)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ(၆)ရက် နံနက်(၆)နာရီခွဲအချိန်တွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုထားသည်။

အဆိုပါဖြစ်စဉ်မှာ ရွှေကျင်မြို့နယ်၊ ညောင်အိုင်ကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ကျောက်တန်း-ညောင်အိုင်ကျေးရွာသွားလမ်းပေါ်ရှိ အလျား(၄၄ဝ)ပေ၊ အကျယ်(၂ဝ)ပေခန့်ရှိသော သံကူကွန်ကရစ် အမျိုး အစား ညောင်အိုင်ချောင်းကူးတံတားအား အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစကမှ အသိပေးထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကျောက်တန်းကျေးရွာဘက်ခြမ်းမှ တံတား(၆ဝ)ပေခန့်တွင် ကြမ်းခင်း(၄)ပေပတ်လည်ခန့်၊ တံတား လက်ရမ်းတိုင် (၃)တိုင်နှင့် တံတားထောက်တိုင်အမှတ် P-10 ပေါ်ရှိ သံဘောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများက တံတားအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေ႐ႊက်င္ၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - ႏိုဝင္ဘာ ၈

ပဲခူးတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတားတစ္စင္း မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရေၾကာင္း သိရသည္။

နစကမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၇)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။ ျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၆)ရက္ နံနက္(၆)နာရီခြဲအခ်ိန္တြင္ ပဲခူးတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုထားသည္။

အဆိုပါျဖစ္စဥ္မွာ ေ႐ႊက်င္ၿမိဳ႕နယ္၊ ေညာင္အိုင္ေက်း႐ြာႏွင့္ ေက်ာက္တန္းေက်း႐ြာတို႔အား ဆက္သြယ္ေဖာက္လုပ္ထားသည့္ ေက်ာက္တန္း-ေညာင္အိုင္ေက်း႐ြာသြားလမ္းေပၚရွိ အလ်ား(၄၄ဝ)ေပ၊ အက်ယ္(၂ဝ)ေပခန႔္ရွိေသာ သံကူကြန္ကရစ္ အမ်ိဳး အစား ေညာင္အိုင္ေခ်ာင္းကူးတံတားအား အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ေက်ာက္တန္းေက်း႐ြာဘက္ျခမ္းမွ တံတား(၆ဝ)ေပခန႔္တြင္ ၾကမ္းခင္း(၄)ေပပတ္လည္ခန႔္၊ တံတား လက္ရမ္းတိုင္ (၃)တိုင္ႏွင့္ တံတားေထာက္တိုင္အမွတ္ P-10 ေပၚရွိ သံေဘာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တာဝန္ရွိသူမ်ားက တံတားအား ျပန္လည္ျပဳျပင္ျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွဆိုသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ သံကူကြန္ကရစ္တံတားအား မိုင္းေထာင္ေဖာက္ခြဲခဲ့သည့္ အၾကမ္းဖက္မ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

Ko Moe

08/11/2022 15:00

ဖာသည်မသား တွေက သိတဲ့ မဟုတ်လား လမ်းမခင်း တံတားမဖေါက်ပဲ မိုင်းပဲခွဲတတ်တာ သူတောင်းစားနဲ့ ဖာသည်မသား အဆင့်တွေကို ဆရာတင်ထားတဲ့ ကေအန်ယူ လက်ချက်ပဲ

Picture

Ko Moe

08/11/2022 15:01

(ပြည်ပ)သူတောင်းစား ဒေါ်လာသူတောင်းစား အချောင်သမား သူတောင်းစားအဖွဲ့တွေပါ။ဘလက်လစ်ပြစ်ရမှာပါ။

Related news

© 2021. All rights reserved.