ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို မြန်မာ-ရုရှား လက်မှတ်ရေးထိုး

 806

မျိုးကြီး (NP News) - နိုဝင်ဘာ ၉

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ-ရုရှားနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် နိုဝင်ဘာလ ၈ ရက်က အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကံဇော်နှင့် ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်ဇန်းဒါးဆာဂီးအ်ဗစ်ရှ်ရှာတီရော့ဗ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို နှစ်ဖက်အကြားဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် ပိုင်းတွင် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ထိတွေ့ဆက်ဆံမှုမှာ ပိုမိုများပြားလာခဲ့ပြီး စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ များပြားလာသည်ကို တွေ့ရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နျုကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက်လည်း မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား သဘောတူညီမှုရရှိထားပြီး အမြန်ဆုံးအကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်များကိုလည်း ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

zawgyi version
ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာနားလည္မႈစာခြၽန္လႊာကို ျမန္မာ-႐ုရွား လက္မွတ္ေရးထိုး
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၉

ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္ရွိ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနတြင္ ႏိုဝင္ဘာလ ၈ ရက္က အတည္ျပဳလက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးေဒါက္တာကံေဇာ္ႏွင့္ ႐ုရွားႏိုင္ငံ၊ ေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕မွ ၫႊန္ၾကားေရးမႉး မစၥတာအလက္ဇန္းဒါးဆာဂီးအ္ဗစ္ရွ္ရွာတီေရာ့ဗ္ ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရး၊ ခရီးသြားက႑၊ စိုက္ပ်ိဳးေရးက႑၊ သတၱဳက႑၊ စက္မႈက႑၊ လွ်ပ္စစ္က႑၊ စြမ္းအင္က႑၊ ယဥ္ေက်းမႈႏွင့္ပညာေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားကို ႏွစ္ဖက္အၾကားေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထိုသို႔ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ပိုင္း ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ ႐ုရွားႏိုင္ငံ ေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕တို႔အၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ပိုင္းတြင္ ျမန္မာႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား ထိေတြ႕ဆက္ဆံမႈမွာ ပိုမိုမ်ားျပားလာခဲ့ၿပီး စီးပြားေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ၊ ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ား မ်ားျပားလာသည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ န်ဳကလီးယားဓာတ္အားေပးစက္႐ုံ တည္ေဆာက္ႏိုင္ေရးအတြက္လည္း ျမန္မာႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား သေဘာတူညီမႈရရွိထားၿပီး အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ေရထြက္ကုန္မ်ားကိုလည္း ႐ုရွားႏိုင္ငံသို႔ တင္ပို႔ႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.