အာဆီယံ၏ ဆုံးဖြတ်ချက်များမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နေမှုကို အဟန့်အတားဖြစ်စေပြီး ၎င်းဆုံးဖြတ်ကို မြန်မာနိုင်ငံက လက်မခံဟု ပြန်လည်တုံ့ပြန်

 882

မျိုးကြီး (NP News) - နိုဝင်ဘာ ၁၂

အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နေမှုကို အဟန့်အတားဖြစ်စေပြီး ၎င်းဆုံးဖြတ်များကို မြန်မာနိုင်ငံက လက်မခံကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် အာဆီယံ၏ ဆုံးဖြတ်ချက်များကို အထက်ပါကဲ့သို့ ကန့်ကွယ်ပယ်ချကာ တုံ့ပြန်ထားခြင်းဖြစ် သည်။

အကြိမ်(၄ဝ)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်း အဝေးအပြီးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ် ချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပြတ်သားစွာပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ထား သည်။

အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြချက်များမှာ ဖြစ်စဉ်အမှန်တရားနှင့်ကင်းကွာလျက်ရှိပြီး တူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံက ကြိုးစားအားထုတ်ဆောင်ရွက်ပေးခဲ့မှုများကို အပြုသဘောဆောင်ဖော်ပြခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဌာနက ကန့်ကွက်ထားသည်။

ဆက်လက်ပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် မည်သည့်ပုံစံ၊ မည်သည့်နည်းလမ်းနှင့်မဆို ဆက်သွယ်ဆောင်ရွက်ရန် ကြိုးပမ်းခြင်းကိုလည်း မြန်မာနိုင်ငံက ပြင်းထန်စွာရှုံ့ချကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အလားတူ အာဆီယံအနေဖြင့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည်လည်း အကျိုးမရှိနိုင်သည့်အပြင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများအပေါ် ဆိုးကျိုးသက် ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်ကြောင်း တုံ့ပြန်ထားသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့သော ၁၉၉၇ ခုနှစ်မှစ၍ အာဆီယံအသိုက်အဝန်းအကောင်အထည်ဖော်မှု၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့မှုများကို မျက်ကွယ်ပြုထားခြင်းအား ဝမ်းနည်းစွာတွေ့ရပြီး ယင်းလုပ်ရပ်များမှာ မြန်မာအစိုးရ၏ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နေမှုကို အဟန့်အတားဖြစ်စေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် အာဆီယံအနေဖြင့် ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို လိုက်နာကာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးတုံ့ပြန်ထားသည်။

zawgyi version
အာဆီယံ၏ ဆုံးျဖတ္ခ်က္မ်ားမွာ ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ေနမႈကို အဟန႔္အတားျဖစ္ေစၿပီး ၎ဆုံးျဖတ္ကို ျမန္မာႏိုင္ငံက လက္မခံဟု ျပန္လည္တုံ႔ျပန္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၂

အာဆီယံေခါင္းေဆာင္မ်ား၏ ဆုံးျဖတ္ခ်က္မ်ားမွာ ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ေနမႈကို အဟန႔္အတားျဖစ္ေစၿပီး ၎ဆုံးျဖတ္မ်ားကို ျမန္မာႏိုင္ငံက လက္မခံေၾကာင္း ျပန္လည္တုံ႔ျပန္ထားသည္။

နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ ၁၁ ရက္ ညပိုင္းတြင္ အာဆီယံ၏ ဆုံးျဖတ္ခ်က္မ်ားကို အထက္ပါကဲ့သို႔ ကန႔္ကြယ္ပယ္ခ်ကာ တုံ႔ျပန္ထားျခင္းျဖစ္ သည္။

အႀကိမ္(၄ဝ)ႏွင့္ (၄၁)ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးမ်ားကို ကေမာၻ ဒီးယားႏိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕၌ ႏိုဝင္ဘာလ ၁၁ ရက္တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး အစည္း အေဝးအၿပီးတြင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ ေဖာ္ျခင္းဆိုင္ရာ အာဆီယံေခါင္းေဆာင္မ်ား၏ ျပန္လည္သုံးသပ္ခ်က္ႏွင့္ ဆုံးျဖတ္ ခ်က္အား ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါျပန္လည္သုံးသပ္ခ်က္ႏွင့္ ဆုံးျဖတ္ခ်က္မ်ားကို လက္ခံမည္မဟုတ္ေၾကာင္းႏွင့္ ျပတ္သားစြာပယ္ခ်ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပန္လည္တုံ႔ျပန္ထား သည္။

အာဆီယံေခါင္းေဆာင္မ်ား၏ ျပန္လည္သုံးသပ္ခ်က္ႏွင့္ ဆုံးျဖတ္ခ်က္မ်ားတြင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ေဖာ္ျပခ်က္မ်ားမွာ ျဖစ္စဥ္အမွန္တရားႏွင့္ကင္းကြာလ်က္ရွိၿပီး တူညီဆႏၵ(၅)ခ်က္အေပၚ ျမန္မာႏိုင္ငံက ႀကိဳးစားအားထုတ္ေဆာင္႐ြက္ေပးခဲ့မႈမ်ားကို အျပဳသေဘာေဆာင္ေဖာ္ျပျခင္းမရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

ထို႔ျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္သည့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းႏွင့္ အာဆီယံပဋိညာဥ္စာတမ္းပါ အေျခခံမူမ်ားႏွင့္ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ခဲ့ျခင္းမရွိေၾကာင္း ဝန္ႀကီးဌာနက ကန႔္ကြက္ထားသည္။

ဆက္လက္ၿပီး အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ မည္သည့္ပုံစံ၊ မည္သည့္နည္းလမ္းႏွင့္မဆို ဆက္သြယ္ေဆာင္႐ြက္ရန္ ႀကိဳးပမ္းျခင္းကိုလည္း ျမန္မာႏိုင္ငံက ျပင္းထန္စြာရႈံ႕ခ်ကန႔္ကြက္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

အလားတူ အာဆီယံအေနျဖင့္ တူညီဆႏၵ(၅)ခ်က္ အေကာင္အထည္ေဖာ္ျခင္းကို အခ်ိန္ကန႔္သတ္ခ်က္ျဖင့္ ဖိအားေပး၊ အၾကပ္ကိုင္သည့္ ခ်ဥ္းကပ္မႈမ်ိဳးသည္လည္း အက်ိဳးမရွိႏိုင္သည့္အျပင္ လက္ရွိပူးေပါင္းေဆာင္႐ြက္မႈမ်ားအေပၚ ဆိုးက်ိဳးသက္ ေရာက္မႈမ်ားကိုပင္ ဦးတည္သြားေစႏိုင္ေၾကာင္း တုံ႔ျပန္ထားသည္။

ျမန္မာႏိုင္ငံသည္ အာဆီယံအဖြဲ႕သို႔ ဝင္ေရာက္ခဲ့ေသာ ၁၉၉၇ ခုႏွစ္မွစ၍ အာဆီယံအသိုက္အဝန္းအေကာင္အထည္ေဖာ္မႈ၌ တက္ႂကြစြာပါဝင္ေဆာင္႐ြက္ခဲ့မႈမ်ားကို မ်က္ကြယ္ျပဳထားျခင္းအား ဝမ္းနည္းစြာေတြ႕ရၿပီး ယင္းလုပ္ရပ္မ်ားမွာ ျမန္မာအစိုးရ၏ ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ေနမႈကို အဟန႔္အတားျဖစ္ေစေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

ထို႔ေၾကာင့္ အာဆီယံအေနျဖင့္ ပဋိညာဥ္စာတမ္းပါ ျပ႒ာန္းခ်က္မ်ားႏွင့္ အေျခခံမူမ်ားကို လိုက္နာကာ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္း မျပဳလုပ္ရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးတုံ႔ျပန္ထားသည္။

Picture

san yuko

12/11/2022 12:15

Right

Related news

© 2021. All rights reserved.