မြဝတီမြို့အတွင်း ကျားဖြန့်လိမ်လည်မှုများ နှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်(၃၀၀)ဦးကို ပြည်နှင် လွှဲပြောင်းပေးအပ်

260

ချယ်ရီ (NP News )- ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများအတွင်း ကျားဖြန့်လိမ်လည်မှုများ နှင့် ဒုစရိုက်မှု များလုပ်ဆောင်ခဲ့ကြသော တရုတ်နိုင်ငံသား (၃၀၀) ဦးကို ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသော တရုတ်နိုင်ငံသား (၃၀၀)ဦးကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက်) က မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါတရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် မြဝတီ - KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင် လုပ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန် ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ျမဝတီၿမိဳ႕အတြင္း က်ားျဖန႔္လိမ္လည္မႈမ်ား ႏွင့္ ဒုစ႐ိုက္မႈမ်ားလုပ္ေဆာင္ခဲ့ၾကသည့္ တ႐ုတ္(၃၀၀)ဦးကို ျပည္ႏွင္ လႊဲေျပာင္းေပးအပ္
ခ်ယ္ရီ (NP News )- ေဖေဖာ္ဝါရီ ၂၂
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ - ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားအတြင္း က်ားျဖန႔္လိမ္လည္မႈမ်ား ႏွင့္ ဒုစ႐ိုက္မႈ မ်ားလုပ္ေဆာင္ခဲ့ၾကေသာ တ႐ုတ္ႏိုင္ငံသား (၃၀၀) ဦးကို ျပည္ႏွင္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္ေနထိုင္ၿပီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ - ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္း လိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားလုပ္ေဆာင္ခဲ့ၾကေသာ တ႐ုတ္ႏိုင္ငံသား (၃၀၀)ဦးကို ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၁ ရက္) က ျမန္မာ-ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္း မ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါတ႐ုတ္ႏိုင္ငံသားမ်ား၏ ဖြင့္ဟဝန္ခံခ်က္မ်ားအရ အမ်ားစုသည္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံ ျဖတ္သန္းၿပီး နယ္စပ္ေဒသမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ျမဝတီ - KK Park နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္မႈမ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားတြင္ ပါဝင္ လုပ္ေဆာင္ရန္ ေစခိုင္းျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွ ႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ ကူးခံရသည့္ ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံး ျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။