တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော KNU၊ KIA၊ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်(၄၅)ဦးအား နစကမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

 1260

မျိုးကြီး (NP News) - နိုဝင်ဘာ ၁၈

တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော KNU၊ KIA၊ AA တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင် (၄၅)ဦးအား နစကမှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့ (နိုဝင်ဘာလ ၁၈ ရက်)တွင် အ ကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။

အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ULA/AA အဖွဲ့ဝင် (၁၇)ဦးကို ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း နစကမှ အမိန့်ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိသည့်အပြင် စစ်ဘေးရှောင်ပြည်သူဦးရေမှာလည်း အများအပြားရှိနေသည်ကို တွေ့ရသည်။

ထို့ပြင် နစကသည် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ကချင်လက် နက်ကိုင်အဖွဲ့ KIA ၏ အဖွဲ့ဝင် (၁၇)ဦးကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် KIA တို့သည် ကချင်ပြည် နယ်အတွင်း၌ အပြန်အလှန်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ကိုတွေ့ရသည်။

အလားတူ အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံလျက်ရှိသော ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA အဖွဲ့ဝင် (၅)ဦးကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက် သာခွင့်ပြုခဲ့ကြောင်း နစကမှ ဆိုထားသည်။

RCSS/SSA အဖွဲ့သည် နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလျက်ရှိပြီး တပ်မတော်နှင့် ၎င်းအဖွဲ့ကြားတွင် လက်ရှိကာလ၌ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော KNU/KNLA မှ အဖွဲ့ဝင်(၂)ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU/KNLA ကြားတွင်လည်း လတ်တလောကာလများ၌ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်(၁)ဦးနှင့် KIA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်(၃)ဦးနှင့်ပတ်သက်၍လည်း တရားရုံးများ၌ ၎င်းတို့အပေါ် စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခွင့်ပြုလိုက်ကြောင်း နစကမှ ကြေညာထားသည်။

တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ရည် ရွယ်ကာ နစကအကြီးအကဲသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ပြီး KNU၊ KIA နှင့် AA အဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သော အဖွဲ့များလည်းဖြစ်သည်။

zawgyi version
တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားေနေသာ KNU၊ KIA၊ AA တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ အဖြဲ႕ဝင္(၄၅)ဦးအား နစကမွ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပး
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၈

တပ္မေတာ္ႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေသာ KNU၊ KIA၊ AA တိုင္းရင္းသာလက္နက္ကိုင္အဖြဲ႕မ်ားမွ အဖြဲ႕ဝင္ (၄၅)ဦးအား နစကမွ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ေပးလိုက္ေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ယေန႔ (ႏိုဝင္ဘာလ ၁၈ ရက္)တြင္ အ က်ဥ္းေထာင္အသီးသီး၌ ျပစ္ဒဏ္က်ခံလ်က္ရွိသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ဝင္မ်ားအား ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးခဲ့ေၾကာင္း အမိန႔္ထုတ္ျပန္ထားသည္။

အမ်ိဳးသားေအာင္ပြဲေန႔ကို ဂုဏ္ျပဳေသာအားျဖင့္လည္းေကာင္း၊ တိုင္းရင္းသားစည္း လုံးညီၫြတ္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ေရွးရႈေသာအားျဖင့္လည္းေကာင္း၊ အက်ဥ္းေထာင္မ်ားတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ဝင္မ်ားအား ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ ျပဳလိုက္ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

အက်ဥ္းေထာင္မ်ားတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိသည့္ ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ ULA/AA အဖြဲ႕ဝင္ (၁၇)ဦးကို ျပစ္ဒဏ္မ်ားမွ လြတ္ၿငိမ္းသက္သာခြင့္ျပဳလိုက္ေၾကာင္း နစကမွ အမိန႔္ထုတ္ျပန္ထားသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိၿပီး ႏွစ္ဘက္ထိခိုက္ေသဆုံးမႈမ်ားရွိသည့္အျပင္ စစ္ေဘးေရွာင္ျပည္သူဦးေရမွာလည္း အမ်ားအျပားရွိေနသည္ကို ေတြ႕ရသည္။

ထို႔ျပင္ နစကသည္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည့္ ကခ်င္လက္ နက္ကိုင္အဖြဲ႕ KIA ၏ အဖြဲ႕ဝင္ (၁၇)ဦးကိုလည္း ျပစ္ဒဏ္မ်ားမွ လြတ္ၿငိမ္းခ်မ္းသာ ခြင့္ျပဳလိုက္ေၾကာင္း အမိန႔္ထုတ္ျပန္ထားသည္။

တပ္မေတာ္ႏွင့္ ကခ်င္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ KIA တို႔သည္ ကခ်င္ျပည္ နယ္အတြင္း၌ အျပန္အလွန္ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေနသည္ကိုေတြ႕ရသည္။

အလားတူ အက်ဥ္းေထာင္မ်ား၌ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ RCSS/SSA အဖြဲ႕ဝင္ (၅)ဦးကိုလည္း ျပစ္ဒဏ္မ်ားမွ လြတ္ၿငိမ္းသက္ သာခြင့္ျပဳခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

RCSS/SSA အဖြဲ႕သည္ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ေဆြးေႏြးလ်က္ရွိၿပီး တပ္မေတာ္ႏွင့္ ၎အဖြဲ႕ၾကားတြင္ လက္ရွိကာလ၌ တိုက္ပြဲျဖစ္ပြားမႈမရွိခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ အက်ဥ္းေထာင္၌ ျပစ္ဒဏ္က်ခံေနရသည့္ ကရင္လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ KNU/KNLA မွ အဖြဲ႕ဝင္(၂)ဦးကိုလည္း လြတ္ၿငိမ္းသက္သာခြင့္ေပးခဲ့ေၾကာင္း သိရသည္။

တပ္မေတာ္ႏွင့္ ကရင္လက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ KNU/KNLA ၾကားတြင္လည္း လတ္တေလာကာလမ်ား၌ ထိေတြ႕တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ AA လက္နက္ကိုင္အဖြဲ႕မွ အဖြဲ႕ဝင္(၁)ဦးႏွင့္ KIA လက္နက္ကိုင္အဖြဲ႕မွ အဖြဲ႕ဝင္(၃)ဦးႏွင့္ပတ္သက္၍လည္း တရား႐ုံးမ်ား၌ ၎တို႔အေပၚ စြဲဆိုထားသည့္ ျပစ္မႈဆိုင္ရာအမႈမ်ားကို ပိတ္သိမ္းခြင့္ျပဳလိုက္ေၾကာင္း နစကမွ ေၾကညာထားသည္။

တစ္ႏိုင္ငံလုံး လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးႏွင့္ ၿငိမ္းခ်မ္းေရးရရွိရန္ ရည္ ႐ြယ္ကာ နစကအႀကီးအကဲသည္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကို ေတြ႕ဆုံေဆြးေႏြးရန္ဖိတ္ေခၚခဲ့ၿပီး KNU၊ KIA ႏွင့္ AA အဖြဲ႕တို႔သည္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ မတက္ေရာက္ခဲ့ေသာ အဖြဲ႕မ်ားလည္းျဖစ္သည္။

Picture

Bo Tho

20/11/2022 09:10

နို့ နေပါအုံး ထောင်ထဲမှာ ပြစ်မှု အမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ တပ်မတော်သားတွေကို ရော လွတ်ငြိမ်းလျှော့ပေါ့ လုပ်ပေးဖို့ အစီအစဉ်ရှိမရှိ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ စစ်သားတွေ

Related news

© 2021. All rights reserved.