နေအိမ်၌ရှိနေစဉ် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် (၈)နှစ်အရွယ်ကလေး(၁)ဦးအပါအဝင် (၃)ဦးသေဆုံးမှု ဘားအံမြို့တွင်ဖြစ်ပွား

 826

NP News - နိုဝင်ဘာ ၁၉

နေအိမ်၌ ရှိနေစဉ်ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် (၈) နှစ်အရွယ်က လေး(၁)ဦးအပါအဝင် (၃)ဦးသေဆုံး၍ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ဘားအံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁၇)ရက်၊ ညနေ(၅)နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ မိကရင်ကျေးရွာတွင်နေထိုင်သူ ဒေါ်စန်းအေးသည် (၈)နှစ်အရွယ် သမီးဖြစ်သူ မခိုင်စံပယ်ခင်၊ (၁ဝ)နှစ်အရွယ်သမီးဖြစ်သူ မပြည့်ပြည့်ဖြိုး၊ သားဖြစ်သူ မောင်စောအောင်မြင့်ထွန်းတို့အပြင် ၎င်းတို့၏ နေအိမ်သို့ အလည်ရောက်နေသည့် စောအောင်ကျော်မြင့်တို့နှင့်အတူ နေအိမ်၌ရှိနေချိန်တွင် ကော့ဖျံတောင်ဘက်မှ မော်တော်ယာဉ်(၂)စီးဖြင့် အကြမ်းဖက်သမားများ ရောက်ရှိလာကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် ၎င်းတို့အား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ကာ လာရာလမ်းအတိုင်း ပြန် လည်မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မခိုင်စံ ပယ်ခင်၊ မောင်စောအောင်မြင့်ထွန်းနှင့် စောအောင်ကျော်မြင့်တို့(၃)ဦးသည် အခင်း ဖြစ်ရာနေရာတွင် သေဆုံးခဲ့ခြင်းကြောင့် ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်စန်းအေးနှင့် မပြည့်ပြည့်ဖြိုးတို့တွင်လည်း ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နစကမှ ဆိုသည်။

အထက်ပါကဲ့သို့ ပြည်သူများအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်များအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ေနအိမ္၌ရွိေနစဥ္ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ (၈)ႏွစ္အ႐ြယ္ကေလး(၁)ဦးအပါအဝင္ (၃)ဦးေသဆုံးမႈ ဘားအံၿမိဳ႕တြင္ျဖစ္ပြား
NP News - ႏိုဝင္ဘာ ၁၉

ေနအိမ္၌ ရွိေနစဥ္ရက္စက္စြာ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ (၈) ႏွစ္အ႐ြယ္က ေလး(၁)ဦးအပါအဝင္ (၃)ဦးေသဆုံး၍ အမ်ိဳးသမီး(၂)ဦး ထိခိုက္ဒဏ္ရာရရွိမႈ ဘားအံၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၈)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၁၇)ရက္၊ ညေန(၅)နာရီအခ်ိန္ခန႔္တြင္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ရွိ မိကရင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ မိကရင္ေက်း႐ြာတြင္ေနထိုင္သူ ေဒၚစန္းေအးသည္ (၈)ႏွစ္အ႐ြယ္ သမီးျဖစ္သူ မခိုင္စံပယ္ခင္၊ (၁ဝ)ႏွစ္အ႐ြယ္သမီးျဖစ္သူ မျပည့္ျပည့္ၿဖိဳး၊ သားျဖစ္သူ ေမာင္ေစာေအာင္ျမင့္ထြန္းတို႔အျပင္ ၎တို႔၏ ေနအိမ္သို႔ အလည္ေရာက္ေနသည့္ ေစာေအာင္ေက်ာ္ျမင့္တို႔ႏွင့္အတူ ေနအိမ္၌ရွိေနခ်ိန္တြင္ ေကာ့ဖ်ံေတာင္ဘက္မွ ေမာ္ေတာ္ယာဥ္(၂)စီးျဖင့္ အၾကမ္းဖက္သမားမ်ား ေရာက္ရွိလာေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ ၎တို႔အား အေၾကာင္းမဲ့ပစ္ခတ္သတ္ျဖတ္ကာ လာရာလမ္းအတိုင္း ျပန္ လည္ေမာင္းႏွင္ထြက္ေျပးသြားခဲ့ၿပီး ၎တို႔၏ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ မခိုင္စံ ပယ္ခင္၊ ေမာင္ေစာေအာင္ျမင့္ထြန္းႏွင့္ ေစာေအာင္ေက်ာ္ျမင့္တို႔(၃)ဦးသည္ အခင္း ျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ျခင္းေၾကာင့္ ဘားအံၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေဒၚစန္းေအးႏွင့္ မျပည့္ျပည့္ၿဖိဳးတို႔တြင္လည္း ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎တို႔အား နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

အထက္ပါကဲ့သို႔ ျပည္သူမ်ားအား အေၾကာင္းမဲ့ရက္စက္စြာ သတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္မ်ားအား အျမန္ဆုံးဖမ္းဆီးရမိႏိုင္ရန္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.