အကြမ်းဖက်သတ်ဖြတ်ခံရသည့် ရဟန်းသံဃာ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်း (၁၂ဝ)ဦးအထိရှိပြီး စစ်ကိုင်း၌ အများဆုံးသတ်ဖြတ်ခံရမှုဖြစ်ပွား

 650

NP News - နိုဝင်ဘာ ၁၉

အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ရဟန်းသံဃာ၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာ ရေးဝန်ထမ်း စုစုပေါင်း (၁၂ဝ)ဦးအထိရှိပြီး စစ်ကိုင်းတိုင်း၌ အများဆုံးသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက် အထိစုစုပေါင်း (၂၁)လတာကာလအထိ ရဟန်းသံဃာ၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာ ရေးဝန်ထမ်း သတ်ဖြတ်ခံခဲ့ရသည့်အချက်အလက်များကို နစကမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ (၂၁)လတာကာလအတွင်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ရဟန်းသံဃာတော်စုစုပေါင်း (၆၇)ပါးအထိရှိပြီး ဒဏ်ရာရရှိသည့် ရဟန်းသံဃာတော်မှာ အပါး(၃ဝ)ရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သီလရှင် (၁)ပါးမှာ သေဆုံးခဲ့သည့်အ ပြင် တစ်ပါးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များမှာ စစ်ကိုင်း တိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၂၃)ခုတွင် တစ်နိုင်ငံလုံး၌ အများဆုံးအနေဖြင့် ဖြစ် ပွားခဲ့ပြီး သံဃာ(၂၉)ပါးအထိ ပျံလွန်တော်မူခဲ့ရာ (၁၄)ပါးမှာလည်း ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

တစ်နိုင်ငံလုံး၌ ဒုတိယအများဆုံး ရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်တိုင်းမှာ မကွေးတိုင်းဖြစ်ပြီး သံဃာ(၁၄)ပါးအထိ သတ်ဖြတ်ခံခဲ့ရကာမန္တလေးတိုင်းတွင် သံဃာ(၁၁)ပါးဖြင့် တတိယအများဆုံး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အလားတူ နိုင်ငံတော်၏ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည်လည်း ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရမှုများ ရှိခဲ့သည်။

အဆိုပါ (၂၁)လတာကာလအတွင်း ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၄ဝ)ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး (၃၈)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရမှု အများဆုံးဖြစ်ပွားခဲ့သော တိုင်းမှာလည်း စစ်ကိုင်းတိုင်းဖြစ်ပြီး ပညာရေးဝန် ထမ်း(၁၉)ဦးအထိ သတ်ဖြတ်ခံခဲ့ရသည်။

ထို့ပြင် ကျန်းမာရေးဝန်ထမ်းများမှာလည်း အကြမ်ဖက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များထဲတွင်ပါဝင်ခဲ့ပြီး စုစုပေါင်း (၁၃)ဦးမှာ သတ်ဖြတ်ခံခဲ့ရကာ စစ်ကိုင်းတိုင်းတွင်ပင် အများဆုံးဖြစ်ပွားခဲ့ကြောင်း နစက၏ အချက်အလက်များက ဆိုထားသည်။

zawgyi version
အၾကမ္းဖက္သတ္ျဖတ္ခံရသည့္ ရဟန္းသံဃာ၊ ပညာေရးႏွင့္က်န္းမာေရးဝန္ထမ္း (၁၂ဝ)ဦးအထိရွိၿပီး စစ္ကိုင္း၌ အမ်ားဆုံးသတ္ျဖတ္ခံရမႈျဖစ္ပြား
NP News - ႏိုဝင္ဘာ ၁၉

အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ရဟန္းသံဃာ၊ ပညာေရးဝန္ထမ္းႏွင့္ က်န္းမာ ေရးဝန္ထမ္း စုစုေပါင္း (၁၂ဝ)ဦးအထိရွိၿပီး စစ္ကိုင္းတိုင္း၌ အမ်ားဆုံးသတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္ အထိစုစုေပါင္း (၂၁)လတာကာလအထိ ရဟန္းသံဃာ၊ ပညာေရးဝန္ထမ္းႏွင့္ က်န္းမာ ေရးဝန္ထမ္း သတ္ျဖတ္ခံခဲ့ရသည့္အခ်က္အလက္မ်ားကို နစကမွ အသိေပးထုတ္ျပန္ထားသည္။

အဆိုပါ (၂၁)လတာကာလအတြင္း အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ရဟန္းသံဃာေတာ္စုစုေပါင္း (၆၇)ပါးအထိရွိၿပီး ဒဏ္ရာရရွိသည့္ ရဟန္းသံဃာေတာ္မွာ အပါး(၃ဝ)ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ သီလရွင္ (၁)ပါးမွာ ေသဆုံးခဲ့သည့္အ ျပင္ တစ္ပါးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ရဟန္းသံဃာေတာ္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ျဖစ္စဥ္မ်ားမွာ စစ္ကိုင္း တိုင္းအတြင္းရွိ ၿမိဳ႕နယ္ေပါင္း (၂၃)ခုတြင္ တစ္ႏိုင္ငံလုံး၌ အမ်ားဆုံးအေနျဖင့္ ျဖစ္ ပြားခဲ့ၿပီး သံဃာ(၂၉)ပါးအထိ ပ်ံလြန္ေတာ္မူခဲ့ရာ (၁၄)ပါးမွာလည္း ထိခိုက္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

တစ္ႏိုင္ငံလုံး၌ ဒုတိယအမ်ားဆုံး ရဟန္းသံဃာေတာ္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္တိုင္းမွာ မေကြးတိုင္းျဖစ္ၿပီး သံဃာ(၁၄)ပါးအထိ သတ္ျဖတ္ခံခဲ့ရကာမႏၲေလးတိုင္းတြင္ သံဃာ(၁၁)ပါးျဖင့္ တတိယအမ်ားဆုံး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေၾကာင္း သိရသည္။

အလားတူ ႏိုင္ငံေတာ္၏ ပညာေရးဝန္ထမ္းမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားသည္လည္း ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရမႈမ်ား ရွိခဲ့သည္။

အဆိုပါ (၂၁)လတာကာလအတြင္း ပညာေရးဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ ဆရာမ၊ ဝန္ထမ္းစုစုေပါင္း (၄ဝ)ဦး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရၿပီး (၃၈)ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပညာေရးဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ ဆရာမမ်ား အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရမႈ အမ်ားဆုံးျဖစ္ပြားခဲ့ေသာ တိုင္းမွာလည္း စစ္ကိုင္းတိုင္းျဖစ္ၿပီး ပညာေရးဝန္ ထမ္း(၁၉)ဦးအထိ သတ္ျဖတ္ခံခဲ့ရသည္။

ထို႔ျပင္ က်န္းမာေရးဝန္ထမ္းမ်ားမွာလည္း အၾကမ္ဖက္သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္မ်ားထဲတြင္ပါဝင္ခဲ့ၿပီး စုစုေပါင္း (၁၃)ဦးမွာ သတ္ျဖတ္ခံခဲ့ရကာ စစ္ကိုင္းတိုင္းတြင္ပင္ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားက ဆိုထားသည္။

Related news

© 2021. All rights reserved.