ဂန့်ဂေါမြို့နယ်အတွင်းရှိ အကျယ်အဝန်း ဧက(၂၂ဝဝ)ရှိသော နယ်မြေကို “ဇီးပြားကြိုးပြင်ကာကွယ်တော”အဖြစ်သတ်မှတ်

 463

ယွန်း (NP News) - နိုဝင်ဘာ ၁၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဧရိယာ အကျယ်အဝန်း ဧက(၂၂ဝဝ)ရှိသော နယ်မြေကို “ဇီးပြားကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ နိုဝင်ဘာလ (၁၄) ရက်မှစ၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက(၂၂ဝဝ) ရှိသော နယ်မြေကို “ဇီးပြားကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဧရိယာပတ်ဝန်းကျင်တွင်ရှိသော ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အပြင် သဘာဝတောရိုင်း တိရစ္ဆာန်များကို ကာကွယ်စောင့် ရှောက်ရန်နှင့် စိုက်ပျိုးမြေများအတွက် ရေရရှိမည့် ရေဝေရေလဲတို့အား ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြင့် ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ကျွန်း၊ ပျဉ်းကတိုးများ အပါအဝင် သစ်တောများကို ထိန်းသိမ်းနိုင်မည့်အပြင် တိရစ္ဆာန်များကျက်စားရာဒေသများလည်းတိုးလာနိုင်ကြောင်း ဝန်ကြီးဌာနမှဆိုသည်။

ထို့ပြင် တောင်ချောင်းမကြီးနှင့် ကျောက်ထရံချောင်းတို့ ပေါင်းဆုံပြီး ပုလောချောင်းအတွင်းသို့ စီးဆင်းသည့် အဓိကရေဝေရေလဲဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကြိုးပြင်ကာကွယ်တောသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
ဂန႔္ေဂါၿမိဳ႕နယ္အတြင္းရွိ အက်ယ္အဝန္း ဧက(၂၂ဝဝ)ရွိေသာ နယ္ေျမကို “ဇီးျပားႀကိဳးျပင္ကာကြယ္ေတာ”အျဖစ္သတ္မွတ္
ယြန္း (NP News) - ႏိုဝင္ဘာ ၁၉

မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳ႕နယ္အတြင္းရွိ ဧရိယာ အက်ယ္အဝန္း ဧက(၂၂ဝဝ)ရွိေသာ နယ္ေျမကို “ဇီးျပားႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ သတ္မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၈)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးဌာနအေနျဖင့္ ၂ဝ၁၈ ခုႏွစ္တြင္ ျပ႒ာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ(၆)၊ ပုဒ္မခြဲ(င)အရ အပ္ႏွင္းထားေသာ အခြင့္အာဏာမ်ားကိုက်င့္သုံး၍ ႏိုဝင္ဘာလ (၁၄) ရက္မွစ၍ ဂန႔္ေဂါခ႐ိုင္၊ ဂန႔္ေဂါၿမိဳ႕နယ္အတြင္း က်ေရာက္ေနသည့္ ဧရိယာအက်ယ္အဝန္း ဧက(၂၂ဝဝ) ရွိေသာ နယ္ေျမကို “ဇီးျပားႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါဧရိယာပတ္ဝန္းက်င္တြင္ရွိေသာ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္အျပင္ သဘာဝေတာ႐ိုင္း တိရစာၦန္မ်ားကို ကာကြယ္ေစာင့္ ေရွာက္ရန္ႏွင့္ စိုက္ပ်ိဳးေျမမ်ားအတြက္ ေရရရွိမည့္ ေရေဝေရလဲတို႔အား ထိန္းသိမ္းရန္ရည္႐ြယ္၍ ႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္ျခင္းျဖင့္ ဧရိယာအတြင္း ေပါက္ေရာက္လ်က္ရွိေသာ ကြၽန္း၊ ပ်ဥ္းကတိုးမ်ား အပါအဝင္ သစ္ေတာမ်ားကို ထိန္းသိမ္းႏိုင္မည့္အျပင္ တိရစာၦန္မ်ားက်က္စားရာေဒသမ်ားလည္းတိုးလာႏိုင္ေၾကာင္း ဝန္ႀကီးဌာနမွဆိုသည္။

ထို႔ျပင္ ေတာင္ေခ်ာင္းမႀကီးႏွင့္ ေက်ာက္ထရံေခ်ာင္းတို႔ ေပါင္းဆုံၿပီး ပုေလာေခ်ာင္းအတြင္းသို႔ စီးဆင္းသည့္ အဓိကေရေဝေရလဲေဒသအား ထိန္းသိမ္းႏိုင္မည္ျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

အဆိုပါႀကိဳးျပင္ကာကြယ္ေတာသည္ ေဒသခံျပည္သူမ်ား၏ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ပိုမိုေကာင္းမြန္လာေစမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.