နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာပြန်ကြားရေးဌာန စတင်တည်ထောင်ရန် မြန်မာ-ရုရှားလက်မှတ်ရေးထိုး
893
မျိုးကြီး (NP News) - နိုဝင်ဘာ ၂ဝ
ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာပြန်ကြားရေးဌာန တည်ထောင်ဖွင့်လှစ်ရန် ရုရှားနှင့် မြန်မာနိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်တွင် ရုရှားနိုင်ငံ၊ Sanit Petersburg မြို့ရှိ Nuclear technology information center သို့သွားရောက်ကာ လေ့လာခဲ့ကြောင်း နစက မှ ဆိုထားသည်။
မြန်မာနိုင်ငံတွင် နျူကလီးယားပညာကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုယုံကြည်စိတ်ချလက်ခံနားလည်သဘောပေါက်ရေးအတွက် ရန်ကုန်မြို့၌ Nuclear technology information center တည် ထောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ အဆိုပါစင်တာ တည်ထောင်ဖွင့်လှစ်ရန်အတွက် ရုရှားနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM နှင့် မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရေး ကဏ္ဍပေါင်းစုံလူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် အသေးစား နျူကလီး ယားဓာတ်အားပေးစက်ရုံကို နှစ်ပိုင်းအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားဖူးသည်။
zawgyi version
န်ဴကလီးယားဓာတ္အားေပးစက္႐ုံ တည္ေဆာက္ေရးအတြက္ ရန္ကုန္ၿမိဳ႕၌ န်ဴကလီးယားနည္းပညာျပန္ၾကားေရးဌာန စတင္တည္ေထာင္ရန္ ျမန္မာ-႐ုရွားလက္မွတ္ေရးထိုး
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂ဝ
ရန္ကုန္ၿမိဳ႕၌ န်ဴကလီးယားနည္းပညာျပန္ၾကားေရးဌာန တည္ေထာင္ဖြင့္လွစ္ရန္ ႐ုရွားႏွင့္ ျမန္မာႏိုင္ငံအၾကား သေဘာတူ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္းရရွိသည္။
သိပၸံႏွင့္နည္းပညာဝန္ႀကီး ေဒါက္တာမ်ိဳးသိန္းေက်ာ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ႏိုဝင္ဘာလ ၁၈ ရက္တြင္ ႐ုရွားႏိုင္ငံ၊ Sanit Petersburg ၿမိဳ႕ရွိ Nuclear technology information center သို႔သြားေရာက္ကာ ေလ့လာခဲ့ေၾကာင္း နစက မွ ဆိုထားသည္။
ျမန္မာႏိုင္ငံတြင္ န်ဴကလီးယားပညာကို ၿငိမ္းခ်မ္းေသာ ရည္႐ြယ္ခ်က္ျဖင့္ အသုံးျပဳႏိုင္ေရးႏွင့္ပတ္သက္၍ ျပည္သူလူထုယုံၾကည္စိတ္ခ်လက္ခံနားလည္သေဘာေပါက္ေရးအတြက္ ရန္ကုန္ၿမိဳ႕၌ Nuclear technology information center တည္ ေထာင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕၌ အဆိုပါစင္တာ တည္ေထာင္ဖြင့္လွစ္ရန္အတြက္ ႐ုရွားႏိုင္ငံ၊ ႏိုင္ငံပိုင္အဏုျမဴစြမ္းအင္ေကာ္ပိုေရးရွင္း ROSATOM ႏွင့္ ျမန္မာႏိုင္ငံ၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
န်ဴကလီးယားစြမ္းအင္အား ၿငိမ္းခ်မ္းစြာအသုံးျပဳေရး၊ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အသုံးခ်ႏိုင္ေရး က႑ေပါင္းစုံလူ႔စြမ္းအားအရင္းအျမစ္ျပဳစုပ်ိဳးေထာင္ေရးတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ပထမဦးဆုံးအေနျဖင့္ အေသးစား န်ဴကလီး ယားဓာတ္အားေပးစက္႐ုံကို ႏွစ္ပိုင္းအတြင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားဖူးသည္။