စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုရီးယားသမ္မတပြော
656
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄
တောင်ကိုရီးယားသမ္မတဟာ ဖိအားမျိုးစုံကို ရင်ဆိုင်နေရသလို တောင်ကိုရီးယားလွှတ်တော်ကလည်း စစ်အုပ်ချုပ်ရေးဥပဒေကို မဲခွဲ ကန့်ကွက်လိုက်တဲ့အတွက် စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်ရပါတယ်။
သမ္မတယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်လည်ရုတ်သိမ်းခဲ့ပေမယ့် နိုင်ငံရေးဖိအားတွေကတော့လျော့နည်းသွားတာမျိုးမရှိဘဲ ပိုလို့တိုးလာနေပါတယ်။ တောင်ကိုရီးယားသမ္မတက "လွှတ် တော်ဟာ နိုင်ငံအရေးပေါ်စစ်ဥပေဒကြေညာမှုကို ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဖြန့်ကြက်ချထားတဲ့ စစ်သားတွေကို ပြန်လည်ရုတ်သိမ်းသွားမယ်။ တောင်ကိုရီးယားလွှတ်တော်ရဲ့တောင်းဆိုချက်တွေကို လက်ခံသွားမယ်။ အရေးပေါ်အစည်းအဝေးကျင်းပပြီး စစ်အုပ်ချုပ်ရေးသတ်မှတ်မှုတွေကို ပြန်လည်ရုတ်သိမ်းသွားမယ်"လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရအဖွဲ့ဝန်ကြီးဟောင်းတွေအပြင် အစိုးရတာဝန်ရှိသူတွေဟာ စစ်အုပ်ချုပ်ရေးဥပဒေကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ရဲ့လုပ်ရပ်တွေကိုဝေဖန်ပြစ်တင်ခဲ့ပြီး နိုင်ငံ ဒီမိုကရေစီကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်ခဲ့တာမျိုးဖြစ်တယ်လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စား လှယ် (၃၀၀)ကျော်ဟာ စစ်အုပ်ချုပ်ရေးကြေညာချက်ကိုလက်ခံခြင်းရှိ မရှိ မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၉၀)ကျော်က ဒီကြေညာချက်ကို ကန့်ကွက်ကြောင်း မဲခွဲခဲ့ကြပြီး သမ္မတ ယွန်းရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာချက်ဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေ ပယ်ဖျက်လိုက်ပေမယ့် တောင်ကိုရီးယား အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး ယွန်ဆက်ယိုလ်ကို ရာထူးက နုတ်ထွက်အောင် ဖိအားပေးဆန္ဒပြပွဲတွေဆက်လက်လုပ်ဆာင်မယ်လို့ဆိုပါတယ်။
zawgyi version
စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပန္လည္႐ုပ္သိမ္းေၾကာင္း ေတာင္ကိုရီးယားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄
ေတာင္ကိုရီးယားသမၼတဟာ ဖိအားမ်ိဳးစုံကို ရင္ဆိုင္ေနရသလို ေတာင္ကိုရီးယားလႊတ္ေတာ္ကလည္း စစ္အုပ္ခ်ဳပ္ေရးဥပေဒကို မဲခြဲ ကန႔္ကြက္လိုက္တဲ့အတြက္ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပန္လည္႐ုပ္သိမ္းလိုက္ရပါတယ္။
သမၼတယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပန္လည္႐ုတ္သိမ္းခဲ့ေပမယ့္ ႏိုင္ငံေရးဖိအားေတြကေတာ့ေလ်ာ့နည္းသြားတာမ်ိဳးမရွိဘဲ ပိုလို႔တိုးလာေနပါတယ္။ ေတာင္ကိုရီးယားသမၼတက "လႊတ္ ေတာ္ဟာ ႏိုင္ငံအေရးေပၚစစ္ဥေပဒေၾကညာမႈကို ျပန္လည္႐ုတ္သိမ္းဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ျဖန႔္ၾကက္ခ်ထားတဲ့ စစ္သားေတြကို ျပန္လည္႐ုတ္သိမ္းသြားမယ္။ ေတာင္ကိုရီးယားလႊတ္ေတာ္ရဲ႕ေတာင္းဆိုခ်က္ေတြကို လက္ခံသြားမယ္။ အေရးေပၚအစည္းအေဝးက်င္းပၿပီး စစ္အုပ္ခ်ဳပ္ေရးသတ္မွတ္မႈေတြကို ျပန္လည္႐ုတ္သိမ္းသြားမယ္"လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ေတာင္ကိုရီးယားအစိုးရအဖြဲ႕ဝန္ႀကီးေဟာင္းေတြအျပင္ အစိုးရတာဝန္ရွိသူေတြဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒေၾကညာခဲ့တဲ့ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ရဲ႕လုပ္ရပ္ေတြကိုေဝဖန္ျပစ္တင္ခဲ့ၿပီး ႏိုင္ငံ ဒီမိုကေရစီကို ဖ်က္လိုဖ်က္ဆီးလုပ္ေဆာင္ခဲ့တာမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။ လႊတ္ေတာ္ကိုယ္စား လွယ္ (၃၀၀)ေက်ာ္ဟာ စစ္အုပ္ခ်ဳပ္ေရးေၾကညာခ်က္ကိုလက္ခံျခင္းရွိ မရွိ မဲခြဲဆုံးျဖတ္ခဲ့ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၁၉၀)ေက်ာ္က ဒီေၾကညာခ်က္ကို ကန႔္ကြက္ေၾကာင္း မဲခြဲခဲ့ၾကၿပီး သမၼတ ယြန္းရဲ႕ စစ္အုပ္ခ်ဳပ္ေရး ဥပေဒေၾကညာခ်က္ဟာ တရားမဝင္ဘူးလို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သမၼတယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ပယ္ဖ်က္လိုက္ေပမယ့္ ေတာင္ကိုရီးယား အလုပ္သမားသမဂၢက ဦးေဆာင္ၿပီး ယြန္ဆက္ယိုလ္ကို ရာထူးက ႏုတ္ထြက္ေအာင္ ဖိအားေပးဆႏၵျပပြဲေတြဆက္လက္လုပ္ဆာင္မယ္လို႔ဆိုပါတယ္။