မလေးရှားရွေးကောက်ပွဲ အခက်အခဲပြဿနာတွေကိုဖြေရှင်းဖို့ မလေးရှားဘုရင် တိုက်တွန်းတောင်းဆို

 583

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃

မလေးရှားဘုရင်ဟာ မလေးရှားနိုင်ငံမှာဖြစ်နေတဲ့ ရွေးကောက်ပွဲအခက်အခဲပြဿနာတွေကိုဖြေရှင်းဖို့ ဆူလ်တန် ကောင်စီကို တိုက်တွန်းတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ရွေးကောက်ပွဲကျင်းပခဲ့ပေမယ့် နိုင်ငံရေးပါတီများကြား အပြတ် အသတ်အနိုင်ရတာမျိုးမရှိခဲ့ရာ ဝန်ကြီးချုပ်အဖြစ် ဘယ်သူတာဝန်ယူမလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အငြင်းပွား လျက်ရှိနေရာ ဝန်ကြီးချုပ် ဘယ်သူဖြစ်သင့်မလဲဆိုတဲ့အချက်ကို အရေးပေါ်အစည်းဝေးကျင်းပဆွေးနွေးဖို့ ဆူလ်တန် ကောင်စီကို တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားအတိုက်ခံပါတီဖြစ်တဲ့ အန်ဝါ အီဘရာဟင် ဦးဆောင်တဲ့ပါတီနဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ယက်ဆင် ဦးဆောင်တဲ့ပါတီတို့ဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရတဲ့ ပါတီတွေဖြစ်ခဲ့ပြီး၊ ဝန်ကြီးချုပ်ကို အဆိုပါ နှစ်ပါတီကတည်းက အဓိကထားရွေးချယ်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မရေရာမှုတွေက မလေးရှားနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာမှာ စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

မလေးရှား ဆူလ်တန်ကောင်စီဟာ မလေးရှားအစိုးရအသစ် ဖွဲ့စည်းနိုင်ရေးအတွက် လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးတိုင်ပင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားဘုရင့်နန်းတော်က "မလေးရှား ဆူလ်တန် ကောင်စီဝင်တွေ တွေ့ဆုံဆွေးနွေးမယ့် အဓိကရည်ရွယ်ချက်က မလေးရှားနိုင်ငံနဲ့ ပြည်သူတွေအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှာပါ" လို့ပြောပါတယ်။

မလေးရှားဘုရင်ဟာ ရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့ ယက်ဆင်ဦးဆောင်တဲ့ပါတီနဲ့ အန်ဝါအီဘရာဟင် ဦးဆောင်တဲ့ပါတီတို့ကို မဟာမိတ်အဖြစ် ပူးပေါင်းပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ ရက်သတ်မှတ်ပေးခဲ့ပေမယ့် ပါတီနှစ်ခု စလုံးဟာ သတ်မှတ်အတွင်း ပူးပေါင်းပြီး အစိုးရအဖွဲ့မဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အတွက်ကြောင့် မလေးရှားဘုရင်ဟာ မလေးရှားနိုင်ငံအတွက် ဝန်ကြီးချုပ်အသစ် ဘယ်သူဖြစ်သင့်မလဲဆိုတာကို ဆူလ်တန်ကောင်စီနဲ့ ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ မလေးရှားအတိုက်ခံ အန်ဝါအီဘရာဟင် ဦးဆောင်တဲ့ပါတီဟာ ရွေးကောက်ပွဲမှာ ၈၂ နေရာအနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ယက်ဆင် ဦးဆောင်တဲ့ပါတီက ၇၃ နေရာအနိုင်ရခဲ့ပါတယ်။ မလေးရှားရွေးကောက်ပွဲဥပဒေမှာ ပါတီတစ်ခုကတည်းက အစိုးရ အသစ်အဖြစ် သီးခြားဖွဲ့စည်းနိုင်ဖို့ အောက်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၂ ဦး အနည်းဆုံး အနိုင်ရဖို့ လိုအပ်နေရာ လက်ရှိအချိန်မှာ ဘယ်ပါတီမှ အောက်လွှတ်တော်မှာ အနိုင်ရသူကိုယ်စားလှယ်ပေါင်း ၁၁၂ ဦး မရတဲ့အတွက် အစိုးရဖွဲ့နိုင်ဖို့ ပါတီတွေကြား မဟာမိတ်အဖြစ် ပူးပေါင်းရဖွယ်ရှိနေပါတယ်။

Zawgyi Version;
မေလးရွားေ႐ြးေကာက္ပြဲ အခက္အခဲျပႆနာေတြကိုေျဖရွင္းဖို႔ မေလးရွားဘုရင္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃

မေလးရွားဘုရင္ဟာ မေလးရွားႏိုင္ငံမွာျဖစ္ေနတဲ့ ေ႐ြးေကာက္ပြဲအခက္အခဲျပႆနာေတြကိုေျဖရွင္းဖို႔ ဆူလ္တန္ ေကာင္စီကို တိုက္တြန္းေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။

မေလးရွားႏိုင္ငံမွာ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ေ႐ြးေကာက္ပြဲက်င္းပခဲ့ေပမယ့္ ႏိုင္ငံေရးပါတီမ်ားၾကား အျပတ္ အသတ္အႏိုင္ရတာမ်ိဳးမရွိခဲ့ရာ ဝန္ႀကီးခ်ဳပ္အျဖစ္ ဘယ္သူတာဝန္ယူမလဲဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး အျငင္းပြား လ်က္ရွိေနရာ ဝန္ႀကီးခ်ဳပ္ ဘယ္သူျဖစ္သင့္မလဲဆိုတဲ့အခ်က္ကို အေရးေပၚအစည္းေဝးက်င္းပေဆြးေႏြးဖို႔ ဆူလ္တန္ ေကာင္စီကို တိုက္တြန္းေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မေလးရွားအတိုက္ခံပါတီျဖစ္တဲ့ အန္ဝါ အီဘရာဟင္ ဦးေဆာင္တဲ့ပါတီနဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း ယက္ဆင္ ဦးေဆာင္တဲ့ပါတီတို႔ဟာ ေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးအႏိုင္ရတဲ့ ပါတီေတြျဖစ္ခဲ့ၿပီး၊ ဝန္ႀကီးခ်ဳပ္ကို အဆိုပါ ႏွစ္ပါတီကတည္းက အဓိကထားေ႐ြးခ်ယ္ရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

မေလးရွားႏိုင္ငံမွာ မၾကာေသးမီက က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး မေရရာမႈေတြက မေလးရွားႏိုင္ငံမွာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြျဖစ္လာမွာ စိုးရိမ္မႈျမင့္တက္ေနတယ္လို႔ သိရပါတယ္။

မေလးရွား ဆူလ္တန္ေကာင္စီဟာ မေလးရွားအစိုးရအသစ္ ဖြဲ႕စည္းႏိုင္ေရးအတြက္ လာမယ့္ရက္ပိုင္းအတြင္း ေတြ႕ဆုံေဆြးေႏြးတိုင္ပင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ မေလးရွားဘုရင့္နန္းေတာ္က "မေလးရွား ဆူလ္တန္ ေကာင္စီဝင္ေတြ ေတြ႕ဆုံေဆြးေႏြးမယ့္ အဓိကရည္႐ြယ္ခ်က္က မေလးရွားႏိုင္ငံနဲ႔ ျပည္သူေတြအတြက္ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္ေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမွာပါ" လို႔ေျပာပါတယ္။

မေလးရွားဘုရင္ဟာ ေ႐ြးေကာက္ပြဲမွာ အမ်ားဆုံး အႏိုင္ရခဲ့တဲ့ ယက္ဆင္ဦးေဆာင္တဲ့ပါတီနဲ႔ အန္ဝါအီဘရာဟင္ ဦးေဆာင္တဲ့ပါတီတို႔ကို မဟာမိတ္အျဖစ္ ပူးေပါင္းၿပီး အစိုးရအသစ္ဖြဲ႕စည္းဖို႔ ရက္သတ္မွတ္ေပးခဲ့ေပမယ့္ ပါတီႏွစ္ခု စလုံးဟာ သတ္မွတ္အတြင္း ပူးေပါင္းၿပီး အစိုးရအဖြဲ႕မဖြဲ႕စည္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ထို႔အတြက္ေၾကာင့္ မေလးရွားဘုရင္ဟာ မေလးရွားႏိုင္ငံအတြက္ ဝန္ႀကီးခ်ဳပ္အသစ္ ဘယ္သူျဖစ္သင့္မလဲဆိုတာကို ဆူလ္တန္ေကာင္စီနဲ႔ ေဆြးေႏြးဆုံးျဖတ္သြားမွာျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။ မေလးရွားအတိုက္ခံ အန္ဝါအီဘရာဟင္ ဦးေဆာင္တဲ့ပါတီဟာ ေ႐ြးေကာက္ပြဲမွာ ၈၂ ေနရာအႏိုင္ရခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း ယက္ဆင္ ဦးေဆာင္တဲ့ပါတီက ၇၃ ေနရာအႏိုင္ရခဲ့ပါတယ္။ မေလးရွားေ႐ြးေကာက္ပြဲဥပေဒမွာ ပါတီတစ္ခုကတည္းက အစိုးရ အသစ္အျဖစ္ သီးျခားဖြဲ႕စည္းႏိုင္ဖို႔ ေအာက္လႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၁၁၂ ဦး အနည္းဆုံး အႏိုင္ရဖို႔ လိုအပ္ေနရာ လက္ရွိအခ်ိန္မွာ ဘယ္ပါတီမွ ေအာက္လႊတ္ေတာ္မွာ အႏိုင္ရသူကိုယ္စားလွယ္ေပါင္း ၁၁၂ ဦး မရတဲ့အတြက္ အစိုးရဖြဲ႕ႏိုင္ဖို႔ ပါတီေတြၾကား မဟာမိတ္အျဖစ္ ပူးေပါင္းရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.