ဗြိတိန်မှာ မီးရထားဝန်ထမ်းများ ခရစ္စမတ်မတိုင်ခင်နဲ့ ခရစ္စမတ်ပြီးနောက် သပိတ်မှောက်ကြဖို့ ကြံရွယ်ထား

 605

ရောင်နီ (NP News) - နိုဝင်ဘာ ၂၃

ဗြိတိန်နိုင်ငံ၊ မီးရထား၊ ရေကြောင်းနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ (RMT) ရဲ့ မီးရထား၀န်ထမ်းများဟာ ခရစ္စမတ်မတိုင်မီနဲ့ ခရစ်စ္စမတ် အပြီးမှာ ဆန္ဒပြ သပိတ်မှောက်ကြဖို့ ကြံရွယ်ထားကြောင်း သိရပါတယ်။

RMT ရဲ့ နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့က ကြေညာချက်အရ သမဂ္ဂအဖွဲ့ဝင် ၄ဝဝဝဝ ကျော်ခန့် သပိတ်မှာ ပူးပေါင်း ပါဝင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ စုပေါင်းဆန္ဒပြသပိတ်ကို ဒီဇင်ဘာ ၁၃၊ ၁၄၊ ၁၆ ၊ ၁၇ ရက်နဲ့ ဇန်နဝါရီ ၃၊ ၄၊ ၆ ၊ ၇ ရက်တို့မှာ ၄၈ နာရီကြာ လေးကြိမ်စီ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ လစာ၊ လုပ်ငန်းခွင် အခြေ အနေနဲ့ အလုပ်အကိုင်လုံခြုံရေးတို့အတွက် ပေးထားတဲ့ဝန်ဆောင်မှုများ ပြတ်တောက်သွားခြင်းကြောင့် သပိတ် မှောက်ကြမှာ ဖြစ်တယ်လို့ BBC သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

သို့ပေမယ့် အလုပ်သမားများဟာ ပိုမိုကောင်းမွန်သော အစီအစဉ်ကို တောင်းဆိုတဲ့ “ရှင်းလင်းသော သတင်းစကား” ကို သပိတ်မှောက်မှုမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ RMT က ပြောကြားပါတယ်။ သမဂ္ဂဟာ ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ အချိန်ပို အလုပ်ဆင်းခွင့် ပိတ်ပင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

RMT သမဂ္ဂဟာ ဇွန်လကလည်း လူနေမှုစရိတ်များ မြင့်တက်လာခြင်းနဲ့အညီ လစာတိုးပေးသင့်ကြောင်း တောင်းဆိုတဲ့ ရှစ်ရက်ကြာသပိတ်ကို ပြုလုပ်ခဲ့ဖူးပါတယ်။

သပိတ်မှောက်ခြင်းနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက “ဒါဟာ စီးပွားရေးကို ထိခိုက်စေတယ်၊ အလုပ်ကြိုးစားတဲ့လူတွေကို အလုပ်မ၀င်ဖို့ တားမြစ်ထားတယ်” "ကူးစက်ရောဂါဖြစ်ပွားပြီးနောက် မီးရထား လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ ကြီးလေးသော ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနဲ့ ပြုပြင်ပြောင်းလဲမှု လိုအပ်ချက်တွေ ကို လူတိုင်းကောင်းစွာ သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ဆိုကာ သပိတ်ပြုလုပ်မယ့် သမဂ္ဂများကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ မီးရထားဝန္ထမ္းမ်ား ခရစၥမတ္မတိုင္ခင္နဲ႔ ခရစၥမတ္ၿပီးေနာက္ သပိတ္ေမွာက္ၾကဖို႔ ႀကံ႐ြယ္ထား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃

ၿဗိတိန္ႏိုင္ငံ၊ မီးရထား၊ ေရေၾကာင္းနဲ႔ သယ္ယူပို႔ေဆာင္ေရး အလုပ္သမားမ်ား (RMT) ရဲ႕ မီးရထား၀န္ထမ္းမ်ားဟာ ခရစၥမတ္မတိုင္မီနဲ႔ ခရစ္စၥမတ္ အၿပီးမွာ ဆႏၵျပ သပိတ္ေမွာက္ၾကဖို႔ ႀကံ႐ြယ္ထားေၾကာင္း သိရပါတယ္။

RMT ရဲ႕ ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔က ေၾကညာခ်က္အရ သမဂၢအဖြဲ႕ဝင္ ၄ဝဝဝဝ ေက်ာ္ခန္႔ သပိတ္မွာ ပူးေပါင္း ပါဝင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။ စုေပါင္းဆႏၵျပသပိတ္ကို ဒီဇင္ဘာ ၁၃၊ ၁၄၊ ၁၆ ၊ ၁၇ ရက္နဲ႔ ဇန္နဝါရီ ၃၊ ၄၊ ၆ ၊ ၇ ရက္တို႔မွာ ၄၈ နာရီၾကာ ေလးႀကိမ္စီ ျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ လစာ၊ လုပ္ငန္းခြင္ အေျခ အေနနဲ႔ အလုပ္အကိုင္လုံၿခဳံေရးတို႔အတြက္ ေပးထားတဲ့ဝန္ေဆာင္မႈမ်ား ျပတ္ေတာက္သြားျခင္းေၾကာင့္ သပိတ္ ေမွာက္ၾကမွာ ျဖစ္တယ္လို႔ BBC သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

သို႔ေပမယ့္ အလုပ္သမားမ်ားဟာ ပိုမိုေကာင္းမြန္ေသာ အစီအစဥ္ကို ေတာင္းဆိုတဲ့ “ရွင္းလင္းေသာ သတင္းစကား” ကို သပိတ္ေမွာက္မႈမွာ ထည့္သြင္းေဖာ္ျပသြားမယ္လို႔ RMT က ေျပာၾကားပါတယ္။ သမဂၢဟာ ဒီဇင္ဘာ ၁၈ ရက္မွ ဇန္နဝါရီ ၂ ရက္အထိ အခ်ိန္ပို အလုပ္ဆင္းခြင့္ ပိတ္ပင္ထားမွာျဖစ္တယ္လို႔ သိရပါတယ္။

RMT သမဂၢဟာ ဇြန္လကလည္း လူေနမႈစရိတ္မ်ား ျမင့္တက္လာျခင္းနဲ႔အညီ လစာတိုးေပးသင့္ေၾကာင္း ေတာင္းဆိုတဲ့ ရွစ္ရက္ၾကာသပိတ္ကို ျပဳလုပ္ခဲ့ဖူးပါတယ္။

သပိတ္ေမွာက္ျခင္းနဲ႔ပတ္သက္ၿပီး ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူက “ဒါဟာ စီးပြားေရးကို ထိခိုက္ေစတယ္၊ အလုပ္ႀကိဳးစားတဲ့လူေတြကို အလုပ္မ၀င္ဖို႔ တားျမစ္ထားတယ္” "ကူးစက္ေရာဂါျဖစ္ပြားၿပီးေနာက္ မီးရထား လုပ္ငန္းမွာ ႀကဳံေတြ႕ေနရတဲ့ ႀကီးေလးေသာ ဘ႑ာေရးဆိုင္ရာ စိန္ေခၚမႈမ်ားနဲ႔ ျပဳျပင္ေျပာင္းလဲမႈ လိုအပ္ခ်က္ေတြ ကို လူတိုင္းေကာင္းစြာ သေဘာေပါက္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္" လို႔ဆိုကာ သပိတ္ျပဳလုပ္မယ့္ သမဂၢမ်ားကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.