အင်ဒိုနီးရှားနိုင်ငံတွင် နောက်ဆက်တွဲငလျင်ငယ်များ ရာနဲ့ချီ ထပ်မံလှုပ်ခတ်မှုနှင့်အတူ သေဆုံးသူ(၂၇ဝ) နီးပါးထိ မြင့်တက်လာ

 398

Pika (NP News) - နိုဝင်ဘာ ၂၃

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တောင်ကုန်းထူထပ်သောဒေသတွင် ဒါဇင်နှင့်ချီသော နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရေးသည် သုံးရက်မြောက်နေ့သို့ ရောက်ရှိ လာခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် ရုန်းကန်နေခဲ့ရကြောင်းလည်း သိရသည်။

အနောက်ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ဒ်ဝမ်ကမေးလ်က အဆိုပါဒေသတွင် နိုဝင်ဘာ(၂၁)ရက်က ငလျင် လှုပ်ခတ်ပြီးကတည်းက နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုပေါင်း(၁၄၀)ခန့်ရှိကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် ကလေးငယ်အများအပြားအပါအဝင် အနည်းဆုံးလူ (၂၆၈)ဦး သေဆုံးခဲ့ ကြောင်း လူ(၁၅၁)ဦးမှာ ပျောက်ဆုံးနေပြီး အခြားလူပေါင်း (၁ဝဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြင့်တင်ရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို စီအန်ဂျာမြို့သို့ စေလွှတ်ထားကြောင်းလည်းသိရသည်။

သို့သော်လည်း ဆက်လက်လှုပ်ခတ်နေသော နောက်ဆက်တွဲငလျင်များနှင့် ပျက်စီးနေသောလမ်းများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားခဲ့ရကြောင်းလည်းသိရသည်။ အနောက်ဂျာဗားဒေသတွင် ဒေသခံများ သည် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများနဲ့ကြုံတွေ့နေရဆဲဖြစ်ပြီး အချို့ကိစ္စများသည် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ဒ်ဝမ်ကမေးလ် က ပြောဆို ခဲ့သည်။

အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ဒ်ဝမ်ကမေးလ် က "နောက်ဆက်တွဲ ငလျင်တွေက ဆက်ဖြစ်နေတုန်း ပါပဲ။ ဒီငလျင်တွေဟာ နိုဝင်ဘာ(၂၅)ရက်မှာ ရပ်တန့်သွားမယ်လို့ ထင်မိပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကိုပဲ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ဝေးလံခေါင်သီတဲ့ တောင်ကုန်းဒေသတွေမှာ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ လူနေထူထပ်သော စီအန်ဂျာမြို့တွင် နိုဝင်ဘာ(၂၁)ရက်၊ နေ့ခင်းပိုင်း က ပြင်းအား(၅ ဒသမ ၆) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် နံရံနှင့် အမိုးများ ပြိုကျချိန်တွင် လူအများအပြားသည် ပိနေခြင်း (သို့မဟုတ်) ပိတ်မိနေခြင်းများဖြင့် ကြုံတွေ့နေခဲ့ရကြောင်းလည်း သိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ်များပါဝင်ပြီး အဆိုပါဒေသရှိ စာသင်ကျောင်း(၈ဝ)ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံတြင္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား ရာနဲ႔ခ်ီ ထပ္မံလႈပ္ခတ္မႈႏွင့္အတူ ေသဆုံးသူ(၂၇ဝ) နီးပါးထိ ျမင့္တက္လာ
Pika (NP News) - ႏိုဝင္ဘာ ၂၃

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗားျပည္နယ္ ေတာင္ကုန္းထူထပ္ေသာေဒသတြင္ ဒါဇင္ႏွင့္ခ်ီေသာ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ား လႈပ္ခတ္ခဲ့ၿပီးေနာက္ အသက္ရွင္က်န္ရစ္သူမ်ားကိုရွာေဖြေရးသည္ သုံးရက္ေျမာက္ေန႔သို႔ ေရာက္ရွိ လာခဲ့ၿပီး ကယ္ဆယ္ေရးသမားမ်ားသည္ ႐ုန္းကန္ေနခဲ့ရေၾကာင္းလည္း သိရသည္။

အေနာက္ဂ်ာဗားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ရစ္ဒ္ဝမ္ကေမးလ္က အဆိုပါေဒသတြင္ ႏိုဝင္ဘာ(၂၁)ရက္က ငလ်င္ လႈပ္ခတ္ၿပီးကတည္းက ေနာက္ဆက္တြဲ ငလ်င္လႈပ္ခတ္မႈေပါင္း(၁၄၀)ခန႔္ရွိေၾကာင္း ေျပာဆိုခဲ့သည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈမ်ားေၾကာင့္ ကေလးငယ္အမ်ားအျပားအပါအဝင္ အနည္းဆုံးလူ (၂၆၈)ဦး ေသဆုံးခဲ့ ေၾကာင္း လူ(၁၅၁)ဦးမွာ ေပ်ာက္ဆုံးေနၿပီး အျခားလူေပါင္း (၁ဝဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါငလ်င္လႈပ္ခတ္ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အရွိန္ျမင့္တင္ရန္အတြက္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားကို စီအန္ဂ်ာၿမိဳ႕သို႔ ေစလႊတ္ထားေၾကာင္းလည္းသိရသည္။

သို႔ေသာ္လည္း ဆက္လက္လႈပ္ခတ္ေနေသာ ေနာက္ဆက္တြဲငလ်င္မ်ားႏွင့္ ပ်က္စီးေနေသာလမ္းမ်ားေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ရပ္တန႔္ထားခဲ့ရေၾကာင္းလည္းသိရသည္။ အေနာက္ဂ်ာဗားေဒသတြင္ ေဒသခံမ်ား သည္ ေနာက္ဆက္တြဲငလ်င္လႈပ္ခတ္မႈမ်ားနဲ႔ႀကဳံေတြ႕ေနရဆဲျဖစ္ၿပီး အခ်ိဳ႕ကိစၥမ်ားသည္ အေရးေပၚကယ္ဆယ္ေရး အဖြဲ႕မ်ားကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း အေနာက္ဂ်ာဗားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ရစ္ဒ္ဝမ္ကေမးလ္ က ေျပာဆို ခဲ့သည္။

အေနာက္ဂ်ာဗားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ရစ္ဒ္ဝမ္ကေမးလ္ က "ေနာက္ဆက္တြဲ ငလ်င္ေတြက ဆက္ျဖစ္ေနတုန္း ပါပဲ။ ဒီငလ်င္ေတြဟာ ႏိုဝင္ဘာ(၂၅)ရက္မွာ ရပ္တန႔္သြားမယ္လို႔ ထင္မိပါတယ္။ လက္ရွိမွာ ကြၽန္ေတာ္တို႔ဟာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းကိုပဲ အာ႐ုံစိုက္လုပ္ေဆာင္ေနပါတယ္။ ေဝးလံေခါင္သီတဲ့ ေတာင္ကုန္းေဒသေတြမွာ လူအမ်ားအျပား ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗားျပည္နယ္ရွိ လူေနထူထပ္ေသာ စီအန္ဂ်ာၿမိဳ႕တြင္ ႏိုဝင္ဘာ(၂၁)ရက္၊ ေန႔ခင္းပိုင္း က ျပင္းအား(၅ ဒသမ ၆) အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီး အေဆာက္အအုံ အမ်ားအျပား ပ်က္စီးသြားခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါငလ်င္လႈပ္ခတ္မႈေၾကာင့္ နံရံႏွင့္ အမိုးမ်ား ၿပိဳက်ခ်ိန္တြင္ လူအမ်ားအျပားသည္ ပိေနျခင္း (သို႔မဟုတ္) ပိတ္မိေနျခင္းမ်ားျဖင့္ ႀကဳံေတြ႕ေနခဲ့ရေၾကာင္းလည္း သိရသည္။ အဆိုပါငလ်င္လႈပ္ခတ္မႈေၾကာင့္ ေသဆုံးသူမ်ားထဲတြင္ ကေလးငယ္မ်ားပါဝင္ၿပီး အဆိုပါေဒသရွိ စာသင္ေက်ာင္း(၈ဝ)ခန႔္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.