ဆီးရီးယားနိုင်ငံနှင့် အီရတ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော တူရကီ၏ စစ်ဆင်ရေးကို အမေရိကန်အစိုးရထောက်ခံ

 529

Pika (NP News) - နိုဝင်ဘာ ၂၃

ဆီးရီးယားနိုင်ငံတွင် ပြုလုပ်နေသော တူရကီ၏ Claw-Sword အမည်ရှိ စစ်ဆင်ရေးကြောင့် ISIS အဖွဲ့ အကြမ်းဖက်သမားများကို တိုက်ခိုက်ရန် အမေရိကန်ကျောထောက်နောက်ခံပြုထားသော ပြည်သူ့စစ်အဖွဲ့များ အတွက် အခက်အခဲများရှိလာနိုင်ကြောင်း တူရကီသည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ(၂၂)ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက "တူရကီဟာ ၎င်းတို့ရဲ့တောင်ဖက် ပိုင်းဒေသမှာ တရားမဝင်အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ သူတို့ရဲ့နိုင်ငံသားတွေနဲ့ ကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက် အခွင့်အရေးတွေရှိပါတယ်" ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း တူရကီ၏စစ်ဆင်ရေးများကြောင့် ISIS အဖွဲ့ အကြမ်းဖက်သမားများကိုတိုက်ခိုက်မည့် အမေရိကန် ကျောထောက်နောက်ခံပြုထားသော SDF ပြည်သူ့စစ်အဖွဲ့များအတွက် အခက်အခဲများ ရှိလာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

SDF ပြည်သူ့စစ်အဖွဲ့သည် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းကို လက်ရှိအချိန်တွင် ထိန်းချုပ်ထားပြီး အမေရိကန် ကျောထောက်နောက်ခံပြုပေးထားသော ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့များဖြစ်ကြောင်းလည်း သိရသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Istiklal ရိပ်သာလမ်းတွင် နိုဝင်ဘာ(၁၃)ရက်နေ့က လူ(၆)ဦး သေဆုံးပြီး (၈၁) ဦး သေဆုံးစေခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တူရကီအစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေသည့် ကာဒစ်ရှ် သူပုန်များကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် တူရကီစစ်တပ်သည် နိုဝင်ဘာ(၂ဝ)ရက်က ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်းရှိ ကာဒစ်ရှ်လက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း အမြောက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းများရှိခဲ့ကြောင်းလည်း သိရသည်။

တူရကီတပ်ဖွဲ့များ၏ စစ်ဆင်ရေးပထမ(၄၈)နာရီအတွင်း အကြမ်းဖက်သမား(၂ဝဝ) နီးပါးကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာက နိုဝင်ဘာ(၂၁)ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့ သည်။ တူရကီသမ္မတအာဒိုဂန်က "အကြမ်းဖက်သမားတွေရဲ့အထောက်အထားတွေ၊ တည်နေရာတွေ နဲ့ ခြေရာခံ မှတ်တမ်းတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးပြီး လက်နက်တွေ ထောက်ပံ့တဲ့သူတွေကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်၊၊ အကြမ်းဖက်သမားတွေအားလုံးကို အမြန်ဆုံး ဖယ်ရှားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ဆီးရီးယားႏိုင္ငံႏွင့္ အီရတ္ေျမာက္ပိုင္းတြင္ ျပဳလုပ္ခဲ့ေသာ တူရကီ၏ စစ္ဆင္ေရးကို အေမရိကန္အစိုးရေထာက္ခံ
Pika (NP News) - ႏိုဝင္ဘာ ၂၃

ဆီးရီးယားႏိုင္ငံတြင္ ျပဳလုပ္ေနေသာ တူရကီ၏ Claw-Sword အမည္ရွိ စစ္ဆင္ေရးေၾကာင့္ ISIS အဖြဲ႕ အၾကမ္းဖက္သမားမ်ားကို တိုက္ခိုက္ရန္ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳထားေသာ ျပည္သူ႔စစ္အဖြဲ႕မ်ား အတြက္ အခက္အခဲမ်ားရွိလာႏိုင္ေၾကာင္း တူရကီသည္ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ပိုင္ခြင့္ရွိေၾကာင္း အေမရိကန္အစိုးရက ႏိုဝင္ဘာ(၂၂)ရက္တြင္ ေျပာၾကားခဲ့သည္။

အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၏ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘီက "တူရကီဟာ ၎တို႔ရဲ႕ေတာင္ဖက္ ပိုင္းေဒသမွာ တရားမဝင္အၾကမ္းဖက္ၿခိမ္းေျခာက္မႈေတြနဲ႔ ဆက္လက္ရင္ဆိုင္ေနရပါတယ္။ သူတို႔ရဲ႕ႏိုင္ငံသားေတြနဲ႔ ကိုယ္ကိုယ္ကိုယ္ ခုခံကာကြယ္ဖို႔အတြက္ အခြင့္အေရးေတြရွိပါတယ္" ဟု ေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း တူရကီ၏စစ္ဆင္ေရးမ်ားေၾကာင့္ ISIS အဖြဲ႕ အၾကမ္းဖက္သမားမ်ားကိုတိုက္ခိုက္မည့္ အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳထားေသာ SDF ျပည္သူ႔စစ္အဖြဲ႕မ်ားအတြက္ အခက္အခဲမ်ား ရွိလာလိမ့္မည္ျဖစ္ေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၏ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘီက ေျပာၾကားခဲ့သည္။

SDF ျပည္သူ႔စစ္အဖြဲ႕သည္ ဆီးရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းကို လက္ရွိအခ်ိန္တြင္ ထိန္းခ်ဳပ္ထားၿပီး အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳေပးထားေသာ ဆီးရီးယားဒီမိုကရက္တစ္ တပ္ဖြဲ႕မ်ားျဖစ္ေၾကာင္းလည္း သိရသည္။

တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕ရွိ Istiklal ရိပ္သာလမ္းတြင္ ႏိုဝင္ဘာ(၁၃)ရက္ေန႔က လူ(၆)ဦး ေသဆုံးၿပီး (၈၁) ဦး ေသဆုံးေစခဲ့သည့္ ဗုံးခြဲတိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး တူရကီအစိုးရကို လက္နက္ကိုင္ဆန႔္က်င္ေနသည့္ ကာဒစ္ရွ္ သူပုန္မ်ားကို ျပစ္တင္ေဝဖန္ခဲ့ၿပီးေနာက္ တူရကီစစ္တပ္သည္ ႏိုဝင္ဘာ(၂ဝ)ရက္က ဆီးရီးယားႏွင့္ အီရတ္ေျမာက္ပိုင္းရွိ ကာဒစ္ရွ္လက္နက္ကိုင္အဖြဲ႕မ်ားကို ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ျခင္း အေျမာက္မ်ားျဖင့္ တိုက္ခိုက္ခဲ့ျခင္းမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။

တူရကီတပ္ဖြဲ႕မ်ား၏ စစ္ဆင္ေရးပထမ(၄၈)နာရီအတြင္း အၾကမ္းဖက္သမား(၂ဝဝ) နီးပါးကို သုတ္သင္ရွင္းလင္း ႏိုင္ခဲ့ေၾကာင္း တူရကီကာကြယ္ေရးဝန္ႀကီး ဟူလူစီအကာက ႏိုဝင္ဘာ(၂၁)ရက္ေန႔တြင္ ထုတ္ျပန္ေျပာၾကားခဲ့ သည္။ တူရကီသမၼတအာဒိုဂန္က "အၾကမ္းဖက္သမားေတြရဲ႕အေထာက္အထားေတြ၊ တည္ေနရာေတြ နဲ႔ ေျခရာခံ မွတ္တမ္းေတြ ကြၽန္ေတာ္တို႔ဆီမွာ ရွိပါတယ္။ အၾကမ္းဖက္သမားေတြကို ေထာက္ခံအားေပးၿပီး လက္နက္ေတြ ေထာက္ပံ့တဲ့သူေတြကိုလည္း ကြၽန္ေတာ္တို႔ ေကာင္းေကာင္းသိပါတယ္၊၊ အၾကမ္းဖက္သမားေတြအားလုံးကို အျမန္ဆုံး ဖယ္ရွားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.