ထိုင်း-မြန်မာနယ်စပ်ဒေသရှိ တရားမဝင်လုပ်ငန်းတွေအတွက် လူသစ်စုဆောင်းမခံရအောင် သတိထားဖို့ ဖိလစ်ပိုင်နိုင်ငံသားတွေကို သတိပေး

 402

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

ပြည်ပနိုင်ငံများသို့ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသားများအနေနဲ့ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက်မှာ တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ တရားမဝင်လုပ်ငန်းများအတွက် နည်းပညာပိုင်း ကူညီထောက်ပံ့ပေးဖို့ နဲ့ ဖောက်သည်များကို ခေါ်ယူပေးဖို့ စတဲ့လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ အွန်လိုင်းကတဆင့် လိမ်လည်ခေါ်ယူမှု တွေကို သတိထားစေလိုကြောင်း ဖိလစ်ပိုင် ရွေပြောင်းအလုပ်သမားရေးရာဌာန (DMW) က သတိပေးလိုက်ပါ တယ်။

ဖိလစ်ပိုင်ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန (DMW) က ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံနယ်စပ်ဒေသနားမှာ လုပ်ကိုင်နေတဲ့ တရုတ် call center မှာ တရားမဝင်အလုပ်တွေ လုပ်ကိုင်နေရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁ဝ ဦးကို မကြာသေးမီက ပြန်လည်ကယ်တင်ခဲ့ရကြောင်း ဆိုပါတယ်။

အဆိုပါ တရုတ်ကုမ္ပဏီတွေဟာ ၄င်းတို့ရဲ့တရားမဝင်လုပ်ငန်းတွေမှာပါ၀င်လုပ်ကိုင်ဖို့ Facebook အပါအဝင် ကမ္ဘာကျော် လူမှုကွန်ရက်များကိုအသုံးပြုပြီး လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးကို ခြောက်လအတွက် အမေရိကန်ဒေါ်လာ ၁ဝဝဝ ပေးမယ်လို့ မက်လုံးပေး ကမ်းလှမ်းခေါ်ယူခြင်းများရှိခဲ့ကြောင်း သိရပါ တယ်။

အဆိုပါ တရုတ်ကုမ္ပဏီများဟာ ပြည်ပနိုင်ငံသားများကို လူသစ်အဖြစ်ခေါ်ယူရမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရမယ်လို့ ခေါ်ယူခဲ့ပေမယ့် ထိုင်း-မြန်မာနယ်စပ်ဒေသကိုပို့ဆောင်ကာ နည်းပညာနဲ့ပတ်သက်တဲ့ တရားဝင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ခိုင်းစေခဲ့ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန (DMW) က ပြောပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေမှာ တရားမဝင်အလုပ်တွေ လုပ်ကိုင်စေဖို့ လစာကောင်းကောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရမယ်လို့ မက်လုံးပေးခေါ်ယူမှုတွေရှိခဲ့ပြီး ဖိလစ်ပိုင်၊ အိန္ဒိယ၊ နိုင်ငံသားတွေအပါအဝင် အာရှဒေသအတွင်းရှိ နိုင်ငံသားအချို့ လိမ်လည်ခေါ်ယူခံရကာ ပိတ်မိနေခဲ့ကြောင်း မကြာသေးမီက သတင်းများလည်းထွက်ပေါ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံပြီး၊ အိန္ဒိယနိုင်ငံသားတွေ လစာကောင်းကောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်လို့ မက်လုံးပေး လိမ်လည်ခေါ်ယူခံရမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္း-ျမန္မာနယ္စပ္ေဒသရွိ တရားမဝင္လုပ္ငန္းေတြအတြက္ လူသစ္စုေဆာင္းမခံရေအာင္ သတိထားဖို႔ ဖိလစ္ပိုင္ႏိုင္ငံသားေတြကို သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

ျပည္ပႏိုင္ငံမ်ားသို႔ေရာက္ရွိေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားအေနနဲ႔ ထိုင္းနဲ႔ ျမန္မာနယ္စပ္ေဒသတစ္ေလွ်ာက္မွာ တ႐ုတ္ႏိုင္ငံသားေတြလုပ္ကိုင္ေနတဲ့ တရားမဝင္လုပ္ငန္းမ်ားအတြက္ နည္းပညာပိုင္း ကူညီေထာက္ပံ့ေပးဖို႔ နဲ႔ ေဖာက္သည္မ်ားကို ေခၚယူေပးဖို႔ စတဲ့လုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ဖို႔ အြန္လိုင္းကတဆင့္ လိမ္လည္ေခၚယူမႈ ေတြကို သတိထားေစလိုေၾကာင္း ဖိလစ္ပိုင္ ေ႐ြေျပာင္းအလုပ္သမားေရးရာဌာန (DMW) က သတိေပးလိုက္ပါ တယ္။

ဖိလစ္ပိုင္ေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာဌာန (DMW) က ထိုင္းနယ္စပ္အနီး ျမန္မာႏိုင္ငံနယ္စပ္ေဒသနားမွာ လုပ္ကိုင္ေနတဲ့ တ႐ုတ္ call center မွာ တရားမဝင္အလုပ္ေတြ လုပ္ကိုင္ေနရတဲ့ ဖိလစ္ပိုင္ႏိုင္ငံသား ၁ဝ ဦးကို မၾကာေသးမီက ျပန္လည္ကယ္တင္ခဲ့ရေၾကာင္း ဆိုပါတယ္။

အဆိုပါ တ႐ုတ္ကုမၸဏီေတြဟာ ၄င္းတို႔ရဲ႕တရားမဝင္လုပ္ငန္းေတြမွာပါ၀င္လုပ္ကိုင္ဖို႔ Facebook အပါအဝင္ ကမာၻေက်ာ္ လူမႈကြန္ရက္မ်ားကိုအသုံးျပဳၿပီး လူသစ္စုေဆာင္းမႈေတြ လုပ္ေဆာင္ေနေၾကာင္း၊ ဖိလစ္ပိုင္ႏိုင္ငံသား တစ္ဦးကို ေျခာက္လအတြက္ အေမရိကန္ေဒၚလာ ၁ဝဝဝ ေပးမယ္လို႔ မက္လုံးေပး ကမ္းလွမ္းေခၚယူျခင္းမ်ားရွိခဲ့ေၾကာင္း သိရပါ တယ္။

အဆိုပါ တ႐ုတ္ကုမၸဏီမ်ားဟာ ျပည္ပႏိုင္ငံသားမ်ားကို လူသစ္အျဖစ္ေခၚယူရမွာ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ရမယ္လို႔ ေခၚယူခဲ့ေပမယ့္ ထိုင္း-ျမန္မာနယ္စပ္ေဒသကိုပို႔ေဆာင္ကာ နည္းပညာနဲ႔ပတ္သက္တဲ့ တရားဝင္လုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ဖို႔ ခိုင္းေစခဲ့ေၾကာင္း၊ ေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာဌာန (DMW) က ေျပာပါတယ္။

ထိုင္းနဲ႔ ျမန္မာႏိုင္ငံနယ္စပ္ေဒသရွိ တ႐ုတ္ႏိုင္ငံသားပိုင္စီးပြားေရးလုပ္ငန္းေတြမွာ တရားမဝင္အလုပ္ေတြ လုပ္ကိုင္ေစဖို႔ လစာေကာင္းေကာင္းနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြ ရမယ္လို႔ မက္လုံးေပးေခၚယူမႈေတြရွိခဲ့ၿပီး ဖိလစ္ပိုင္၊ အိႏၵိယ၊ ႏိုင္ငံသားေတြအပါအဝင္ အာရွေဒသအတြင္းရွိ ႏိုင္ငံသားအခ်ိဳ႕ လိမ္လည္ေခၚယူခံရကာ ပိတ္မိေနခဲ့ေၾကာင္း မၾကာေသးမီက သတင္းမ်ားလည္းထြက္ေပၚခဲ့ပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕အၿမဲတမ္းအတြင္းဝန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျမန္မာအစိုးရတာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံၿပီး၊ အိႏၵိယႏိုင္ငံသားေတြ လစာေကာင္းေကာင္းနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြ ရမယ္လို႔ မက္လုံးေပး လိမ္လည္ေခၚယူခံရမႈေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.