ဂျာမနီကို အနိုင်ယူပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လေးစားဖွယ်လုပ်ရပ်တွေကို လုပ်ပြခဲ့တဲ့ ဂျပန်ဘောလုံးပရိသတ်များ

 874

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

ဂျပန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဂျာမနီအသင်းကို အံအားသင့်ဖွယ် အနိုင်ရပြီးနောက် ပွဲစဉ်အပြီးမှာ ဂျပန်ဘောလုံးပရိသတ်တွေဟာ ဘောလုံးကွင်းပွဲကြည့်စင်အတွင်းရှိ အမှိုက်များကို သိမ်းဆည်းပေးခဲ့ရာ ချီးကျူးခံနေရတယ်လို့ သိရပါတယ်။

ဂျပန်ပရိသတ်တွေဟာ ဘောလုံးကွင်းအတွင်း ပရိသတ်အားလုံး ပြန်သွားချိန်မှာ ပွဲကြည့်စင်ရှိ အမှိုက်များကို အမှိုက် အိတ်ထဲ သိမ်းဆည်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်ပရိသတ်များရဲ့အပြုအမူလုပ်ရပ်တွေဟာ အခြား နိုင်ငံများရဲ့ပရိသတ်များအတွက် အံ့အားသ့င်ဖွယ်ကောင်းစေခဲ့ပါတယ်။

ဂျပန်ဘောလုံးပရိသတ်များဟာ နိုင်ငံတကာဘောလုံးပွဲများမှာ အသင်းပွဲစဉ်ပြီးသွားချိန်မှာ ပွဲကြည့်စင်ရှိ အမှိုက်များကို ယခင်ကလည်း သိမ်းဆည်းပေးတာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။ ဂျပန်ပရိသတ်တွေဟာ ကမ္ဘာ့ဖလားအုပ်စုပြိုင်ပွဲ အဖွင့်ပွဲစဉ်တုန်းကလည်း ကွင်းအတွင်းရှိ အမှိုက်များကို သိမ်းဆည်းပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

ဂျပန်ပရိသတ်တစ်ဦးဖြစ်တဲ့ ဒန်နိုက "လူအများအတွက် ထူးခြားတယ်လို့ထင်တဲ့အရာက ကျွန်တော်တို့အတွက် ထူးထူးခြားခြား ဘာမှမဟုတ်ဘူး။ အိမ်သာသုံးတဲ့အခါ ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်ရတယ်။ အခန်းထဲက ထွက် တဲ့အခါ သပ်ရပ်မှုဖြစ်အောင်လုပ်ရတယ်။ ဒါဟာ ထုံးစံပါပဲ။ သန့်ရှင်းရေးပြုလုပ်မှုမရှိဘဲ ဘယ်နေရာကိုမှ ကျွန်တော်တို့ မသွားဘူး၊ ဒါဟာ ကျွန်တော်တို့ရဲ့နေ့စဉ်သင်ယူမှုတွေထဲက အစိတ်အပိုင်းဖြစ်တယ်" လို့ပြောပါတယ်။ ဂျပန်ဘောလုံးပရိသတ်တွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေတုန်းကလည်း အခုလိုမျိုးကွင်းထဲ အမှိုက်တွေ သိမ်းဆည်းကာ သန့်ရှင်းရေးလုပ်တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ာမနီကို အႏိုင္ယူၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေလးစားဖြယ္လုပ္ရပ္ေတြကို လုပ္ျပခဲ့တဲ့ ဂ်ပန္ေဘာလုံးပရိသတ္မ်ား
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

ဂ်ပန္ေဘာလုံးအသင္းဟာ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ဂ်ာမနီအသင္းကို အံအားသင့္ဖြယ္ အႏိုင္ရၿပီးေနာက္ ပြဲစဥ္အၿပီးမွာ ဂ်ပန္ေဘာလုံးပရိသတ္ေတြဟာ ေဘာလုံးကြင္းပြဲၾကည့္စင္အတြင္းရွိ အမႈိက္မ်ားကို သိမ္းဆည္းေပးခဲ့ရာ ခ်ီးက်ဴးခံေနရတယ္လို႔ သိရပါတယ္။

ဂ်ပန္ပရိသတ္ေတြဟာ ေဘာလုံးကြင္းအတြင္း ပရိသတ္အားလုံး ျပန္သြားခ်ိန္မွာ ပြဲၾကည့္စင္ရွိ အမႈိက္မ်ားကို အမႈိက္ အိတ္ထဲ သိမ္းဆည္းခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ပန္ပရိသတ္မ်ားရဲ႕အျပဳအမူလုပ္ရပ္ေတြဟာ အျခား ႏိုင္ငံမ်ားရဲ႕ပရိသတ္မ်ားအတြက္ အံ့အားသ့င္ဖြယ္ေကာင္းေစခဲ့ပါတယ္။

ဂ်ပန္ေဘာလုံးပရိသတ္မ်ားဟာ ႏိုင္ငံတကာေဘာလုံးပြဲမ်ားမွာ အသင္းပြဲစဥ္ၿပီးသြားခ်ိန္မွာ ပြဲၾကည့္စင္ရွိ အမႈိက္မ်ားကို ယခင္ကလည္း သိမ္းဆည္းေပးတာမ်ိဳးေတြရွိခဲ့ေၾကာင္း သိရပါတယ္။ ဂ်ပန္ပရိသတ္ေတြဟာ ကမာၻ႔ဖလားအုပ္စုၿပိဳင္ပြဲ အဖြင့္ပြဲစဥ္တုန္းကလည္း ကြင္းအတြင္းရွိ အမႈိက္မ်ားကို သိမ္းဆည္းေပးခဲ့ဖူးတယ္လို႔ သိရပါတယ္။

ဂ်ပန္ပရိသတ္တစ္ဦးျဖစ္တဲ့ ဒန္ႏိုက "လူအမ်ားအတြက္ ထူးျခားတယ္လို႔ထင္တဲ့အရာက ကြၽန္ေတာ္တို႔အတြက္ ထူးထူးျခားျခား ဘာမွမဟုတ္ဘူး။ အိမ္သာသုံးတဲ့အခါ ကိုယ့္ကိုယ္ကို သန႔္ရွင္းေရးလုပ္ရတယ္။ အခန္းထဲက ထြက္ တဲ့အခါ သပ္ရပ္မႈျဖစ္ေအာင္လုပ္ရတယ္။ ဒါဟာ ထုံးစံပါပဲ။ သန႔္ရွင္းေရးျပဳလုပ္မႈမရွိဘဲ ဘယ္ေနရာကိုမွ ကြၽန္ေတာ္တို႔ မသြားဘူး၊ ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ေန႔စဥ္သင္ယူမႈေတြထဲက အစိတ္အပိုင္းျဖစ္တယ္" လို႔ေျပာပါတယ္။ ဂ်ပန္ေဘာလုံးပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲေတြတုန္းကလည္း အခုလိုမ်ိဳးကြင္းထဲ အမႈိက္ေတြ သိမ္းဆည္းကာ သန႔္ရွင္းေရးလုပ္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.