မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို အကာအကွယ်ပေးသွားမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင် ကတိပြု

 976

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

ရုရှားသမ္မတပူတင်က ရုရှားဦးဆောင်တဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (CSTO) အဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံများရဲ့အကျိုးစီးပွားကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတပူတင်က အဖွဲ့ဝင်နိုင်ငံများရဲ့အကျိုးစီးပွားကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ (CSTO) အဖွဲ့ထိပ်သီးအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါ (CSTO) အဖွဲ့ကို ရုရှား နိုင်ငံက ဦးဆောင်ပါဝင်ပြီး ဘီလာရုစ့်၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျကစ္စတန်နိုင်ငံတို့ ပါဝင်လျက်ရှိနေတယ်လို့ သိရပါတယ်။

ရုရှားသမ္မတပူတင်က "ကျွန်တော်တို့အဖွဲ့ဟာ အောင်မြင်မှုတွေသာမက ပြဿနာတွေလည်း ရှိနေတယ်" လို့ ပြော ပါတယ်။ အာမေးနီးယားဝန်ကြီးချုပ်က အာမေးနီးယားနဲ့ ဒေသအတွင်းပြိုင်ဘက် အဇာဘိုင်ဂျန်ကြား ရန်လိုမှုတွေ ပြဿနာတွေ ဖြစ်ပွားလာခဲ့ရင် (CSTO) မဟာမိတ်အဖွဲ့ဝင်တွေ ပူးပေါင်းတုံ့ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါ တယ်။

အာမေးနီးယား နဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက နယ်စပ်ဒေသမှာ အငြင်းပွားမှုတွေ ပြဿနာတွေ ရှိခဲ့ကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူဒါဇင်ချီ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

အာမေးနီးယားခေါင်းဆောင်ဟာ အဇာဘိုင်ဂျန်ရဲ့ရန်လိုမှုတွေကိုတုံ့ပြန်ဖို့ အဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ (CSTO) အဖွဲ့ဝင်နိုင်ငံတွေထံ အကူအညီတွေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ရုရှားသမ္မတပူတင်က "CSTO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေဟာ လက်တွေ့ကျတဲ့အလုပ်တွေကို လုပ်ကိုင်နေခဲ့တယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွား၊ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးတို့အတွက် ကူညီပေးသွားမှာပါ" လို့ ပြောပါတယ်။

ဒါ့အပြင် ကာဇက်စတန်နိုင်ငံကလည်း လောင်စီဆီစျေးနှုန်းမြင့်တက်မှုများကြောင့် နိုင်ငံအတွင်းဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေကို ဖြိုခွင်းနိုင်ဖို့ CSTO အဖွဲ့ဝင်နိုင်ငံတွေကို အကူအညီပေးဖို့တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံေတြကို အကာအကြယ္ေပးသြားမွာျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ ကတိျပဳ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

႐ုရွားသမၼတပူတင္က ႐ုရွားဦးေဆာင္တဲ့မဟာမိတ္အဖြဲ႕ျဖစ္တဲ့ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕အစည္း (CSTO) အဖြဲ႕ရဲ႕အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕အက်ိဳးစီးပြားကို ကာကြယ္ေပးသြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားသမၼတပူတင္က အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕အက်ိဳးစီးပြားကို ကာကြယ္ေပးသြားမွာျဖစ္ေၾကာင္း၊ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပတဲ့ (CSTO) အဖြဲ႕ထိပ္သီးအစည္းအေဝးမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အဆိုပါ (CSTO) အဖြဲ႕ကို ႐ုရွား ႏိုင္ငံက ဦးေဆာင္ပါဝင္ၿပီး ဘီလာ႐ုစ့္၊ အာေမးနီးယား၊ ကာဇက္စတန္၊ ကာဂ်စၥတန္၊ တာဂ်ကစၥတန္ႏိုင္ငံတို႔ ပါဝင္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

႐ုရွားသမၼတပူတင္က "ကြၽန္ေတာ္တို႔အဖြဲ႕ဟာ ေအာင္ျမင္မႈေတြသာမက ျပႆနာေတြလည္း ရွိေနတယ္" လို႔ ေျပာ ပါတယ္။ အာေမးနီးယားဝန္ႀကီးခ်ဳပ္က အာေမးနီးယားနဲ႔ ေဒသအတြင္းၿပိဳင္ဘက္ အဇာဘိုင္ဂ်န္ၾကား ရန္လိုမႈေတြ ျပႆနာေတြ ျဖစ္ပြားလာခဲ့ရင္ (CSTO) မဟာမိတ္အဖြဲ႕ဝင္ေတြ ပူးေပါင္းတုံ႔ျပန္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါ တယ္။

အာေမးနီးယား နဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလက နယ္စပ္ေဒသမွာ အျငင္းပြားမႈေတြ ျပႆနာေတြ ရွိခဲ့ကာ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး လူဒါဇင္ခ်ီ ေသဆုံးခဲ့ဖူးတယ္လို႔ သိရပါတယ္။

အာေမးနီးယားေခါင္းေဆာင္ဟာ အဇာဘိုင္ဂ်န္ရဲ႕ရန္လိုမႈေတြကိုတုံ႔ျပန္ဖို႔ အဖြဲ႕ဝင္ေတြ ေစလႊတ္ေပးဖို႔ (CSTO) အဖြဲ႕ဝင္ႏိုင္ငံေတြထံ အကူအညီေတြ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားသမၼတပူတင္က "CSTO မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံေတြဟာ လက္ေတြ႕က်တဲ့အလုပ္ေတြကို လုပ္ကိုင္ေနခဲ့တယ္။ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ အက်ိဳးစီးပြား၊ အခ်ဳပ္အျခာအာဏာနဲ႔ လြတ္လပ္ေရးတို႔အတြက္ ကူညီေပးသြားမွာပါ" လို႔ ေျပာပါတယ္။

ဒါ့အျပင္ ကာဇက္စတန္ႏိုင္ငံကလည္း ေလာင္စီဆီေစ်းႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ ႏိုင္ငံအတြင္းျဖစ္ခဲ့တဲ့ ဆႏၵျပမႈေတြကို ၿဖိဳခြင္းႏိုင္ဖို႔ CSTO အဖြဲ႕ဝင္ႏိုင္ငံေတြကို အကူအညီေပးဖို႔ေတာင္းဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.