တူရကီရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ဆီးရီးယားနိုင်ငံရှိအမေရိကန်တပ်ဖွဲ့တွေအတွက် ဘေးကင်းလုံခြုံမှုတွေကို ခြိမ်းခြောက်သလိုဖြစ်နေ

 627

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

ဆီးရီးယားနိုင်ငံကို တူရကီရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်စစ်သားတွေရဲ့လုံခြုံရေးနဲ့ ဘေးကင်းမှုတွေကို ခြိမ်းခြောက်လျက်ရှိနေကြောင်း အမေရိကန်စစ်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တူရကီဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကာဒစ်လက်နက်ကိုင်အဖွဲ့တွေကိုတိုက်ခိုက်ဖို့ ဆီးရီးယားနိုင်ငံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ဆီရီးယား၊ အီရတ်နိုင်ငံရှိ ကာဒစ်လက်နက်ကိုင်အဖွဲ့တွေအပေါ် တူရကီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိကြောင်း ဆိုပါတယ်။

အမေရိကန်စစ်ဌာနချုပ်က "ဆီးရီးယားနိုင်ငံကို တူရကီတပ်ဖွဲ့ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ISIS အဖွဲ့တွေကို သုတ်သင်ဖို့ နဲ့ ISIS အဖွဲ့ဝင်ထောင်ချီကို ဖမ်းဆီးထောင်ချမှုတွေ လုပ်ဆောင်ဖို့တာဝန်ယူနေတဲ့ အမေရိကန်စစ်သားတွေ ဘေးကင်းမှုတွေကို ခြိမ်းခြောက်သလိုမျိုးဖြစ်စေခဲ့တယ်။ ISIS အဖွဲ့ကို အနိုင်ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘာ့နိုင်ငံစုံညွန့်ပေါင်းအဖွဲ့တွေကို ခြိမ်းခြောက်သလိုမျိုးဖြစ်စေခဲ့တယ်" လို့ပြောပါတယ်။

အမေရိကန်အစိုးရက ဆီးရီးယားနိုင်ငံအတွင်း ပြုလုပ်တဲ့တူရကီရဲ့ ‘Claw-Sword’ စစ်ဆင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်စစ်ဘက်က တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရက တူရကီနိုင်ငံဟာ ကာဒစ်လက်နက်ကိုင်အဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရကြောင်း၊ အဲဒီအတွက် ကာကွယ်ဖို့အခွင့်အရေးရှိကြောင်း ဆိုခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းရှိ ရေနံတွင်းများ လုံခြုံရေးအတွက် အမေရိကန်သမ္မတဟောင်း အိုဘားမားလက်ထက်က ဆီးရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားပြီး လုံခြုံရေးရယူခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၉ဝဝ ကျော် ကျန်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
တူရကီရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြက ဆီးရီးယားႏိုင္ငံရွိအေမရိကန္တပ္ဖြဲ႕ေတြအတြက္ ေဘးကင္းလုံၿခဳံမႈေတြကို ၿခိမ္းေျခာက္သလိုျဖစ္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

ဆီးရီးယားႏိုင္ငံကို တူရကီရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြက ဆီးရီးယားႏိုင္ငံအတြင္းရွိ အေမရိကန္စစ္သားေတြရဲ႕လုံၿခဳံေရးနဲ႔ ေဘးကင္းမႈေတြကို ၿခိမ္းေျခာက္လ်က္ရွိေနေၾကာင္း အေမရိကန္စစ္ဘက္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တူရကီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကာဒစ္လက္နက္ကိုင္အဖြဲ႕ေတြကိုတိုက္ခိုက္ဖို႔ ဆီးရီးယားႏိုင္ငံကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ဆီရီးယား၊ အီရတ္ႏိုင္ငံရွိ ကာဒစ္လက္နက္ကိုင္အဖြဲ႕ေတြအေပၚ တူရကီရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အလြန္အမင္း စိုးရိမ္မိေၾကာင္း ဆိုပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္က "ဆီးရီးယားႏိုင္ငံကို တူရကီတပ္ဖြဲ႕ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြဟာ ISIS အဖြဲ႕ေတြကို သုတ္သင္ဖို႔ နဲ႔ ISIS အဖြဲ႕ဝင္ေထာင္ခ်ီကို ဖမ္းဆီးေထာင္ခ်မႈေတြ လုပ္ေဆာင္ဖို႔တာဝန္ယူေနတဲ့ အေမရိကန္စစ္သားေတြ ေဘးကင္းမႈေတြကို ၿခိမ္းေျခာက္သလိုမ်ိဳးျဖစ္ေစခဲ့တယ္။ ISIS အဖြဲ႕ကို အႏိုင္ရယူႏိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ ကမာၻ႔ႏိုင္ငံစုံၫြန္႔ေပါင္းအဖြဲ႕ေတြကို ၿခိမ္းေျခာက္သလိုမ်ိဳးျဖစ္ေစခဲ့တယ္" လို႔ေျပာပါတယ္။

အေမရိကန္အစိုးရက ဆီးရီးယားႏိုင္ငံအတြင္း ျပဳလုပ္တဲ့တူရကီရဲ႕ ‘Claw-Sword’ စစ္ဆင္ေရးကို ေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္စစ္ဘက္က တုံ႔ျပန္လာခဲ့တာျဖစ္ပါတယ္။

အေမရိကန္အစိုးရက တူရကီႏိုင္ငံဟာ ကာဒစ္လက္နက္ကိုင္အဖြဲ႕ရဲ႕ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ေနရေၾကာင္း၊ အဲဒီအတြက္ ကာကြယ္ဖို႔အခြင့္အေရးရွိေၾကာင္း ဆိုခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံအတြင္းရွိ ေရနံတြင္းမ်ား လုံၿခဳံေရးအတြက္ အေမရိကန္သမၼတေဟာင္း အိုဘားမားလက္ထက္က ဆီးရီးယားႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ျဖန႔္ၾကတ္ခ်ထားၿပီး လုံၿခဳံေရးရယူခဲ့ေၾကာင္း၊ ဆီးရီးယားႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ဝင္ေပါင္း ၉ဝဝ ေက်ာ္ က်န္ရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.