လူမှုကွန်ရက်များကိုအသုံးပြုပြီး အမေရိကန်စစ်တပ်အတွက် ဝါဒဖြန့်ချိမှုတွေ အရှိန်မြင့်လုပ်ဆောင်နေ
984
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၅
ကမ္ဘာကျော်လူမှုကွန်ရက် Facebook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ၄င်းတို့ပိုင်ဆိုင်တဲ့ လူမှုကွန်ရက်များကို အသုံးပြုပြီး အမေရိကန်စစ်တပ်ရဲ့ဝါဒဖြန့်ချိမှုတွေကို စုံစမ်းတွေ့ရှိခဲ့ကြောင်း၊ အမေရိကန်စစ်တပ်နဲ့ ဆက်နွယ်ပြီး ဝါဒဖြန့်ချိမှုတွေ လုပ်နေတဲ့အကောင့်တွေ၊ ပေ့ချ်တွေဟာ ရုရှားမုန်းတီးရေးနဲ့ အမေရိကန် လိုလားရေးစတဲ့အကြောင်းအရာတွေကို အဓိကထား ဝါဒဖြန့်ချိမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
Meta က အမေရိကန်စစ်တပ်နဲ့ဆက်နွယ်တယ်လို့ယုံကြည်ရတဲ့ အကောင့်တုတွေ၊ ပေစ့်အတုအများအပြားကို စုံစမ်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီသီတင်းပတ်အတွင်း ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
Meta က "အမေရိကန်စစ်တပ်နဲ့ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့အကောင့်တုတွေ၊ ပေ့ချ်အတုတွေကို တွေ့ရှိ ခဲ့တယ်။ အဲဒီပေ့ချ်တွေကို ဖယ်ရှားဖြုတ်ချတာမျိုးတွေ လုပ်ခဲ့တယ်" လို့ပြောပါတယ်။ Meta ဟာ ဒီနှစ်အစောပိုင်းက လည်း အမေရိကန်စစ်တပ်နဲ့ဆက်နွယ်တယ်လို့သံသယရှိတဲ့ Facebook အကောင့် ၃၉၊ Instagram ၂၆ ခု၊ ပေ့ချ် ၁၆ ခု နဲ့ groups နှစ်ခုတို့ကို စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်မှုများအတွက် လူမှုကွန်ရက်ကနေ ဖယ်ရှားခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အမေရိကန်စစ်တပ်နဲ့ ဆက်နွယ်တယ်လို့ သံသယရှိရတဲ့ အကောင့်တွေဟာ Twitter, YouTube နဲ့ Telegram တို့အပါအဝင် အခြားလူမှုကွန်ရက်ပလက်ဖောင်းတွေမှာ အကောင့်ဒါဇင်ချီနဲ့ ဝါဒဖြန့်ချိမှုတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
အမေရိကန်အခြေစိုက် ဝါရှင်တန်ပိုစ့်သတင်းဌာနက အမေရိကန်စစ်တပ်ဟာ လျှို့ဝှက်သတင်းအချက်အလက်စစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ဖို့ တွန်းအားပေးဆောင်ရွက်တာမျိုးတွေ ရှိနေကြောင်း၊ လူမှုကွန်ရက်အကောင့် အမျိုးမျိုးအသုံးပြုပြီး စိတ်ဓါတ်စစ်ဆင်ရေးအမျိုးမျိုး နဲ့ နိုင်ငံခြားသားများကို ပစ်မှတ်ထားပြီး ဝါဒဖြန့်ချိမှုတွေလုပ်ဖို့ အဓိကထားကြိုးပမ်းနေကြောင်း ဖော်ပြခဲ့ဖူးပါတယ်။
Zawgyi Version;
လူမႈကြန္ရက္မ်ားကိုအသုံးျပဳၿပီး အေမရိကန္စစ္တပ္အတြက္ ဝါဒျဖန႔္ခ်ိမႈေတြ အရွိန္ျမင့္လုပ္ေဆာင္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၅
ကမာၻေက်ာ္လူမႈကြန္ရက္ Facebook ရဲ႕မိခင္ကုမၸဏီျဖစ္တဲ့ Meta က ၄င္းတို႔ပိုင္ဆိုင္တဲ့ လူမႈကြန္ရက္မ်ားကို အသုံးျပဳၿပီး အေမရိကန္စစ္တပ္ရဲ႕ဝါဒျဖန႔္ခ်ိမႈေတြကို စုံစမ္းေတြ႕ရွိခဲ့ေၾကာင္း၊ အေမရိကန္စစ္တပ္နဲ႔ ဆက္ႏြယ္ၿပီး ဝါဒျဖန႔္ခ်ိမႈေတြ လုပ္ေနတဲ့အေကာင့္ေတြ၊ ေပ့ခ်္ေတြဟာ ႐ုရွားမုန္းတီးေရးနဲ႔ အေမရိကန္ လိုလားေရးစတဲ့အေၾကာင္းအရာေတြကို အဓိကထား ဝါဒျဖန႔္ခ်ိမႈေတြရွိခဲ့တယ္လို႔ ဆိုပါတယ္။
Meta က အေမရိကန္စစ္တပ္နဲ႔ဆက္ႏြယ္တယ္လို႔ယုံၾကည္ရတဲ့ အေကာင့္တုေတြ၊ ေပစ့္အတုအမ်ားအျပားကို စုံစမ္း ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဒီသီတင္းပတ္အတြင္း ထုတ္ျပန္တဲ့အစီအရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
Meta က "အေမရိကန္စစ္တပ္နဲ႔ဆက္ႏြယ္တဲ့ လူပုဂၢိဳလ္တစ္ဦးခ်င္းစီရဲ႕အေကာင့္တုေတြ၊ ေပ့ခ်္အတုေတြကို ေတြ႕ရွိ ခဲ့တယ္။ အဲဒီေပ့ခ်္ေတြကို ဖယ္ရွားျဖဳတ္ခ်တာမ်ိဳးေတြ လုပ္ခဲ့တယ္" လို႔ေျပာပါတယ္။ Meta ဟာ ဒီႏွစ္အေစာပိုင္းက လည္း အေမရိကန္စစ္တပ္နဲ႔ဆက္ႏြယ္တယ္လို႔သံသယရွိတဲ့ Facebook အေကာင့္ ၃၉၊ Instagram ၂၆ ခု၊ ေပ့ခ်္ ၁၆ ခု နဲ႔ groups ႏွစ္ခုတို႔ကို စည္းမ်ဥ္းစည္းကမ္းေတြခ်ိဳးေဖာက္မႈမ်ားအတြက္ လူမႈကြန္ရက္ကေန ဖယ္ရွားခဲ့ ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
အဆိုပါ အေမရိကန္စစ္တပ္နဲ႔ ဆက္ႏြယ္တယ္လို႔ သံသယရွိရတဲ့ အေကာင့္ေတြဟာ Twitter, YouTube နဲ႔ Telegram တို႔အပါအဝင္ အျခားလူမႈကြန္ရက္ပလက္ေဖာင္းေတြမွာ အေကာင့္ဒါဇင္ခ်ီနဲ႔ ဝါဒျဖန႔္ခ်ိမႈေတြကို လုပ္ေဆာင္လ်က္ရွိေနတယ္လို႔ ဆိုပါတယ္။
အေမရိကန္အေျခစိုက္ ဝါရွင္တန္ပိုစ့္သတင္းဌာနက အေမရိကန္စစ္တပ္ဟာ လွ်ိဳ႕ဝွက္သတင္းအခ်က္အလက္စစ္ပြဲကို က်ယ္က်ယ္ျပန႔္ျပန္လုပ္ေဆာင္ဖို႔ တြန္းအားေပးေဆာင္႐ြက္တာမ်ိဳးေတြ ရွိေနေၾကာင္း၊ လူမႈကြန္ရက္အေကာင့္ အမ်ိဳးမ်ိဳးအသုံးျပဳၿပီး စိတ္ဓါတ္စစ္ဆင္ေရးအမ်ိဳးမ်ိဳး နဲ႔ ႏိုင္ငံျခားသားမ်ားကို ပစ္မွတ္ထားၿပီး ဝါဒျဖန႔္ခ်ိမႈေတြလုပ္ဖို႔ အဓိကထားႀကိဳးပမ္းေနေၾကာင္း ေဖာ္ျပခဲ့ဖူးပါတယ္။