ပြည်သူတွေအတွက် အမြဲတမ်း ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ဆို

 498

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်အစိုးရ နဲ့ ကွန်မြူနစ်ပါတီအနေနဲ့ ပြည်သူတွေအတွက် အမြဲတမ်း ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရှီကျင့်ဖျင်ဟာ မကြာသေးမီက ၎င်းကိုယ်တိုင်ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ တရုတ်ပြည်သူတွေကို အမြဲတမ်း ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ရှီကျင့်ဖျင်က "တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ပြီးနောက်ပိုင်းကတည်းက ပါတီဟာ တော်လှန်းရေး၊ နိုင်ငံတည်ဆောက်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေမှာ ပြည်သူကို ဦးဆောင်ခဲ့တယ်။ ပါတီရဲ့အခြေခံရည်မှန်းချက်ဟာ ပြည်သူတွေရဲ့ဘဝ ရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်ရေးဖြစ်တယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ဘယ်လောက်ပဲ စိတ်ဖီစီးနေပါစေ၊ အပြောင်းအလဲတွေ လုပ်သွားမှာပါ။ အလုပ်မလုပ်ဘဲ နေမှာမဟုတ်ဘူး" လို့ပြောပါတယ်။

ပြည်သူကို ဗဟိုပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်မှာဖြစ်သလို ပြည်သူကို ဦးစားပေးတဲ့လုပ်ငန်းတွေနဲ့ ပြည်သူကိုအခြေခံတဲ့လုပ်ငန်းတွေ၊ ပြည်သူတွေ အကျိုးစီးပွားဖြစ်စေမယ့်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။

စီးပွားရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တွန်းအားပေးဆောင်ရွက်နေခြင်းတွေကပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့ နဲ့ ပြည်သူတွေရဲ့ ရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်စေဖို့ဖြစ်ကြောင်း တရုတ်သမ္မတ က ပြောပါတယ်။

တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီအနေနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးကို အမြဲတမ်းလုပ်ဆောင်သွားမှာဖြစ်သလို အခက်အခဲများကို ဖြေရှင်းဆောင်ရွက်မှုတွေ အမြဲတမ်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း တရုတ်သမ္မတ က ပြောပါတယ်။

ရှီကျင့်ဖျင်ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်အစည်းအဝေးမှာ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်ရွေးချယ်ခံရပြီး တရုတ်သမ္မတ အဖြစ် တတိယအကြိမ်မြောက် တာဝန်ယူရတော့မှာဖြစ်တယ်။

Zawgyi Version;
ျပည္သူေတြအတြက္ အၿမဲတမ္း ဦးစားေပးလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က တ႐ုတ္အစိုးရ နဲ႔ ကြန္ျမဴနစ္ပါတီအေနနဲ႔ ျပည္သူေတြအတြက္ အၿမဲတမ္း ဦးစားေပးလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ရွီက်င့္ဖ်င္ဟာ မၾကာေသးမီက ၎ကိုယ္တိုင္ေရးသားခဲ့တဲ့ ေဆာင္းပါးတစ္ပုဒ္မွာ တ႐ုတ္ျပည္သူေတြကို အၿမဲတမ္း ဦးစားေပးလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ရွီက်င့္ဖ်င္က "တ႐ုတ္ကြန္ျမဴနစ္ပါတီ တည္ေထာင္ၿပီးေနာက္ပိုင္းကတည္းက ပါတီဟာ ေတာ္လွန္းေရး၊ ႏိုင္ငံတည္ေဆာက္မႈေတြ၊ ျပဳျပင္ေျပာင္းလဲမႈေတြမွာ ျပည္သူကို ဦးေဆာင္ခဲ့တယ္။ ပါတီရဲ႕အေျခခံရည္မွန္းခ်က္ဟာ ျပည္သူေတြရဲ႕ဘဝ ရွင္သန္ေနထိုင္မႈ ပိုမိုေကာင္းမြန္ေရးျဖစ္တယ္။ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ၊ ဘယ္ေလာက္ပဲ စိတ္ဖီစီးေနပါေစ၊ အေျပာင္းအလဲေတြ လုပ္သြားမွာပါ။ အလုပ္မလုပ္ဘဲ ေနမွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

ျပည္သူကို ဗဟိုျပဳၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးေတြကို လုပ္ေဆာင္မွာျဖစ္သလို ျပည္သူကို ဦးစားေပးတဲ့လုပ္ငန္းေတြနဲ႔ ျပည္သူကိုအေျခခံတဲ့လုပ္ငန္းေတြ၊ ျပည္သူေတြ အက်ိဳးစီးပြားျဖစ္ေစမယ့္လုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သမၼတရွီက်င့္ဖ်င္က ေျပာပါတယ္။

စီးပြားေရးနဲ႔ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို တြန္းအားေပးေဆာင္႐ြက္ေနျခင္းေတြကျပည္သူေတြရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္တင္းႏိုင္ဖို႔ နဲ႔ ျပည္သူေတြရဲ႕ ရွင္သန္ေနထိုင္မႈ ပိုမိုေကာင္းမြန္ေစဖို႔ျဖစ္ေၾကာင္း တ႐ုတ္သမၼတ က ေျပာပါတယ္။

တ႐ုတ္အစိုးရနဲ႔ ကြန္ျမဴနစ္ပါတီအေနနဲ႔ ျပည္သူေတြ ေဘးကင္းလုံၿခဳံေရးကို အၿမဲတမ္းလုပ္ေဆာင္သြားမွာျဖစ္သလို အခက္အခဲမ်ားကို ေျဖရွင္းေဆာင္႐ြက္မႈေတြ အၿမဲတမ္း လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း တ႐ုတ္သမၼတ က ေျပာပါတယ္။

ရွီက်င့္ဖ်င္ဟာ မၾကာေသးမီက က်င္းပခဲ့တဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီကြန္ဂရက္အစည္းအေဝးမွာ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ဆက္လက္ေ႐ြးခ်ယ္ခံရၿပီး တ႐ုတ္သမၼတ အျဖစ္ တတိယအႀကိမ္ေျမာက္ တာဝန္ယူရေတာ့မွာျဖစ္တယ္။

Related news

© 2021. All rights reserved.