“De Huse Company” မှဝန်ထမ်းများအား လစာထုတ်ပေးရန် ငွေကျပ်သိန်း (၁၇ဝဝ)ကျော်ထည့်ထားသည့် YOMA Bank မှ ATM စက် (၂)လုံး ဓားပြတိုက်လုယက်ခံရ

 1138

NP News - ဒီဇင်ဘာ ၁

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လစာထုတ်ပေးရန်အတွက် ငွေကျပ်သိန်း(၁၇ဝဝ) ကျော်ထည့်ထားသည့် YOMA Bank မှ ATM စက် (၂)လုံး ဓားပြတိုက်ခံရကြောင်း နစကမှ ထုတ်ပြန်ထား သည်။

နစကမှ ပြီးခဲ့သည့် နိုဝင်ဘာလ(၃ဝ)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ(၃ဝ)ရက်၊ နံနက်(၈)နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့ နယ်၊ ထန်းတပင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ (၂၆)လမ်း၊ (၈၆)လမ်းနှင့် (၈၇)လမ်းကြားရှိ YOMA Bank မှ ဘဏ်ဝန် ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့(၂)ဦးသည် မြို့သာစက်မှုဇုန်ရှိ “De Huse Company” မှ ကုမ္ပဏီဝန်ထမ်းများအား လစာထုတ်ပေးရန် ATM စက်တစ်လုံးလျှင် ငွေကျပ်သိန်း(၈၈ဝ)စီ ထည့်ထားသော ATM စက်(၂)လုံးအား ဘဏ်မှယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင်မောင်းနှင်သည့် Diner Box မော်တော်ယာဉ်ပေါ်တင်၍ မြိုသာ-တံတားဦးကားလမ်းအတိုင်းထွက်လာခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထိုသို့ထွက်လာချိန်၌ ငါန်းဇွန်မြို့၊ ထန်းတပင်ကျေးရွာအနီးအရောက်တွင် အကြမ်း ဖက်သမား(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် လမ်းပိတ်ရပ်ကာ မော်တော်ယာဉ်အား တားဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့(၃)ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ယာဉ်ပေါ်မှဆင်းခိုင်းပြီး မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း(၁၇၆ဝ)ပါသော ATM စက်(၂)လုံးအား ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့ကြောင်း နစကမှ ဆိုသည်။

အထက်ပါဖြစ်စဉ်မှ ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့သော အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
“De Huse Company” မွဝန္ထမ္းမ်ားအား လစာထုတ္ေပးရန္ ေငြက်ပ္သိန္း (၁၇ဝဝ)ေက်ာ္ထည့္ထားသည့္ YOMA Bank မွ ATM စက္ (၂)လုံး ဓားျပတိုက္လုယက္ခံရ
NP News - ဒီဇင္ဘာ ၁

မႏၲေလးတိုင္း၊ ၿမိဳ႕သာစက္မႈဇုန္ရွိ “De Huse Company”မွ ကုမၸဏီဝန္ထမ္းမ်ားအား လစာထုတ္ေပးရန္အတြက္ ေငြက်ပ္သိန္း(၁၇ဝဝ) ေက်ာ္ထည့္ထားသည့္ YOMA Bank မွ ATM စက္ (၂)လုံး ဓားျပတိုက္ခံရေၾကာင္း နစကမွ ထုတ္ျပန္ထား သည္။

နစကမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၃ဝ)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၃ဝ)ရက္၊ နံနက္(၈)နာရီခြဲအခ်ိန္တြင္ ငါန္းဇြန္ၿမိဳ႕ နယ္၊ ထန္းတပင္ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အဆိုပါေန႔ နံနက္ပိုင္းတြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ သီရိမာလာအေရွ႕ရပ္ကြက္၊ (၂၆)လမ္း၊ (၈၆)လမ္းႏွင့္ (၈၇)လမ္းၾကားရွိ YOMA Bank မွ ဘဏ္ဝန္ ထမ္း ဦးေကာင္းဆက္သူႏွင့္ ဦးထက္ပိုင္စိုးတို႔(၂)ဦးသည္ ၿမိဳ႕သာစက္မႈဇုန္ရွိ “De Huse Company” မွ ကုမၸဏီဝန္ထမ္းမ်ားအား လစာထုတ္ေပးရန္ ATM စက္တစ္လုံးလွ်င္ ေငြက်ပ္သိန္း(၈၈ဝ)စီ ထည့္ထားေသာ ATM စက္(၂)လုံးအား ဘဏ္မွယာဥ္ေမာင္းျဖစ္သူ ဦးသန္းၿဖိဳးေအာင္ေမာင္းႏွင္သည့္ Diner Box ေမာ္ေတာ္ယာဥ္ေပၚတင္၍ ၿမိဳသာ-တံတားဦးကားလမ္းအတိုင္းထြက္လာခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထိုသို႔ထြက္လာခ်ိန္၌ ငါန္းဇြန္ၿမိဳ႕၊ ထန္းတပင္ေက်း႐ြာအနီးအေရာက္တြင္ အၾကမ္း ဖက္သမား(၆)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ လမ္းပိတ္ရပ္ကာ ေမာ္ေတာ္ယာဥ္အား တားဆီးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔(၃)ဦးအား ေသနတ္မ်ားျဖင့္ ၿခိမ္းေျခာက္၍ ယာဥ္ေပၚမွဆင္းခိုင္းၿပီး ေမာ္ေတာ္ယာဥ္ႏွင့္ ေငြက်ပ္သိန္း(၁၇၆ဝ)ပါေသာ ATM စက္(၂)လုံးအား ဓားျပတိုက္လုယက္ယူေဆာင္သြားခဲ့ေၾကာင္း နစကမွ ဆိုသည္။

အထက္ပါျဖစ္စဥ္မွ ဓားျပတိုက္လုယက္ယူေဆာင္သြားခဲ့ေသာ အၾကမ္းဖက္သမားမ်ားကို ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

Htun Aung Kyaw

01/12/2022 18:26

ငါန်းဇွန်က ပဒက်တွေအတော်ဆိုးနေပါလား😈

Related news

© 2021. All rights reserved.