ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာသည် လူပေါင်း ၂၂ သန်းကျော်နေထိုင်သည့် ကမ္ဘာ့စတုတ္ထမြောက် လူနေအထူထပ်ဆုံးမြို့တော်ဖြစ်လာ

 803

Htay Oung (NP News) - ဒီဇင်ဘာ ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ဟာ စုစုပေါင်း ၂၂,၄၇၈,၁၁၆ -ဦး နေထိုင်လျှက်ရှိတဲ့ ကမ္ဘာ့စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံးမြို့တော်ဖြစ်လာကြောင်း၊ လူဦးရေ ၃၇,၂၇၄,ဝဝဝ ဦးနေထိုင်တဲ့ ဂျပန်နိုင်ငံတိုကျိုမြို့ဟာ နိုင်ငံတကာ ပထမနေရာမှာ ရပ်တည်နေတယ်လို့ အွန်လိုင်းပထဝီဝင်အရင်းအမြစ်တစ်ခုဖြစ်တဲ့ World Atlas ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း Dhaka Tribune က ယမန်နေ့ ရေးသားပါတယ်။

ဒါကာရဲ့ လူဦးရေသိပ်သည်းဆဟာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့လိုပဲ အများဆုံးလက်ခံနိုင်တဲ့ အတိုင်းအတာအထိ ပေါက်ကွဲလုနီးပါးဖြစ်နေပေမယ့် မြို့ပြရဲ့လျင်မြန်စွာကြီးထွားလာနေမှုဟာ နှေးကွေးသွားပုံ အရိပ်လက္ခဏာ မတွေ့ ရကြောင်း၊ စိတ်ဝင်စားဖို့ကောင်းပြီး ကာယဉာဏစွမ်းအားမြင့်မားတဲ့ ပတ်ဝန်းကျင်အဖြစ် ပေါ်ထွန်းလာတယ်ဆိုပေ မယ့် နေထိုင်သူအများစုတို့အတွက် ညံ့ဖျင်းတဲ့အခြေအနေ၊ လူအားလုံးအတွက် ယာဉ်ကြောကျပ်တည်းမှုနဲ့ အစိုးရအတွက် ရေရှည် တည်တံ့ခိုင်မြဲရေးတဲ့ပတ်ဝန်းကျင်ဆိုင်ရာပေါ်လစီချမှတ်ရေးမှာ အတိအလင်း စိန်ခေါ် သလိုဖြစ်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကာရဲ့ အလွန်အမင်း စက်မှုထွန်းကားပြီး လူဦးရေ တဟုန်ထိုး တိုးမြင့်လာမှုဟာ ဒီရေလှိုင်းတိုးသလို နေ့စဉ် ခရီးသွားလာသူများဖြစ်ပေါ်လာစေရာမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါကာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ လူဦးရေအများဆုံးဖြစ်ယုံမက နိုင်ငံတကာမှာလည်း လူနေအထူထပ်ဆုံးစာရင်းဝင် ဖြစ်နေရပါတယ်။

တစ်စတုရန်းကီလိုမီတာလျှင် လူဦးရေ ၂၃,၂၃၄ -ဦး နေထိုင်ရာ ဒါကာမြို့ဟာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတုန်းက နိုင်ငံတကာ လူဦးရေအများဆုံးမြို့ အဆင့် ၆ မှာ ရှိခဲ့ကြောင်း ကမ္ဘာ့လူဦးရေပြန်လည်သုံးသပ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စတုရန်းကီလိုမီတာ ၃ဝဝ (၁၁၅.၈ စတုရန်းမိုင်) ခန့် ကျယ်ဝန်းတဲ့ မြို့တော်ဟာ ၂ဝ၂၁ ခုနှစ် လူဦးရေထက် ၃.၃၉ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အဲဒီအချိန် စုစုပေါင်း လူဦးရေ ၃၇ သန်းကျော် (၃၇,၄၃၅,၁၉၁) ဦး နဲ့ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး တိုကျိုမြို့ဟာ ယခု အဲဒီထက် အရေအတွက် အနည်းငယ် လျှော့ကျသွားကြောင်း တွေ့ရှိရပါတယ်။

ယခုနောက်ဆုံးတွေ့ရှိချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တို့ဟာ လူဦးရေ ၃၂ သန်းကျော်၊ ၂၈ သန်းကျော် အသီးသီးရှိကြပြီး ဒုတိယနဲ့ တတိယနေရာများမှာ တည်ရှိနေပါတယ်။

ဘရာဇီးနိုင်ငံ ဆောပိုလိုက ၂၂ သန်းကျော်၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးက ၂၂ သန်း၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ၂၁ သန်းကျော်၊ တရုတ် ပေကျင်းမြို့ ၂၁ သန်း၊ အိန္ဒိယ မွမ်ဘိုင်းမြို့ သန်း ၂ဝ၊ ဂျပန် အိုဆာကာ ၁၉ သန်းတို့က ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ နဝမ၊ ဒဿမ နေရာများမှာ အသီးသီး ရပ်တည်နေကြပါတယ်။

ကမ္ဘာ့လူဦးရေဟာ ၈ ဘီလျံအထိ ရောက်ရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာပြီးနောက် နှစ်ပတ်နီးပါးအကြာမှာ အခုလိုအဆင့်သတ်မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

၁၉၇၄ ခုနှစ်မှာ ၄ ဘီလျံအထိရောက်ရှိခဲ့တဲ့ ကမ္ဘာ့လူဦးရေဟာ ဆယ်စုနှစ် ၅ ခုအတွင်း နှစ်ဆတိုးလာခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ၇ ဘီလျံကိုရောက်ရှိလာခဲ့ပြီး ယခုနောက်ဆုံး ၈ ဘီလျံအရေအတွက်အထိ ကမ္ဘာမြေကို လူဦးရေ ထပ် ထည့်ဖို့အတွက် ဆယ်စုနှစ် တစ်ခုကျော်သာ ကြာမြင့်ခဲ့ပါတယ်။

အဲဒီလို လူဦးရေ တိုးမြင့်လာတဲ့တိုင်းပြည်များမှာ ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်းတဲ့နိုင်ငံတွေက သမိုင်းတစ်လျှောက် အများဆုံးပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောပြပါတယ်။ ကမ္ဘာ့လူဦးရေတိုးမြင့်လာရာမှာ အာရှနဲ့ အာဖရိကတို့က အဓိက အများဆုံးဖြစ်နေပါတယ်။

အစိုးရအချက်အလက်များအရ ဒါကာမြို့တောင်ပိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်ပြီး တစ်စတုရန်း ကီလိုမီတာလျှင် လူ ၃၉,၃၅၃ ဦးနေထိုင်ကြောင်း ဖော်ပြနေပါတယ်။

ဒါကာမြို့ လူဦးရေ တစ်ဟုန်ထိုး တိုးတက်လာရခြင်းအတွက် ရွှေ့ပြောင်း အခြေချမှု၊ ထိရောက်တဲ့ မြေယာအသုံးချမှု မူဝါဒ မရှိခြင်း၊ ဝန်ကြီးဌာနများနဲ့ ဌာနခွဲများကြား ညှိနှိုင်းမှု အားနည်းခြင်းတို့အပေါ် ကျွမ်းကျင်သူများက အပြစ် တင်လျက်ရှိကြပြီး၊ စိုးရိမ်ဖွယ်ကောင်းလောက်တဲ့အခြေအနေဖြစ်လာအောင် ဆွဲဆောင်သလိုဖြစ်နေတယ်လို့ ဆို ကြပါတယ်။

ဒေသန္တရအစိုးရများထံ လုပ်ပိုင်ခွင့်များ ပိုမိုလွှဲပြောင်းပေးပြီး မြို့ပြဗဟိုပြုမှု လျော့ချရေးဆိုတာ စကားအနေဖြင့်သာ ကျန်ရှိနေပြီး ဒါကာမှာ အဆောက်အအုံများ တိုးမြှင့်တည်ဆောက်နေခြင်းဟာ မြို့တော်ကို ဦးတည်လာစေဖို့ တမင်လုပ်ယူသလိုဖြစ်လာနေတယ်လို့ ဝေဖန်ကြပါတယ်။

(Dhaka Tribune., 04 December 2022,” Dhaka now 4th most populous city globally” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာသည္ လူေပါင္း ၂၂ သန္းေက်ာ္ေနထိုင္သည့္ ကမာၻ႔စတုတၳေျမာက္ လူေနအထူထပ္ဆုံးၿမိဳ႕ေတာ္ျဖစ္လာ
Htay Oung (NP News) - ဒီဇင္ဘာ ၅

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕ဟာ စုစုေပါင္း ၂၂,၄၇၈,၁၁၆ -ဦး ေနထိုင္လွ်က္ရွိတဲ့ ကမာၻ႔စတုတၳေျမာက္ လူဦးေရ အထူထပ္ဆုံးၿမိဳ႕ေတာ္ျဖစ္လာေၾကာင္း၊ လူဦးေရ ၃၇,၂၇၄,ဝဝဝ ဦးေနထိုင္တဲ့ ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕ဟာ ႏိုင္ငံတကာ ပထမေနရာမွာ ရပ္တည္ေနတယ္လို႔ အြန္လိုင္းပထဝီဝင္အရင္းအျမစ္တစ္ခုျဖစ္တဲ့ World Atlas ရဲ႕ မၾကာေသးမီက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားေၾကာင္း Dhaka Tribune က ယမန္ေန႔ ေရးသားပါတယ္။

ဒါကာရဲ႕ လူဦးေရသိပ္သည္းဆဟာ အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕လိုပဲ အမ်ားဆုံးလက္ခံႏိုင္တဲ့ အတိုင္းအတာအထိ ေပါက္ကြဲလုနီးပါးျဖစ္ေနေပမယ့္ ၿမိဳ႕ျပရဲ႕လ်င္ျမန္စြာႀကီးထြားလာေနမႈဟာ ေႏွးေကြးသြားပုံ အရိပ္လကၡဏာ မေတြ႕ ရေၾကာင္း၊ စိတ္ဝင္စားဖို႔ေကာင္းၿပီး ကာယဉာဏစြမ္းအားျမင့္မားတဲ့ ပတ္ဝန္းက်င္အျဖစ္ ေပၚထြန္းလာတယ္ဆိုေပ မယ့္ ေနထိုင္သူအမ်ားစုတို႔အတြက္ ညံ့ဖ်င္းတဲ့အေျခအေန၊ လူအားလုံးအတြက္ ယာဥ္ေၾကာက်ပ္တည္းမႈနဲ႔ အစိုးရအတြက္ ေရရွည္ တည္တံ့ခိုင္ၿမဲေရးတဲ့ပတ္ဝန္းက်င္ဆိုင္ရာေပၚလစီခ်မွတ္ေရးမွာ အတိအလင္း စိန္ေခၚ သလိုျဖစ္လာတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါကာရဲ႕ အလြန္အမင္း စက္မႈထြန္းကားၿပီး လူဦးေရ တဟုန္ထိုး တိုးျမင့္လာမႈဟာ ဒီေရလႈိင္းတိုးသလို ေန႔စဥ္ ခရီးသြားလာသူမ်ားျဖစ္ေပၚလာေစရာမွာ အဓိက အခန္းက႑မွ ပါဝင္ေနပါတယ္။ ဒါကာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ မွာ လူဦးေရအမ်ားဆုံးျဖစ္ယုံမက ႏိုင္ငံတကာမွာလည္း လူေနအထူထပ္ဆုံးစာရင္းဝင္ ျဖစ္ေနရပါတယ္။

တစ္စတုရန္းကီလိုမီတာလွ်င္ လူဦးေရ ၂၃,၂၃၄ -ဦး ေနထိုင္ရာ ဒါကာၿမိဳ႕ဟာ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလတုန္းက ႏိုင္ငံတကာ လူဦးေရအမ်ားဆုံးၿမိဳ႕ အဆင့္ ၆ မွာ ရွိခဲ့ေၾကာင္း ကမာၻ႔လူဦးေရျပန္လည္သုံးသပ္ေရးအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

စတုရန္းကီလိုမီတာ ၃ဝဝ (၁၁၅.၈ စတုရန္းမိုင္) ခန႔္ က်ယ္ဝန္းတဲ့ ၿမိဳ႕ေတာ္ဟာ ၂ဝ၂၁ ခုႏွစ္ လူဦးေရထက္ ၃.၃၉ ရာခိုင္ႏႈန္း တိုးလာခဲ့ပါတယ္။ အဲဒီအခ်ိန္ စုစုေပါင္း လူဦးေရ ၃၇ သန္းေက်ာ္ (၃၇,၄၃၅,၁၉၁) ဦး နဲ႔ ကမာၻ႔လူဦးေရ အထူထပ္ဆုံး တိုက်ိဳၿမိဳ႕ဟာ ယခု အဲဒီထက္ အေရအတြက္ အနည္းငယ္ ေလွ်ာ့က်သြားေၾကာင္း ေတြ႕ရွိရပါတယ္။

ယခုေနာက္ဆုံးေတြ႕ရွိခ်က္အရ အိႏၵိယႏိုင္ငံ နယူးေဒလီနဲ႔ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕တို႔ဟာ လူဦးေရ ၃၂ သန္းေက်ာ္၊ ၂၈ သန္းေက်ာ္ အသီးသီးရွိၾကၿပီး ဒုတိယနဲ႔ တတိယေနရာမ်ားမွာ တည္ရွိေနပါတယ္။

ဘရာဇီးႏိုင္ငံ ေဆာပိုလိုက ၂၂ သန္းေက်ာ္၊ မကၠဆီကိုႏိုင္ငံ မကၠဆီကိုစီးတီးက ၂၂ သန္း၊ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ ၂၁ သန္းေက်ာ္၊ တ႐ုတ္ ေပက်င္းၿမိဳ႕ ၂၁ သန္း၊ အိႏၵိယ မြမ္ဘိုင္းၿမိဳ႕ သန္း ၂ဝ၊ ဂ်ပန္ အိုဆာကာ ၁၉ သန္းတို႔က ပၪၥမ၊ ဆ႒မ၊ သတၱမ၊ နဝမ၊ ဒႆမ ေနရာမ်ားမွာ အသီးသီး ရပ္တည္ေနၾကပါတယ္။

ကမာၻ႔လူဦးေရဟာ ၈ ဘီလ်ံအထိ ေရာက္ရွိလာေၾကာင္း ကုလသမဂၢက ထုတ္ျပန္ေၾကညာၿပီးေနာက္ ႏွစ္ပတ္နီးပါးအၾကာမွာ အခုလိုအဆင့္သတ္မွတ္ခ်က္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

၁၉၇၄ ခုႏွစ္မွာ ၄ ဘီလ်ံအထိေရာက္ရွိခဲ့တဲ့ ကမာၻ႔လူဦးေရဟာ ဆယ္စုႏွစ္ ၅ ခုအတြင္း ႏွစ္ဆတိုးလာခဲ့ပါတယ္။ ၂ဝ၁၁ ခုႏွစ္မွာ ၇ ဘီလ်ံကိုေရာက္ရွိလာခဲ့ၿပီး ယခုေနာက္ဆုံး ၈ ဘီလ်ံအေရအတြက္အထိ ကမာၻေျမကို လူဦးေရ ထပ္ ထည့္ဖို႔အတြက္ ဆယ္စုႏွစ္ တစ္ခုေက်ာ္သာ ၾကာျမင့္ခဲ့ပါတယ္။

အဲဒီလို လူဦးေရ တိုးျမင့္လာတဲ့တိုင္းျပည္မ်ားမွာ ဝင္ေငြ အလယ္အလတ္နဲ႔ ဝင္ေငြနည္းတဲ့ႏိုင္ငံေတြက သမိုင္းတစ္ေလွ်ာက္ အမ်ားဆုံးပါဝင္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာျပပါတယ္။ ကမာၻ႔လူဦးေရတိုးျမင့္လာရာမွာ အာရွနဲ႔ အာဖရိကတို႔က အဓိက အမ်ားဆုံးျဖစ္ေနပါတယ္။

အစိုးရအခ်က္အလက္မ်ားအရ ဒါကာၿမိဳ႕ေတာင္ပိုင္းဟာ လူဦးေရအထူထပ္ဆုံးျဖစ္ၿပီး တစ္စတုရန္း ကီလိုမီတာလွ်င္ လူ ၃၉,၃၅၃ ဦးေနထိုင္ေၾကာင္း ေဖာ္ျပေနပါတယ္။

ဒါကာၿမိဳ႕ လူဦးေရ တစ္ဟုန္ထိုး တိုးတက္လာရျခင္းအတြက္ ေ႐ႊ႕ေျပာင္း အေျခခ်မႈ၊ ထိေရာက္တဲ့ ေျမယာအသုံးခ်မႈ မူဝါဒ မရွိျခင္း၊ ဝန္ႀကီးဌာနမ်ားနဲ႔ ဌာနခြဲမ်ားၾကား ညႇိႏႈိင္းမႈ အားနည္းျခင္းတို႔အေပၚ ကြၽမ္းက်င္သူမ်ားက အျပစ္ တင္လ်က္ရွိၾကၿပီး၊ စိုးရိမ္ဖြယ္ေကာင္းေလာက္တဲ့အေျခအေနျဖစ္လာေအာင္ ဆြဲေဆာင္သလိုျဖစ္ေနတယ္လို႔ ဆို ၾကပါတယ္။

ေဒသႏၲရအစိုးရမ်ားထံ လုပ္ပိုင္ခြင့္မ်ား ပိုမိုလႊဲေျပာင္းေပးၿပီး ၿမိဳ႕ျပဗဟိုျပဳမႈ ေလ်ာ့ခ်ေရးဆိုတာ စကားအေနျဖင့္သာ က်န္ရွိေနၿပီး ဒါကာမွာ အေဆာက္အအုံမ်ား တိုးျမႇင့္တည္ေဆာက္ေနျခင္းဟာ ၿမိဳ႕ေတာ္ကို ဦးတည္လာေစဖို႔ တမင္လုပ္ယူသလိုျဖစ္လာေနတယ္လို႔ ေဝဖန္ၾကပါတယ္။

(Dhaka Tribune., 04 December 2022,” Dhaka now 4th most populous city globally” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.