တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ နှစ်ခြင်းခံပွဲ ကျင်းပစဉ် အနည်းဆုံး လူ ၉ ဦး ရေနစ်သေဆုံး

 572

ရောင်နီ (NP News) - ဒီဇင်ဘာ ၆

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဂျူခ်စကိုင် မြစ်တစ်လျှောက် နှစ်ခြင်းခံပွဲ ကျင်းပစဉ် အနည်းဆုံး လူ ၉ ဦး ရေနစ်သေဆုံးခဲ့ကြောင်း အရေးပေါ်ဌာနက ဒီဇင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

နှစ်ခြင်းခံပွဲ အခမ်းအနားအတွင်း မြစ်ရေစီးကြောင်းနဲ့အတူ ၎င်းတို့ မျောပါသွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး နောက်ထပ် လူရှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

"မနေ့က အလောင်းနှစ်လောင်းနဲ့ ဒီနေ့ အလောင်း ၇ လောင်းကို ဆယ်ယူခဲ့ပါတယ်" လို့ Johannesburg အရေးပေါ်ဝန်ဆောင်မှုမှ ပြောရေးဆိုခွင့်ရှိသူ ရောဘတ်မူလောက်ဇီက ပြောကြားခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီဇင်ဘာ ၃ ရက် စနေနေ့က နှစ်ခြင်းခံအခမ်းအနားအတွက် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ ဆင်ခြေဖုံး၊ ဂျိုဟန်းနီးဘက် အရှေ့ဘက်မှာ ဝတ်ပြုသူ ၃၃ ဦးခန့်ဟာ မြစ်ကမ်းနားမှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

အခမ်းအနားပြုလုပ်နေစဉ် ရုတ်တရက် မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ခြင်းကြောင့် ရုတ်တရက် ရေကြီးလာခဲ့ကာ ရေစီး အားကောင်းလာခဲ့ပြီး ရေနစ်သေဆုံးမှုတွေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။ ဂျိုဟန်းနီးဘက် အရှေ့ဘက်ရှိ အလက်ဇန်းဒရာ အပါအဝင် မြို့နယ်များစွာ တစ်လျှောက်ရှိ ဂျူခ်စကိုင် မြစ်တစ်လျှောက်မှာ အသင်းတော်များဟာ သန့်ရှင်းခြင်းနဲ့ နှစ်ခြင်းပေးခြင်းအတွက် မကြာခဏဆိုသလို စုရုံးလေ့ရှိ ပါတယ်။

ဇွန်လကလည်း လင်ပိုပိုပြည်နယ်မှာ နှစ်ခြင်းအခမ်းအနားများအတွင်း လူလေးဦး ရေနစ်သေဆုံးခဲ့ပြီး မြစ်များမှာ နှစ်ခြင်းမင်္ဂလာအခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ဖို့ အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version;
ေတာင္အာဖရိကႏိုင္ငံ၊ ဂ်ိဳဟန္နက္စ္ဘာ့ဂ္ၿမိဳ႕မွာ ႏွစ္ျခင္းခံပြဲ က်င္းပစဥ္ အနည္းဆုံး လူ ၉ ဦး ေရနစ္ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၆

ေတာင္အာဖရိကႏိုင္ငံ၊ ဂ်ိဳဟန္နက္စ္ဘတ္ၿမိဳ႕ရွိ ဂ်ဴခ္စကိုင္ ျမစ္တစ္ေလွ်ာက္ ႏွစ္ျခင္းခံပြဲ က်င္းပစဥ္ အနည္းဆုံး လူ ၉ ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း အေရးေပၚဌာနက ဒီဇင္ဘာလ ၄ ရက္၊ တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ႏွစ္ျခင္းခံပြဲ အခမ္းအနားအတြင္း ျမစ္ေရစီးေၾကာင္းနဲ႔အတူ ၎တို႔ ေမ်ာပါသြားခဲ့တာျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ လူရွစ္ဦး ေပ်ာက္ဆုံးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

"မေန႔က အေလာင္းႏွစ္ေလာင္းနဲ႔ ဒီေန႔ အေလာင္း ၇ ေလာင္းကို ဆယ္ယူခဲ့ပါတယ္" လို႔ Johannesburg အေရးေပၚဝန္ေဆာင္မႈမွ ေျပာေရးဆိုခြင့္ရွိသူ ေရာဘတ္မူေလာက္ဇီက ေျပာၾကားခဲ့ပါတယ္။ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနၿပီး ေသဆုံးသူအေရအတြက္ ထပ္တိုးလာမယ္လို႔ ခန္႔မွန္းရပါတယ္။ ဒီဇင္ဘာ ၃ ရက္ စေနေန႔က ႏွစ္ျခင္းခံအခမ္းအနားအတြက္ ဂ်ိဳဟန္နက္စ္ဘာ့ဂ္ၿမိဳ႕ ဆင္ေျခဖုံး၊ ဂ်ိဳဟန္းနီးဘက္ အေရွ႕ဘက္မွာ ဝတ္ျပဳသူ ၃၃ ဦးခန္႔ဟာ ျမစ္ကမ္းနားမွာ စုေဝးခဲ့ၾကတာ ျဖစ္ပါတယ္။

အခမ္းအနားျပဳလုပ္ေနစဥ္ ႐ုတ္တရက္ မုန္တိုင္းတစ္ခု တိုက္ခတ္ခဲ့ျခင္းေၾကာင့္ ႐ုတ္တရက္ ေရႀကီးလာခဲ့ကာ ေရစီး အားေကာင္းလာခဲ့ၿပီး ေရနစ္ေသဆုံးမႈေတြ ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားပါတယ္။ ဂ်ိဳဟန္းနီးဘက္ အေရွ႕ဘက္ရွိ အလက္ဇန္းဒရာ အပါအဝင္ ၿမိဳ႕နယ္မ်ားစြာ တစ္ေလွ်ာက္ရွိ ဂ်ဴခ္စကိုင္ ျမစ္တစ္ေလွ်ာက္မွာ အသင္းေတာ္မ်ားဟာ သန႔္ရွင္းျခင္းနဲ႔ ႏွစ္ျခင္းေပးျခင္းအတြက္ မၾကာခဏဆိုသလို စု႐ုံးေလ့ရွိ ပါတယ္။

ဇြန္လကလည္း လင္ပိုပိုျပည္နယ္မွာ ႏွစ္ျခင္းအခမ္းအနားမ်ားအတြင္း လူေလးဦး ေရနစ္ေသဆုံးခဲ့ၿပီး ျမစ္မ်ားမွာ ႏွစ္ျခင္းမဂၤလာအခမ္းအနားမ်ား က်င္းပျခင္း မျပဳလုပ္ဖို႔ အထူးသတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.