ကသာမြို့နယ်၌ ထိတွေ့တိုက်ပွဲအတွင်း ABSDF တံဆိပ်ပါယူနီဖောင်းဝတ်ထားသော အလောင်းအချို့နှင့်ခဲယမ်းများ သိမ်းဆည်းရမိဟု နစကဆို

 1497

NP News - ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၌ ဖြစ်ပွားသော ထိတွေ့တိုက်ပွဲအတွင်း ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသော အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ လ ၆ ရက်၊ နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃ဝဝ ခန့်အကွာသို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF များက လက်နက်ငယ်များဖြင့် စတင် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ၎င်းလက် နက်ကိုင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးထွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်အလုံးပေါင်း ၁၆ဝ ရှိသည့်အနက် နေအိမ်(၂ဝ)ခန့်မှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖြစ်ပွားခဲ့သောနေရာတစ်ဝိုက်အား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာတွင် ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ ၎င်းဖြစ်စဉ်အတွင်း အမ် ၂၂ သေနတ် တစ်လက်၊ ကျည်တောင့် ၄ဝ၊ ကျည်အိမ်နှစ်ခုနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)သည် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ နစကအကြီး အကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သေးကြောင်း ငြင်းပယ်ထားသည့်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

zawgyi version
ကသာၿမိဳ႕နယ္၌ ထိေတြ႕တိုက္ပြဲအတြင္း ABSDF တံဆိပ္ပါယူနီေဖာင္းဝတ္ထားေသာ အေလာင္းအခ်ိဳ႕ႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရမိဟု နစကဆို
NP News - ဒီဇင္ဘာ ၇

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္၌ ျဖစ္ပြားေသာ ထိေတြ႕တိုက္ပြဲအတြင္း ABSDF တံဆိပ္ပါ ယူနီေဖာင္းဝတ္ဆင္ထားေသာ အေလာင္းအခ်ိဳ႕ႏွင့္ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကသာၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားသည္ ဒီဇင္ဘာ လ ၆ ရက္၊ နံနက္ ၆ နာရီခန႔္တြင္ ေျမႏုေက်း႐ြာ၏ အေနာက္ဘက္ မီတာ ၃ဝဝ ခန႔္အကြာသို႔ေရာက္ရွိစဥ္ KIA အဖြဲ႕ႏွင့္ PDF မ်ားက လက္နက္ငယ္မ်ားျဖင့္ စတင္ ပစ္ ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာတြင္ ၎လက္ နက္ကိုင္မ်ားသည္ ေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး ေက်း႐ြာအေရွ႕ဘက္သို႔ ဆုတ္ခြာထြက္ေျပးထြားခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ ေက်း႐ြာအတြင္း မီးရႈိ႕ဖ်က္ဆီးခဲ့မႈေၾကာင့္ ေနအိမ္အလုံးေပါင္း ၁၆ဝ ရွိသည့္အနက္ ေနအိမ္(၂ဝ)ခန႔္မွာ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ထိေတြ႕တိုက္ခိုက္မႈျဖစ္စဥ္အတြင္း ျဖစ္ပြားခဲ့ေသာေနရာတစ္ဝိုက္အား လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာတြင္ ABSDF တံဆိပ္ပါ ယူနီေဖာင္းဝတ္ဆင္ထားသည့္ အေလာင္းအခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

အလားတူ ၎ျဖစ္စဥ္အတြင္း အမ္ ၂၂ ေသနတ္ တစ္လက္၊ က်ည္ေတာင့္ ၄ဝ၊ က်ည္အိမ္ႏွစ္ခုႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး(ABSDF)သည္ NCA လက္မွတ္ေရးထိုးထားသည့္ လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ၿပီး လက္ရွိ နစကအႀကီး အကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ မတက္ေရာက္ႏိုင္ေသးေၾကာင္း ျငင္းပယ္ထားသည့္အဖြဲ႕တစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.