တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစားတိုက်လေယာဉ်များကို မြန်မာလေတပ် လွှဲပြောင်းရယူခဲ့ဟုဆို

 3678

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁ဝ

မြန်မာ့တပ်မတော်(လေ)ဟာ တရုတ်နိုင်ငံထုတ် ဘက်စုံသုံးတိုက်ခိုက်ရေး လေ ယာဉ်ဖြစ်တဲ့ FTC-2000G အမျိူးအစားတိုက်လေယာဉ်ကို လွှဲပြောင်းရယူမှုများလုပ်ဆောင်ခဲ့တယ်လို့ ကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းဆိုင်ရာ သတင်းများကိုအဓိကထားဖော်ပြနေတဲ့ Janes သတင်းဌာနကဖော်ပြထားပါတယ်။

ဒေသအတွင်းထောက်လှမ်းရေး အရင်းအမြစ်တွေက မြန်မာလေတပ်ဟာ FTC-2000G အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ်အသစ် (၄)စင်းကို နိုဝင်ဘာလအတွင်း လွှဲပြောင်းရယူနိုင်ခဲ့တယ်လို့ Janes သတင်းဌာနကို အတည်ပြုပြောဆိုထားကြောင်းသိရပါတယ်။ FTC-2000G အမျိုးအစားတိုက်လေယာဉ်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်တွင် အခြေစိုက်ထားပြီး တရုတ်နိုင်ငံ နဲ့ ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်တဲ့ K-8 ‘Karakorum အမျိုးအစားလေ့ကျင့်ရေးလေယာဉ်များနေရာတွင်အစားထိုးအသုံးပြုဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

၁၉၉ဝ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာ့တပ်မတော်(လေ)အတွက် K-8 Karakorum အမျိုးအစားတိုက်လေယဉ်များကို အသုံးပြုခဲ့ပြီး ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာစစ်တပ် နဲ့ လက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားတဲ့ တိုက်ပွဲများမှာလည်းအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ FTC-2000G အမျိုးအစား ဘက်စုံသုံးတိုက်လေ ယာဉ်ကို တရုတ်နိုင်ငံအခြေစိုက် Guizhou Aviation Industry Corporation (GAIC) ကထုတ်လုပ်ခြင်းဖြစ်ပြီး တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းကျော် ကုန်ကျတယ်လို့ သိရပါတယ်။ အဆိုပါ တိုက်လေယာဉ်ဟာ GAIC's JL-9 တိုက်လေယာဉ်ကို အဆင့်မြင့်တင်ထားတဲ့လေယာဉ်ဖြစ်ပြီး၂ဝ၁၈ ခုနှစ်မှာ ပထမဆုံးစတင်ပျံသန်းခဲ့ဖူးကြောင်းသိရပါတယ်။ အွန်လိုင်းသတင်းဌာနတစ်ခုကလည်း မြန်မာစစ်တပ်ဟာ အဆိုပါတရုတ်နိုင်ငံထုတ်တိုက်လေယာဉ်များကို (၆)စင်း လက်ခံရယူထားတယ်လို့ ဒီဇင်ဘာလ ၆ ရက်က ဖော်ပြခဲ့ဖူးကြောင်းသိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံထုတ္ FTC-2000G အမ်ိဳးအစားတိုက္ေလယာဥ္မ်ားကို ျမန္မာေလတပ္ လႊဲေျပာင္းရယူခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁ဝ

ျမန္မာ့တပ္မေတာ္(ေလ)ဟာ တ႐ုတ္ႏိုင္ငံထုတ္ ဘက္စုံသုံးတိုက္ခိုက္ေရး ေလ ယာဥ္ျဖစ္တဲ့ FTC-2000G အမ်ိဴးအစားတိုက္ေလယာဥ္ကို လႊဲေျပာင္းရယူမႈမ်ားလုပ္ေဆာင္ခဲ့တယ္လို႔ ကာကြယ္ေရးနဲ႔စစ္လက္နက္ပစၥည္းဆိုင္ရာ သတင္းမ်ားကိုအဓိကထားေဖာ္ျပေနတဲ့ Janes သတင္းဌာနကေဖာ္ျပထားပါတယ္။

ေဒသအတြင္းေထာက္လွမ္းေရး အရင္းအျမစ္ေတြက ျမန္မာေလတပ္ဟာ FTC-2000G အမ်ိဳးအစား ဘက္စုံသုံးတိုက္ေလယာဥ္အသစ္ (၄)စင္းကို ႏိုဝင္ဘာလအတြင္း လႊဲေျပာင္းရယူႏိုင္ခဲ့တယ္လို႔ Janes သတင္းဌာနကို အတည္ျပဳေျပာဆိုထားေၾကာင္းသိရပါတယ္။ FTC-2000G အမ်ိဳးအစားတိုက္ေလယာဥ္ေတြဟာ ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္ဆန္တြင္ အေျခစိုက္ထားၿပီး တ႐ုတ္ႏိုင္ငံ နဲ႔ ပါကစၥတန္တို႔ ပူးတြဲထုတ္လုပ္တဲ့ K-8 ‘Karakorum အမ်ိဳးအစားေလ့က်င့္ေရးေလယာဥ္မ်ားေနရာတြင္အစားထိုးအသုံးျပဳဖြယ္ရွိေနတယ္လို႔ သတင္းေတြကေဖာ္ျပပါတယ္။

၁၉၉ဝ ခုႏွစ္ေနာက္ပိုင္းကတည္းက ျမန္မာ့တပ္မေတာ္(ေလ)အတြက္ K-8 Karakorum အမ်ိဳးအစားတိုက္ေလယဥ္မ်ားကို အသုံးျပဳခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္အတြင္း ျမန္မာစစ္တပ္ နဲ႔ လက္နက္ကိုင္အဖြဲ႕မ်ားၾကားျဖစ္ပြားတဲ့ တိုက္ပြဲမ်ားမွာလည္းအသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။ FTC-2000G အမ်ိဳးအစား ဘက္စုံသုံးတိုက္ေလ ယာဥ္ကို တ႐ုတ္ႏိုင္ငံအေျခစိုက္ Guizhou Aviation Industry Corporation (GAIC) ကထုတ္လုပ္ျခင္းျဖစ္ၿပီး တစ္စင္းလွ်င္ အေမရိကန္ေဒၚလာ ၈ ဒသမ ၅ သန္းေက်ာ္ ကုန္က်တယ္လို႔ သိရပါတယ္။ အဆိုပါ တိုက္ေလယာဥ္ဟာ GAIC's JL-9 တိုက္ေလယာဥ္ကို အဆင့္ျမင့္တင္ထားတဲ့ေလယာဥ္ျဖစ္ၿပီး၂ဝ၁၈ ခုႏွစ္မွာ ပထမဆုံးစတင္ပ်ံသန္းခဲ့ဖူးေၾကာင္းသိရပါတယ္။ အြန္လိုင္းသတင္းဌာနတစ္ခုကလည္း ျမန္မာစစ္တပ္ဟာ အဆိုပါတ႐ုတ္ႏိုင္ငံထုတ္တိုက္ေလယာဥ္မ်ားကို (၆)စင္း လက္ခံရယူထားတယ္လို႔ ဒီဇင္ဘာလ ၆ ရက္က ေဖာ္ျပခဲ့ဖူးေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.