AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ

 1682

သုတကျော် (NP News) - စက်တင်ဘာ ၂ဝ

AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူများကလည်း စစ်သားများကို အားကျကာ စစ်သားဆန်ဆန် အတုယူ အမိန့်ပေးနေသောကြောင့် လုပ်ငန်းလွဲမှားမှု များစွာရှိနေသည့်အပြင် အလားတူ အမိန့်မျိုးကို မနာခံလိုသောကြောင့် အလုပ်ထွက်သူများလည်း ရှိနေကြောင်း ဒေသခံ အချို့ထံ NP News က မေးမြန်းစုံစမ်း သိရှိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA က အရပ်ဖက်အုပ်ချုပ်မှု ဖော်ဆောင်နေသည်ဟုဆိုသော်လည်း ၎င်းတို့ခန့်ထားသူများက စစ်သားများကဲ့သို့ အရာဝင်လိုခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ ရှိခြင်း ဖြစ်သည်။ “အခုက စစ်ဘက် နဲ့ အရပ်ဘက်ကိုခွဲပြီး အုပ်ချုပ်နေတယ်လို့ ပြောရမယ်။ ဒါပေမဲ့လည်း အရပ်ဘက်အုပ်ချုပ်တဲ့သူတွေက စစ်သားတွေလို ဖြစ်ချင်နေတယ်။ အဲဒီတော့ အတုယူပြီး လိုက်လုပ်တော့ ပြဿနာတွေ တက်တာ။ ကိုယ့်ဆီမှာ လာလုပ်တဲ့ အရပ်သားတွေကို စစ်သားလို အမိန့်ပေးချင်နေတယ်။ သူတို့ကိုယ်တိုင်ကလည်း စစ်သားလို မဟုတ်ဘဲ စစ်သားလို ငါခိုင်းတာလုပ်ကို လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့အမိန့်ပေးတဲ့အခါ လွဲမှားတာတွေ အများကြီး ဖြစ်လာတယ်”ဟု ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အရပ်ဖက်အုပ်ချုပ်ရေး ဦးဆောင်သူအချို့သည် AA စစ်ဖက်အရာရှိများကို အားကျအတုယူကာ လူရာဝင်လိုခြင်းများကို မြင်တွေ့နေရကြောင်း ၎င်းက ဆိုသည်။

“တချို့ကလေ နှမြောစရာ ကောင်းတယ်။ တချို့ အမိန့်တွေက ရှေ့မှာပေးတာ တမျိုး၊ နောက်အမိန့်က တမျိုး အဲဒီလို တလွဲတွေလည်း ဖြစ်နေတယ်။ တချို့ဝန်ထမ်းတွေကလည်း စိတ်ဓာတ်ကျကြတယ်။ ဒီလို စိတ်ဓာတ်ကျပြီး မလုပ်ချင်တော့လို့ ထွက်ရင်လည်း တံဆိပ်အမျိုးမျိုးကပ်ပြီး ကြဉ်ပြန်ရော။ အဲဒီလို အခက်အခဲတွေ အများကြီး ကြုံနေကြတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ AA ၏ ရပ်ကျေးအုပ်ချုပ်ရေးတွင် နာမည်ပျက် အများဆုံးရှိနေသူများမှာ မြို့နယ်မှူး၊ တိုက်နယ်မှူး အဆင့်ရှိသူများဖြစ်ကြောင်း အခြား ဒေသခံ တစ်ဦးက ရင်ဖွင့်သည်။ “အခုက မြို့နယ်မှူးတို့ တိုက်နယ်မှူးတို့က ဓားထက်နေတယ်။ သူတို့ကပဲ အမှုတွေကို ဆုံးဖြတ်ပြီး အပေါ်မရောက်ဘူး။ အခုလို အနေအထားမှာ သူတို့ကိုကြောက်နေရတယ်” ဟု ၎င်းက ဆိုသည်။

zawgyi version
AA ထိန္းခ်ဳပ္မႈေအာက္ရွိ ရခိုင္ျပည္နယ္တြင္ အရပ္ဖက္ အုပ္ခ်ဳပ္သူအခ်ိဳ႕ကလည္း စစ္သားဆန္ဆန္ အမိန႔္ေပးေနသည့္အတြက္ လြဲမွားမႈမ်ားရွိေနၿပီး အလုပ္ထြက္သူမ်ားလည္း ရွိ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂ဝ

AA ထိန္းခ်ဳပ္မႈေအာက္ရွိ ရခိုင္ျပည္နယ္တြင္ အရပ္ဖက္ အုပ္ခ်ဳပ္သူမ်ားကလည္း စစ္သားမ်ားကို အားက်ကာ စစ္သားဆန္ဆန္ အတုယူ အမိန႔္ေပးေနေသာေၾကာင့္ လုပ္ငန္းလြဲမွားမႈ မ်ားစြာရွိေနသည့္အျပင္ အလားတူ အမိန႔္မ်ိဳးကို မနာခံလိုေသာေၾကာင့္ အလုပ္ထြက္သူမ်ားလည္း ရွိေနေၾကာင္း ေဒသခံ အခ်ိဳ႕ထံ NP News က ေမးျမန္းစုံစမ္း သိရွိရသည္။

လက္ရွိ ရခိုင္ျပည္နယ္တြင္ AA က အရပ္ဖက္အုပ္ခ်ဳပ္မႈ ေဖာ္ေဆာင္ေနသည္ဟုဆိုေသာ္လည္း ၎တို႔ခန႔္ထားသူမ်ားက စစ္သားမ်ားကဲ့သို႔ အရာဝင္လိုျခင္းေၾကာင့္ မလိုလားအပ္ေသာ ျပႆနာမ်ား ရွိျခင္း ျဖစ္သည္။ “အခုက စစ္ဘက္ နဲ႔ အရပ္ဘက္ကိုခြဲၿပီး အုပ္ခ်ဳပ္ေနတယ္လို႔ ေျပာရမယ္။ ဒါေပမဲ့လည္း အရပ္ဘက္အုပ္ခ်ဳပ္တဲ့သူေတြက စစ္သားေတြလို ျဖစ္ခ်င္ေနတယ္။ အဲဒီေတာ့ အတုယူၿပီး လိုက္လုပ္ေတာ့ ျပႆနာေတြ တက္တာ။ ကိုယ့္ဆီမွာ လာလုပ္တဲ့ အရပ္သားေတြကို စစ္သားလို အမိန႔္ေပးခ်င္ေနတယ္။ သူတို႔ကိုယ္တိုင္ကလည္း စစ္သားလို မဟုတ္ဘဲ စစ္သားလို ငါခိုင္းတာလုပ္ကို လုပ္ရမယ္ဆိုတဲ့ ပုံစံမ်ိဳးေတြနဲ႔အမိန႔္ေပးတဲ့အခါ လြဲမွားတာေတြ အမ်ားႀကီး ျဖစ္လာတယ္”ဟု ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွ အမည္မေဖာ္လိုေသာ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။

အရပ္ဖက္အုပ္ခ်ဳပ္ေရး ဦးေဆာင္သူအခ်ိဳ႕သည္ AA စစ္ဖက္အရာရွိမ်ားကို အားက်အတုယူကာ လူရာဝင္လိုျခင္းမ်ားကို ျမင္ေတြ႕ေနရေၾကာင္း ၎က ဆိုသည္။

“တခ်ိဳ႕ကေလ ႏွေျမာစရာ ေကာင္းတယ္။ တခ်ိဳ႕ အမိန႔္ေတြက ေရွ႕မွာေပးတာ တမ်ိဳး၊ ေနာက္အမိန႔္က တမ်ိဳး အဲဒီလို တလြဲေတြလည္း ျဖစ္ေနတယ္။ တခ်ိဳ႕ဝန္ထမ္းေတြကလည္း စိတ္ဓာတ္က်ၾကတယ္။ ဒီလို စိတ္ဓာတ္က်ၿပီး မလုပ္ခ်င္ေတာ့လို႔ ထြက္ရင္လည္း တံဆိပ္အမ်ိဳးမ်ိဳးကပ္ၿပီး ၾကဥ္ျပန္ေရာ။ အဲဒီလို အခက္အခဲေတြ အမ်ားႀကီး ႀကဳံေနၾကတယ္”ဟု ၎က ဆိုသည္။

လက္ရွိ AA ၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးတြင္ နာမည္ပ်က္ အမ်ားဆုံးရွိေနသူမ်ားမွာ ၿမိဳ႕နယ္မႉး၊ တိုက္နယ္မႉး အဆင့္ရွိသူမ်ားျဖစ္ေၾကာင္း အျခား ေဒသခံ တစ္ဦးက ရင္ဖြင့္သည္။ “အခုက ၿမိဳ႕နယ္မႉးတို႔ တိုက္နယ္မႉးတို႔က ဓားထက္ေနတယ္။ သူတို႔ကပဲ အမႈေတြကို ဆုံးျဖတ္ၿပီး အေပၚမေရာက္ဘူး။ အခုလို အေနအထားမွာ သူတို႔ကိုေၾကာက္ေနရတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.