မြန်မာနိုင်ငံကို ဆေးဝါးပစ္စည်းများ တင်ပို့သွားဖို့ ဘင်္ဂလားဒေရှ့်အခြေစိုက်ဆေးဝါးကုမ္ပဏီ စီစဉ်နေ

 573

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၈

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းအခြေစိုက် Albion Group စီးပွားရေးလုပ်ငန်းစုဟာ မြန်မာနိုင်ငံကို ဆေးဝါး ပစ္စည်းများ တင်ပို့ဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ Albion Group ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံကို ဆေးဝါးပစ္စည်းများ တင်သွင်းခဲ့ပြီးနောက် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို ဆေးဝါးပစ္စည်းများ ထပ်မံတင်ပို့ဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆေးဝါးကုမ္ပဏီဟာ မြန်မာနိုင်ငံကို ဒီလနောက်ပိုင်းမှာ ဆေးဝါးများ တင်ပို့ဖို့ စီစဉ်နေပြီး အမေရိကန် ဒေါ်လာ ၃ သောင်းဖို့ တန်းဖိုးရှိ ဆေးဝါးများတင်သွင်းမှာဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံကိုလည်း လာမယ့်လမှ အမေရိကန်ဒေါ်လာ ၂၃ဝဝဝ တန်ဖိုးရှိ ဆေးဝါးများ တင်ပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်တကောင်းအခြေစိုက် ဆေးဝါးကုမ္ပဏီဟာ ဘူတန်၊ သီရိလင်္ကာနဲ့ ယီမင်နိုင်ငံတို့ကိုလည်း ဆေးဝါးပစ္စည်းများ ကူညီတင်ပို့မှုများ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။ Albion Group စီးပွားရေးလုပ်ငန်းစုဟာ မကြာသေးမီက အာဖန်ဂန်နစ္စတန်နိုင်ငံကို ဆေးဝါးပစ္စည်းများ နှစ်ကြိမ် တင်ပို့ခဲ့ဖူးပြီး ပထမအကြိမ် တင်ပို့ချိန်က ဆေးဝါးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅ဝဝဝ တန်ဖိုးရှိပြီး ဒုတိယအကြိမ်တင်ပို့ချိန်က အမေရိကန်ဒေါ်လာ ၆၅ဝဝဝ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Albion Group ဥက္ကဋ္ဌဖြစ်သူ Raisul Uddin Saikat က "ကျွန်တော်တို့ဟာ ထုတ်လုပ်ထားတဲ့ ဆေးဝါးပစ္စည်းတွေကို ပြည်ပနိုင်ငံများကို တင်ပို့သွားမှာပါ။ ကိုယ်ပိုင်ပြည်တွင်းဖြစ် ကုန်ကြမ်းများကိုအသုံးပြုပြီး ဆေးဝါးပစ္စည်းများ ထုတ်လုပ်ထားပါတယ်။ အိန္ဒိယနဲ့ယှဉ်ပြိုင်ပြီး ပြည်ပနိုင်ငံတွေကို ဆေးဝါးပစ္စည်းများ တင်ပို့သွားမှာပါ" လို့ ပြောပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံကို ေဆးဝါးပစၥည္းမ်ား တင္ပို႔သြားဖို႔ ဘဂၤလားေဒရွ႕္ အေျခစိုက္ေဆးဝါးကုမၸဏီ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၈

ဘဂၤလားေဒရွ႕္ႏိုင္ငံ စစ္တေကာင္းအေျခစိုက္ Albion Group စီးပြားေရးလုပ္ငန္းစုဟာ ျမန္မာႏိုင္ငံကို ေဆးဝါး ပစၥည္းမ်ား တင္ပို႔ဖို႔ စီစဥ္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

အဆိုပါ Albion Group ဟာ အာဖန္ဂန္နစၥတန္ႏိုင္ငံကို ေဆးဝါးပစၥည္းမ်ား တင္သြင္းခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ကို ေဆးဝါးပစၥည္းမ်ား ထပ္မံတင္ပို႔ဖို႔ စီစဥ္ေနျခင္းျဖစ္တယ္လို႔ သိရပါတယ္။
အဆိုပါ ေဆးဝါးကုမၸဏီဟာ ျမန္မာႏိုင္ငံကို ဒီလေနာက္ပိုင္းမွာ ေဆးဝါးမ်ား တင္ပို႔ဖို႔ စီစဥ္ေနၿပီး အေမရိကန္ ေဒၚလာ ၃ ေသာင္းဖို႔ တန္းဖိုးရွိ ေဆးဝါးမ်ားတင္သြင္းမွာျဖစ္သလို ကေမာၻဒီးယားႏိုင္ငံကိုလည္း လာမယ့္လမွ အေမရိကန္ေဒၚလာ ၂၃ဝဝဝ တန္ဖိုးရွိ ေဆးဝါးမ်ား တင္ပို႔သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

စစ္တေကာင္းအေျခစိုက္ ေဆးဝါးကုမၸဏီဟာ ဘူတန္၊ သီရိလကၤာနဲ႔ ယီမင္ႏိုင္ငံတို႔ကိုလည္း ေဆးဝါးပစၥည္းမ်ား ကူညီတင္ပို႔မႈမ်ား လုပ္ေဆာင္လ်က္ရွိေနတယ္လို႔ သိရပါတယ္။ Albion Group စီးပြားေရးလုပ္ငန္းစုဟာ မၾကာေသးမီက အာဖန္ဂန္နစၥတန္ႏိုင္ငံကို ေဆးဝါးပစၥည္းမ်ား ႏွစ္ႀကိမ္ တင္ပို႔ခဲ့ဖူးၿပီး ပထမအႀကိမ္ တင္ပို႔ခ်ိန္က ေဆးဝါးတန္ဖိုးဟာ အေမရိကန္ေဒၚလာ ၅၅ဝဝဝ တန္ဖိုးရွိၿပီး ဒုတိယအႀကိမ္တင္ပို႔ခ်ိန္က အေမရိကန္ေဒၚလာ ၆၅ဝဝဝ တန္ဖိုးရွိတယ္လို႔ သိရပါတယ္။

Albion Group ဥကၠ႒ျဖစ္သူ Raisul Uddin Saikat က "ကြၽန္ေတာ္တို႔ဟာ ထုတ္လုပ္ထားတဲ့ ေဆးဝါးပစၥည္းေတြကို ျပည္ပႏိုင္ငံမ်ားကို တင္ပို႔သြားမွာပါ။ ကိုယ္ပိုင္ျပည္တြင္းျဖစ္ ကုန္ၾကမ္းမ်ားကိုအသုံးျပဳၿပီး ေဆးဝါးပစၥည္းမ်ား ထုတ္လုပ္ထားပါတယ္။ အိႏၵိယနဲ႔ယွဥ္ၿပိဳင္ၿပီး ျပည္ပႏိုင္ငံေတြကို ေဆးဝါးပစၥည္းမ်ား တင္ပို႔သြားမွာပါ" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.