အင်ဒိုနီးရှားနိုင်ငံမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေဖြစ်ပေါ်

 2265

ဂျန်ဇက် (NP News) - စက်တင်ဘာ ၇

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ပုပ်ရဟန်းမင်းကြီးကို အကြမ်းဖက်ဖို့ ခြိမ်းခြောက်ခဲ့သူ ၇ ဦးကို ဖမ်းဆီးလိုက် ကြောင်း သိရပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မွတ်စလင်အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကို ဒီသီတင်းပတ်အတွင်း သွားရောက်ခဲ့ရာ အွန်လိုင်းကနေ အကြမ်းဖက်ဖို့ ခြိမ်းခြောက်ခြင်းတွေ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ပုပ်ရဟန်းမင်းကြီးကို အကြမ်းဖက်ဖို့ အွန်လိုင်းကနေ ခြိမ်းခြောက်ခဲ့သူများကို ဂျကာတာမြို့၊ ဆူမတ်တြားမြို့ အပါအဝင် မြို့အချို့နေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဖမ်းဆီးခံ ထားရသူ ၇ ဦးဟာ ဂျာကာတာမြို့မှာ ပုပ်ရဟန်းမင်းကြီး လူအများနဲ့တွေ့ဆုံချိန်အတွင်း ဗုံးခွဲတိုက်ခိုက်ဖို့ အွန်လိုင်းကတဆင့် လှုံ့ဆော်ကာ ပုံတွေလည်းတင်ခဲ့ကြော်ငး စွပ်စွဲခံထားရပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အင်ဒိုနီးရှားကို ရောက်ရှိချိန်အတွင်း အရှေ့တောင်အာရှရဲ့အကြီးဆုံး ဗလီကို သွားရောက် လည်ပတ်မှာဖြစ်သလို သမ္မတအိမ်တော် နဲ့ ဘောလုံးကွင်းတွေကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် နာမည် နဲ့ အသေးစိတ်အကြောင်းအရာတွေကို ဖော်ပြခြင်းမျိုး မရှိခဲ့ပါဘူး။ အင်ဒိုနီးရှားနိုင်ငံဟာ အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ဖို့ ကာလအတန်ကြာ ရုန်းကန်ခဲ့ရကြောင်း သိရပါတယ်။ အင်ဒိုနီးရှားအာဏာပိုင် တွေဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အင်ဒိုနီးရှားနိုင်ငံကို လာရောက်ချိန်အတွင်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ကို အၾကမ္းဖက္တိုက္ခိုက္ဖို႔ ၿခိမ္းေျခာက္မႈေတြျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၇

အင္ဒိုနီးရွားအာဏာပိုင္ေတြဟာ ပုပ္ရဟန္းမင္းႀကီးကို အၾကမ္းဖက္ဖို႔ ၿခိမ္းေျခာက္ခဲ့သူ ၇ ဦးကို ဖမ္းဆီးလိုက္ ေၾကာင္း သိရပါတယ္။ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ မြတ္စလင္အမ်ားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံ ကို ဒီသီတင္းပတ္အတြင္း သြားေရာက္ခဲ့ရာ အြန္လိုင္းကေန အၾကမ္းဖက္ဖို႔ ၿခိမ္းေျခာက္ျခင္းေတြ ရင္ဆိုင္ခဲ့ရေၾကာင္း သိရပါတယ္။

အင္ဒိုနီးရွားအာဏာပိုင္ေတြဟာ ပုပ္ရဟန္းမင္းႀကီးကို အၾကမ္းဖက္ဖို႔ အြန္လိုင္းကေန ၿခိမ္းေျခာက္ခဲ့သူမ်ားကို ဂ်ကာတာၿမိဳ႕၊ ဆူမတ္ၾတားၿမိဳ႕ အပါအဝင္ ၿမိဳ႕အခ်ိဳ႕ေန ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ ဖမ္းဆီးခံ ထားရသူ ၇ ဦးဟာ ဂ်ာကာတာၿမိဳ႕မွာ ပုပ္ရဟန္းမင္းႀကီး လူအမ်ားနဲ႔ေတြ႕ဆုံခ်ိန္အတြင္း ဗုံးခြဲတိုက္ခိုက္ဖို႔ အြန္လိုင္းကတဆင့္ လႈံ႕ေဆာ္ကာ ပုံေတြလည္းတင္ခဲ့ေၾကာ္ငး စြပ္စြဲခံထားရပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ အင္ဒိုနီးရွားကို ေရာက္ရွိခ်ိန္အတြင္း အေရွ႕ေတာင္အာရွရဲ႕အႀကီးဆုံး ဗလီကို သြားေရာက္ လည္ပတ္မွာျဖစ္သလို သမၼတအိမ္ေတာ္ နဲ႔ ေဘာလုံးကြင္းေတြကိုလည္း သြားေရာက္ဖို႔ စီစဥ္ထားပါတယ္။ အင္ဒိုနီးရွားအာဏာပိုင္ေတြဟာ သံသယရွိသူ ၇ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ေပမယ့္ နာမည္ နဲ႔ အေသးစိတ္အေၾကာင္းအရာေတြကို ေဖာ္ျပျခင္းမ်ိဳး မရွိခဲ့ပါဘူး။ အင္ဒိုနီးရွားႏိုင္ငံဟာ အစၥလာမ္မစ္ စစ္ေသြးႂကြ ေတြရဲ႕တိုက္ခိုက္မႈကို ေျဖရွင္းႏိုင္ဖို႔ ကာလအတန္ၾကာ ႐ုန္းကန္ခဲ့ရေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားအာဏာပိုင္ ေတြဟာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အင္ဒိုနီးရွားႏိုင္ငံကို လာေရာက္ခ်ိန္အတြင္း လုံၿခဳံေရးတင္းၾကပ္ထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.