စစ်ဆင်ရေးပြီးဆုံးခဲ့သည့်အတွက် ဂါဇာဒေသရှိ ဂျီနင်မြို့မှ အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာ

 1748

ဂျန်ဇက် (NP News) - စက်တင်ဘာ ၇

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာဒေသအနောက်ဘက်ကမ်းခြေရှိ ဂျီနင်မြို့ကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် မြို့အတွင်းမှ ပြန်လည်ရုတ်သိမ်းသွားခဲ့ကြောင်း သိရသည်။ အစ္စရေးတပ်ဖွဲ့များသည် ဂျီနင်မြို့အတွင်းရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့များကို ရှာဖွေတိုက်ခိုက်မှုများ ၉ ရက်ကြာ လုပ်ဆောင်ခဲ့ပြီး အနည်းဆုံးလူပေါင်း ၃၆ ဦးသေဆုံးခဲ့ကာ အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အစ္စရေးသည် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ အခိုင်အမာတပ်စွဲထားသည့် မြို့များကို စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ ဂျီနင်မြို့သည် ဟားမက်စ် အုပ်စု အခိုင်မာခြေကုတ်ယူထားသည့်မြို့များထဲတွင် ပါဝင်ခဲ့ပြီး လူပေါင်းခြောက်သောင်းကျော် ရှိနေသည့်မြို့ဖြစ် ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က သေဆုံးသူအများစုသည် လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်ကြောင်း၊ ပြောဆိုခဲ့သော်လည်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ဂျီနင်မြို့ကို အစ္စရေး၏ မြေပြင်နှင့်ဝေဟင်မှ တိုက်ခိုက်မှုများကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် ရုတ်တရက်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသတွင် တိုက်ပွဲများဖြစ်လာခဲ့ရာ အနည်းဆုံး လူပေါင်း ငါးသောင်းကျော် သေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့က ဖမ်းဆီးခံထားရသူများပြန်လွှတ်ရေး၊ စစ်ပွဲအဆုံးသတ်ရန် ကြားဝင်ဆောင်ရွက်နေသော်လည်း အပစ်ခတ်ရပ်စဲရေးစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version;
စစ္ဆင္ေရးၿပီးဆုံးခဲ့သည့္အတြက္ ဂါဇာေဒသရွိ ဂ်ီနင္ၿမိဳ႕မွ အစၥေရးတပ္ဖြဲ႕ဝင္မ်ား ျပန္လည္ဆုတ္ခြာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၇

အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာေဒသအေနာက္ဘက္ကမ္းေျခရွိ ဂ်ီနင္ၿမိဳ႕ကို စစ္ဆင္ေရးလုပ္ေဆာင္ခဲ့ၿပီးေနာက္ စက္တင္ဘာ ၇ ရက္တြင္ ၿမိဳ႕အတြင္းမွ ျပန္လည္႐ုတ္သိမ္းသြားခဲ့ေၾကာင္း သိရသည္။ အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂ်ီနင္ၿမိဳ႕အတြင္းရွိ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕မ်ားကို ရွာေဖြတိုက္ခိုက္မႈမ်ား ၉ ရက္ၾကာ လုပ္ေဆာင္ခဲ့ၿပီး အနည္းဆုံးလူေပါင္း ၃၆ ဦးေသဆုံးခဲ့ကာ အစၥေရးတပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံးခဲ့သည္ဟု သိရသည္။

အစၥေရးသည္ ဟားမက္စ္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ အခိုင္အမာတပ္စြဲထားသည့္ ၿမိဳ႕မ်ားကို စီးနင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနသည္။ ဂ်ီနင္ၿမိဳ႕သည္ ဟားမက္စ္ အုပ္စု အခိုင္မာေျခကုတ္ယူထားသည့္ၿမိဳ႕မ်ားထဲတြင္ ပါဝင္ခဲ့ၿပီး လူေပါင္းေျခာက္ေသာင္းေက်ာ္ ရွိေနသည့္ၿမိဳ႕ျဖစ္ ေၾကာင္း သိရသည္။

အစၥေရးစစ္တပ္က ေသဆုံးသူအမ်ားစုသည္ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္း၊ ေျပာဆိုခဲ့ေသာ္လည္း ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနက ေသဆုံးသူမ်ားထဲတြင္ ကေလးငယ္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။ ဂ်ီနင္ၿမိဳ႕ကို အစၥေရး၏ ေျမျပင္ႏွင့္ေဝဟင္မွ တိုက္ခိုက္မႈမ်ားေၾကာင့္ ႀကီးမားေသာ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ပြားခဲ့ရေၾကာင္း သိရသည္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕သည္ အစၥေရးႏိုင္ငံကို ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ အေစာပိုင္းတြင္ ႐ုတ္တရက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂါဇာေဒသတြင္ တိုက္ပြဲမ်ားျဖစ္လာခဲ့ရာ အနည္းဆုံး လူေပါင္း ငါးေသာင္းေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အေမရိကန္၊ ကာတာႏွင့္ အီဂ်စ္ႏိုင္ငံတို႔က ဖမ္းဆီးခံထားရသူမ်ားျပန္လႊတ္ေရး၊ စစ္ပြဲအဆုံးသတ္ရန္ ၾကားဝင္ေဆာင္႐ြက္ေနေသာ္လည္း အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ အၿပီးသတ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.