နမ့်ဆန်မြို့နယ်တွင် PDF များထံမှ လက်နက်ခဲယမ်း နှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိကြောင်း နစက ထုတ်ပြန်

 3044

NP News - ဒီဇင်ဘာ ၁၈

နမ့်ဆန်မြို့နယ်တွင် PDF များထံမှ လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၇)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပလောင်ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လက်နက်များ သယ်လာသော PDF အဖွဲ့များ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတစ်ဝိုက်တွင် ခိုအောင်းနေကြောင်း ဒေသခံတိုင်းရင်းသားအချို့က သတင်းပေးခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့ကြောင့် ဒီဇင်ဘာလ(၇)ရက်တွင် ကုန်းသာရွာအနီးသို့ တပ်မတော်စစ်ကြောင်းများက လေကြောင်းချီစစ်ဆင်၍ ပိတ်ဆို့မှုများပြုလုပ်ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့နောက် ဒီဇင်ဘာလ(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး PDF များ၏ အလောင်းများနှင့် လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အားနေရာတွင်ပင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစကမှ ဆိုထားသည်။

အထက်ပါတိုက်ပွဲဖြစ်စဉ်ကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည် အချို့လည်း ကျဆုံးမှု နှင့် ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း နစကမှ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ အစောပိုင်းတွင် ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က နားလည်မှုလွဲ၍ ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ကြောင်း နစကမှ ထည့်သွင်းပြောဆိုထားသည်။

zawgyi version
နမ့္ဆန္ၿမိဳ႕နယ္တြင္ PDF မ်ားထံမွ လက္နက္ခဲယမ္း ႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ားကို သိမ္းဆည္းရမိေၾကာင္း နစက ထုတ္ျပန္
NP News - ဒီဇင္ဘာ ၁၈

နမ့္ဆန္ၿမိဳ႕နယ္တြင္ PDF မ်ားထံမွ လက္နက္ခဲယမ္းမ်ားႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ား သိမ္းဆည္းခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁၇)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

ပေလာင္ေဒသမွတစ္ဆင့္ အၾကမ္းဖက္လုပ္ငန္းမ်ား ပိုမိုလုပ္ေဆာင္ရန္ လက္နက္မ်ား သယ္လာေသာ PDF အဖြဲ႕မ်ား နမ့္ဆန္ၿမိဳ႕နယ္၊ ကုန္းသာ႐ြာတစ္ဝိုက္တြင္ ခိုေအာင္းေနေၾကာင္း ေဒသခံတိုင္းရင္းသားအခ်ိဳ႕က သတင္းေပးခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေၾကာင့္ ဒီဇင္ဘာလ(၇)ရက္တြင္ ကုန္းသာ႐ြာအနီးသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေလေၾကာင္းခ်ီစစ္ဆင္၍ ပိတ္ဆို႔မႈမ်ားျပဳလုပ္ကာ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းရမိေရးအတြက္ ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ဒီဇင္ဘာလ(၁၂)ရက္အထိ ထိေတြ႕တိုက္ပြဲမ်ား အႀကိမ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး PDF မ်ား၏ အေလာင္းမ်ားႏွင့္ လက္နက္ခဲယမ္းမ်ား၊ ေဖာက္ခြဲေရးပစၥည္းမ်ား သိမ္းဆည္းရရွိခဲ့ၿပီး ပစၥည္းအခ်ိဳ႕အားေနရာတြင္ပင္ ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

အထက္ပါတိုက္ပြဲျဖစ္စဥ္ေၾကာင့္ တပ္မေတာ္မွ အရာရွိ၊ စစ္သည္ အခ်ိဳ႕လည္း က်ဆုံးမႈ ႏွင့္ ဒဏ္ရာရရွိမႈမ်ားရွိခဲ့ေၾကာင္း နစကမွ သိရသည္။

တိုက္ပြဲျဖစ္ပြားရာ အေစာပိုင္းတြင္ ပေလာင္ေဒသအတြင္း ျဖစ္ပြားမႈအေပၚ TNLA တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕က နားလည္မႈလြဲ၍ ပစ္ခတ္မႈအခ်ိဳ႕ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထည့္သြင္းေျပာဆိုထားသည္။

Picture

C Thu Tun

18/12/2022 14:05

နားလည်မှုလည်း လွဲစရာမလိုဘူး ပက်သက်တဲ့ ​ကောင်အကုန် ကြိတ်ပစ်လိုက်ရမှာ

Picture

Htun Aung Kyaw

18/12/2022 20:22

💪💪💪

Related news

© 2021. All rights reserved.