ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် သဘောထားကွဲလွဲမှုများကို အမြန်ဆုံးဖြေရှင်းရန် အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို

 154

ဂျန်ဇက် (NP News) - စက်တင်ဘာ ၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန်အတွက် အမြင်မတူကွဲလွဲချက်များကို အမြန်ဆုံးဖြေရှင်းရန် ဟားမက်စ် နှင့် အစ္စရေး အစိုးရတို့ကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲသည် အချိန် ၁၁ လကျော်လာနေပြီး အမေရိကန်၊ ကာတာ နှင့် အီဂျစ်နိုင်ငံတို့က အပစ်ခတ်ရပ်စဲရေး ရယူနိုင်ရန်ကြားဝင် စေ့စပ်ပေးနေကြောင်း သိရသည်။

အမေရိကန်သမ္မတသည် ဂါဇာဒေသအပစ်ခတ်ရပ်စဲရေးရယူနိုင်ရန်အတွက် အဆင့် သုံးဆင့်ပါသော အဆိုပြုချက်ကို ကမ်းလှမ်းအဆိုပြုထားပြီး အဆိုပါအဆိုပြုချက်များကို အဓိကထားဆွေးနွေးနေခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အဆိုပြုချက်များထဲကနေ ၉ဝ ရာခိုင်နှုန်းကို အကြမ်းဖျင်းသဘောတူညီထားတယ်။ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ အခက်အခဲ အနည်းငယ်သာရှိတော့တယ်။ အဲဒီကွဲလွဲချက်အချို့ကို အပြီးသတ်ဆွေးနွေးဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းပါတယ်" ဟု ပြောသည်။

အဆိုပါ အဆိုပြုကမ်းလှမ်းချက်များထဲတွင် ဂါဇာဒေသတောင်ပိုင်းရှိ Philadelphi စင်္ကြန်လမ်း အစ္စရေးစစ်သားများ ပြန်ရုတ်သိမ်းရေးအချက်လည်း ပါဝင်နေကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "လာမယ့် ရက်ပိုင်းအတွင်း ကွဲလွဲချက်တွေကို အပြီးသတ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့ဟာ အဲဒီ သဘောတူညီချက်တွေကို အစ္စရေး၊ အီဂျစ်၊ ကာတာတို့ကို ပေးပို့မယ်။ ပြီးရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထံ ထပ်ပို့မယ်" ဟု ပြောသည်။ မေလ ၃၁ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အဆိုပြုကမ်းလှမ်းခဲ့သောအဆင့် သုံးဆင့်ထဲတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်၊ ဖမ်းဆီးခံထားရသူများအမြန်ဆုံး ပြန်လွှတ်ပေးရန်၊ အပစ်ခတ်ရပ်စဲရန် စသည့်အချက်များ အဓိက ပါဝင်နေကြောင်း သိရသည်။

အဆိုပါ အပစ်ခတ်ရပ်စဲရေးအပြီးသတ်ဘောတူညီမှုရရှိရေးနှင့်ပတ်သက်ပြီး Philadelphi စင်္ကြန်လမ်းမှ အစ္စရေး တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရမည်ဆိုသောအချက်နှင့်ပတ်သက်ပြီး ကွဲလွဲချက်များ၊ အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်သည် အဆိုပါ စင်္ကြန်လမ်းမှ အစ္စရေးတပ်ဖွဲ့ဝင်များ ရုတ်သိမ်းရမည့်အချက်ကို ငြင်းဆန်ပယ်ချထားပြီး ဟားမက်စ်အဖွဲ့က အီဂျစ် နှင့် ဂါဇာဒေသနယ်စပ်ဒေသဖြစ်သော Philadelphi စင်္ကြန်လမ်းကို အသုံးချကာ စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို မြေအောက်လိုင်ခေါင်းများထံ တင်သွင်းနေသည်ဟု ပြောသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲကြောင့် အနည်းဆုံး လူပေါင်း ငါးသောင်းနီးပါးသေဆုံးထားပြီး အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဝိုင်းဝန်း ဖိအားပေးနေကြောင်း သိရသည်။

Zawgyi Version;
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ရန္ သေဘာထားကြဲလြဲမႈမ်ားကို အျမန္ဆုံးေျဖရွင္းရန္ အေမရိကန္အစိုးရ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၇

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ဂါဇာစစ္ပြဲ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ စာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္ရန္အတြက္ အျမင္မတူကြဲလြဲခ်က္မ်ားကို အျမန္ဆုံးေျဖရွင္းရန္ ဟားမက္စ္ ႏွင့္ အစၥေရး အစိုးရတို႔ကို တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။

အစၥေရး ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲသည္ အခ်ိန္ ၁၁ လေက်ာ္လာေနၿပီး အေမရိကန္၊ ကာတာ ႏွင့္ အီဂ်စ္ႏိုင္ငံတို႔က အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ရန္ၾကားဝင္ ေစ့စပ္ေပးေနေၾကာင္း သိရသည္။

အေမရိကန္သမၼတသည္ ဂါဇာေဒသအပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္အတြက္ အဆင့္ သုံးဆင့္ပါေသာ အဆိုျပဳခ်က္ကို ကမ္းလွမ္းအဆိုျပဳထားၿပီး အဆိုပါအဆိုျပဳခ်က္မ်ားကို အဓိကထားေဆြးေႏြးေနျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "အပစ္ခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး အဆိုျပဳခ်က္မ်ားထဲကေန ၉ဝ ရာခိုင္ႏႈန္းကို အၾကမ္းဖ်င္းသေဘာတူညီထားတယ္။ အပစ္ခတ္ရပ္စဲေရးလက္မွတ္ေရးထိုးႏိုင္ဖို႔ အခက္အခဲ အနည္းငယ္သာရွိေတာ့တယ္။ အဲဒီကြဲလြဲခ်က္အခ်ိဳ႕ကို အၿပီးသတ္ေဆြးေႏြးဖို႔ ႏွစ္ဖက္စလုံးကို တိုက္တြန္းပါတယ္" ဟု ေျပာသည္။

အဆိုပါ အဆိုျပဳကမ္းလွမ္းခ်က္မ်ားထဲတြင္ ဂါဇာေဒသေတာင္ပိုင္းရွိ Philadelphi စၾကၤန္လမ္း အစၥေရးစစ္သားမ်ား ျပန္႐ုတ္သိမ္းေရးအခ်က္လည္း ပါဝင္ေနေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "လာမယ့္ ရက္ပိုင္းအတြင္း ကြဲလြဲခ်က္ေတြကို အၿပီးသတ္ေျဖရွင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ကြၽန္ေတာ္တို႔ဟာ အဲဒီ သေဘာတူညီခ်က္ေတြကို အစၥေရး၊ အီဂ်စ္၊ ကာတာတို႔ကို ေပးပို႔မယ္။ ၿပီးရင္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ထံ ထပ္ပို႔မယ္" ဟု ေျပာသည္။ ေမလ ၃၁ ရက္တြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ အဆိုျပဳကမ္းလွမ္းခဲ့ေသာအဆင့္ သုံးဆင့္ထဲတြင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးရန္၊ ဖမ္းဆီးခံထားရသူမ်ားအျမန္ဆုံး ျပန္လႊတ္ေပးရန္၊ အပစ္ခတ္ရပ္စဲရန္ စသည့္အခ်က္မ်ား အဓိက ပါဝင္ေနေၾကာင္း သိရသည္။

အဆိုပါ အပစ္ခတ္ရပ္စဲေရးအၿပီးသတ္ေဘာတူညီမႈရရွိေရးႏွင့္ပတ္သက္ၿပီး Philadelphi စၾကၤန္လမ္းမွ အစၥေရး တပ္ဖြဲ႕ဝင္မ်ား ႐ုတ္သိမ္းရမည္ဆိုေသာအခ်က္ႏွင့္ပတ္သက္ၿပီး ကြဲလြဲခ်က္မ်ား၊ အခက္အခဲမ်ား ျဖစ္ေနေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္သည္ အဆိုပါ စၾကၤန္လမ္းမွ အစၥေရးတပ္ဖြဲ႕ဝင္မ်ား ႐ုတ္သိမ္းရမည့္အခ်က္ကို ျငင္းဆန္ပယ္ခ်ထားၿပီး ဟားမက္စ္အဖြဲ႕က အီဂ်စ္ ႏွင့္ ဂါဇာေဒသနယ္စပ္ေဒသျဖစ္ေသာ Philadelphi စၾကၤန္လမ္းကို အသုံးခ်ကာ စစ္လက္နက္ပစၥည္းမ်ားႏွင့္ စားနပ္ရိကၡာမ်ားကို ေျမေအာက္လိုင္ေခါင္းမ်ားထံ တင္သြင္းေနသည္ဟု ေျပာသည္။

အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲေၾကာင့္ အနည္းဆုံး လူေပါင္း ငါးေသာင္းနီးပါးေသဆုံးထားၿပီး အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ဝိုင္းဝန္း ဖိအားေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.