ကသာမြို့နယ်အတွင်းရှိ ကျေးရွာများ၏နေအိမ်များအား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၆ဝ)ကျော် မီးလောင်ဆုံးရှုံး

 781

NP News - ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာများ၏ နေအိမ်များအား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နစကမှ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၇)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ(၁၇)ရက် နံနက်ပိုင်းတွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာများအနီးသို့အရောက်တွင် အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှ သိရသည်။

အကြမ်းဖက်များက ကျေးရွာအတွင်းရှိ လူနေအိမ်များကို အကာအကွယ်ယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် ကျေးရွာများအတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် နောင်ပင်ကျေးရွာတွင် လူနေအိမ်(၁၁)လုံးခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူနေအိမ်(၄၃)လုံးခန့်နှင့် ဟဲနားကျေးရွာ တွင် လူနေအိမ်(၁ဝ) လုံးခန့် စုစုပေါင်း လူနေအိမ်(၆၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၂ဝ၂၂ ခုနှစ်အတွင်း အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်း တိုင်း၌ ကျေးရွာ(၂၆)ရွာမှ အိမ်ခြေ(၇၁၇)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှဆိုထားသည်။

အထက်ပါဖြစ်စဉ်တွင် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ကသာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား၏ေနအိမ္မ်ားအား အၾကမ္းဖက္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ရာ ေနအိမ္(၆ဝ)ေက်ာ္ မီးေလာင္ဆုံးရႈံး

NP News - ဒီဇင္ဘာ ၁၈

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား၏ ေနအိမ္မ်ားအား အၾကမ္းဖက္မ်ားက မီးရႈိ႕ဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

နစကမွ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၇)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕အတြင္း လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ဒီဇင္ဘာ(၁၇)ရက္ နံနက္ပိုင္းတြင္ ေနာင္ပင္ေက်း႐ြာ၊ မိုးဒါးႀကီးေက်း႐ြာႏွင့္ ဟဲနားေက်း႐ြာမ်ားအနီးသို႔အေရာက္တြင္ အၾကမ္းဖက္အဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း နစကမွ သိရသည္။

အၾကမ္းဖက္မ်ားက ေက်း႐ြာအတြင္းရွိ လူေနအိမ္မ်ားကို အကာအကြယ္ယူၿပီး လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ အၾကမ္းဖက္သမားမ်ားသည္ ဆုတ္ခြာထြက္ေျပးသြားခဲ့ၿပီး ၎တို႔ဆုတ္ခြာသြားစဥ္ ေက်း႐ြာမ်ားအတြင္းမွ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ေနာင္ပင္ေက်း႐ြာတြင္ လူေနအိမ္(၁၁)လုံးခန႔္၊ မိုးဒါးႀကီးေက်း႐ြာတြင္ လူေနအိမ္(၄၃)လုံးခန႔္ႏွင့္ ဟဲနားေက်း႐ြာ တြင္ လူေနအိမ္(၁ဝ) လုံးခန႔္ စုစုေပါင္း လူေနအိမ္(၆၄)လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၂ဝ၂၂ ခုႏွစ္အတြင္း အၾကမ္းဖက္သမားမ်ား၏ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ စစ္ကိုင္း တိုင္း၌ ေက်း႐ြာ(၂၆)႐ြာမွ အိမ္ေျခ(၇၁၇)လုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွဆိုထားသည္။

အထက္ပါျဖစ္စဥ္တြင္ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားႏွင့္ ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.