အင်အားပြင်းစူပါမုန်တိုင်း ယာဂီကြောင့် တရုတ်နိုင်ငံတွင် စာသင်ကျောင်းများ၊ လေကြောင်းခရီးစဉ်အများအပြား ဖျက်သိမ်း

 1548

ဂျန်ဇက် (NP News) - စက်တင်ဘာ ၆

တရုတ်နိုင်ငံသို့ အင်အားပြင်းစူပါတိုင်ဖွန်းမုန်တိုင်း ယာဂီဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေသည့်အတွက် စာသင် ကျောင်းများ ပိတ်သိမ်းခဲ့ရသလို လေကြောင်းခရီးစဉ်အများအပြားကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

ယာဂီမုန်တိုင်းသည် ယခုနှစ်အတွင်း အာရှတိုက်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းများထဲတွင် အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်လာဖွယ်ရှိနေပြီး ဟိုင်နန်ကျွန်း နှင့် တရုတ်နိုင်ငံတောင်ပိုင်းကို ဦးတည် တိုက်ခတ်ဖွယ်ရှိနေကြောင်း သိရသည်။ ယာဂီမုန်တိုင်းသည် တစ်နာရီလေတိုက်နှုန်း ၂၄၅ ကီလိုမီတာနှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေရာ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း တိုက်ခတ်ခဲ့သောမုန်တိုင်းများထဲတွင် ဒုတိယ အားအပြင်းဆုံးမုန်တိုင်းဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ကနဦး ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လက်ရှိအချိန် တွင် ပိုမိုအားကောင်းလာနေကြောင်း၊ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၆ ရက်ကတည်းက စတင်တိုက်ခတ်ဖွယ်ရှိနေ ကြောင်း သိရသည်။

အဆိုပါယာယီမုန်တိုင်းသည်ဟိုင်နန်ကျွန်း Wenchang အရပ်ဒေသမှ တရုတ်နိုင်ငံ Guangdong ပြည်နယ်၊ Leizhou ပြည်နယ်များရှိ ကုန်တွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေကြောင်း သိရသည်။ မုန်တိုင်းကြောင့် ပြင်းထန်သော လေတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်လာဖွယ်ရှိနေပြီး မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလျှပ်ခြင်းများ ဆက်တိုက်ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။မုန်တိုင်းကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၆ ရက်မှစတင်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိတ်သိမ်းခဲ့ရပြီး ဟောင်ကောင်၊ မာကာအို၊ ဟိုင်နန် နှင့် ဂွမ်ဒေါင်း ပြည်နယ်များသို့သွားရောက်မည့် လေကြောင်းခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်မည့်အရပ်ဒေသနှင့် ချိတ်ဆက်ထားသည့် တံတားများကိုလည်း ပိတ်သိမ်းထားရကြောင်း သိရသည်။ တရုတ်အစိုးရသည် မုန်တိုင်းဝင်ရောက်မည့်အရပ်ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ၊ လုပ်ငန်းအဖွဲ့ များ စေလွှတ်ထားကြောင်း သိရသည်။ ဟိုင်နန်ကျွန်းသည် မုန်တိုင်းဒဏ်မကြာခဏခံခဲ့ရဖူးပြီး ၁၉၄၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မုန်တိုင်းပေါင်း အနည်းဆုံး ၁ဝ၆ ခု ဝင်ရောက်တိုက်ခတ်ခဲ့ဖူးပြီး အဆိုပါမုန်တိုင်းများအနက် ၉ ခုက စူပါမုန်တိုင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အင္အားျပင္းစူပါမုန္တိုင္း ယာဂီေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္ စာသင္ေက်ာင္းမ်ား၊ ေလေၾကာင္းခရီးစဥ္အမ်ားအျပား ဖ်က္သိမ္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၆

တ႐ုတ္ႏိုင္ငံသို႔ အင္အားျပင္းစူပါတိုင္ဖြန္းမုန္တိုင္း ယာဂီဝင္ေရာက္တိုက္ခတ္ဖြယ္ရွိေနသည့္အတြက္ စာသင္ ေက်ာင္းမ်ား ပိတ္သိမ္းခဲ့ရသလို ေလေၾကာင္းခရီးစဥ္အမ်ားအျပားကို ဖ်က္သိမ္းလိုက္ရေၾကာင္း သိရသည္။

ယာဂီမုန္တိုင္းသည္ ယခုႏွစ္အတြင္း အာရွတိုက္အတြင္း ဝင္ေရာက္တိုက္ခတ္ခဲ့ေသာ မုန္တိုင္းမ်ားထဲတြင္ အင္အားအျပင္းဆုံး မုန္တိုင္းတစ္ခုျဖစ္လာဖြယ္ရွိေနၿပီး ဟိုင္နန္ကြၽန္း ႏွင့္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းကို ဦးတည္ တိုက္ခတ္ဖြယ္ရွိေနေၾကာင္း သိရသည္။ ယာဂီမုန္တိုင္းသည္ တစ္နာရီေလတိုက္ႏႈန္း ၂၄၅ ကီလိုမီတာႏႈန္းျဖင့္ ဝင္ေရာက္တိုက္ခတ္ဖြယ္ရွိေနရာ ၂၀၂၄ ခုႏွစ္အတြင္း ကမာၻတဝွမ္း တိုက္ခတ္ခဲ့ေသာမုန္တိုင္းမ်ားထဲတြင္ ဒုတိယ အားအျပင္းဆုံးမုန္တိုင္းျဖစ္ဖြယ္ရွိေနေၾကာင္း သိရသည္။

အဆိုပါမုန္တိုင္းသည္ ယခုသီတင္းပတ္အတြင္း ဖိလစ္ပိုင္ႏိုင္ငံသို႔ ကနဦး ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး လက္ရွိအခ်ိန္ တြင္ ပိုမိုအားေကာင္းလာေနေၾကာင္း၊ တ႐ုတ္ႏိုင္ငံသို႔ စက္တင္ဘာ ၆ ရက္ကတည္းက စတင္တိုက္ခတ္ဖြယ္ရွိေန ေၾကာင္း သိရသည္။

အဆိုပါယာယီမုန္တိုင္းသည္ဟိုင္နန္ကြၽန္း Wenchang အရပ္ေဒသမွ တ႐ုတ္ႏိုင္ငံ Guangdong ျပည္နယ္၊ Leizhou ျပည္နယ္မ်ားရွိ ကုန္တြင္းပိုင္းသို႔ ဝင္ေရာက္တိုက္ခတ္ဖြယ္ရွိေနေၾကာင္း သိရသည္။ မုန္တိုင္းေၾကာင့္ ျပင္းထန္ေသာ ေလတိုက္ျခင္း၊ မိုးသည္းထန္စြာ႐ြာသြန္းျခင္းမ်ားျဖစ္လာဖြယ္ရွိေနၿပီး မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလွ်ပ္ျခင္းမ်ား ဆက္တိုက္ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။မုန္တိုင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းတြင္ စက္တင္ဘာ ၆ ရက္မွစတင္ၿပီး သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား ပိတ္သိမ္းခဲ့ရၿပီး ေဟာင္ေကာင္၊ မာကာအို၊ ဟိုင္နန္ ႏွင့္ ဂြမ္ေဒါင္း ျပည္နယ္မ်ားသို႔သြားေရာက္မည့္ ေလေၾကာင္းခရီးစဥ္အမ်ားအျပားကို ဖ်က္သိမ္းခဲ့ရေၾကာင္း သိရသည္။

မုန္တိုင္းဝင္ေရာက္မည့္အရပ္ေဒသႏွင့္ ခ်ိတ္ဆက္ထားသည့္ တံတားမ်ားကိုလည္း ပိတ္သိမ္းထားရေၾကာင္း သိရသည္။ တ႐ုတ္အစိုးရသည္ မုန္တိုင္းဝင္ေရာက္မည့္အရပ္ေဒသမ်ားသို႔ ကယ္ဆယ္ေရးအဖြဲ႕မ်ား၊ လုပ္ငန္းအဖြဲ႕ မ်ား ေစလႊတ္ထားေၾကာင္း သိရသည္။ ဟိုင္နန္ကြၽန္းသည္ မုန္တိုင္းဒဏ္မၾကာခဏခံခဲ့ရဖူးၿပီး ၁၉၄၉ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ မုန္တိုင္းေပါင္း အနည္းဆုံး ၁ဝ၆ ခု ဝင္ေရာက္တိုက္ခတ္ခဲ့ဖူးၿပီး အဆိုပါမုန္တိုင္းမ်ားအနက္ ၉ ခုက စူပါမုန္တိုင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.