ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ ရုံးတင်စစ်ဆေးမှုမတိုင်မီအချိန်အထိ နှုတ်ဆိတ်နေသင့်တယ်လို့ ယာယီအစိုးရအဖွဲ့ခေါင်းဆောင်ပြော

 270

Pika (NP News) - စက်တင်ဘာ ၇

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအနေဖြင့် ၎င်းကိုရုံးတင်စစ်ဆေးရန်အတွက် နိုင်ငံအတွင်းသို့ ပြန်လည်မခေါ်မီအချိန်အထိ အိန္ဒိယနိုင်ငံတွင်နေထိုင်နေစဉ်အချိန်အတွင်း နှုတ်ဆိတ်နေသင့်ကြောင်း ယာယီအစိုးရ အဖွဲ့ခေါင်းဆောင် Muhammad Yunus က စက်တင်ဘာလ(၅)ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် အသက်(၇၆)နှစ်အရွယ် ဝန်ကြီးချုပ် ဟောင်းရှိတ်ဟာစီနာသည် ရာထူးမှနှုတ်ထွက်ကာ ရဟတ်ယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး ရှိတ်ဟာစီနာကို ရုံးတင်စစ်ဆေးရန်အတွက် Muhammad Yunus ဦးဆောင်သော ယာယီအစိုးရကို ပြည်သူများက ဖိအားပေးလျက်ရှိကြောင်းလည်း သိရသည်။ Muhammad Yunus က "ဘင်္ဂလားဒေ့ရှ်က ရှိတ်ဟာစီနာကို ပြန်လိုချင်တဲ့အချိန်အထိ အိန္ဒိယက ၎င်းကို ဆက်လက်ထိန်းသိမ်းထားသေး ချင်တယ်ဆိုရင်တော့ ဒီအခြေအနေက သူ့အနေနဲ့ နှုတ်ဆိတ်နေရမယ့်အချိန်ပါ။ အိန္ဒိယကနေထိုင်ပြီး ညွှန်ကြားချက်တွေပေးနေတာကို ဘယ်သူကမှမကြိုက်ပါဘူး။ အဲဒါက အိန္ဒိယအတွက်ရော ကျွန်တော်တို့အတွက်ရော မကောင်းပါဘူး" ဟု ပြောခဲ့သည်။

ရှိတ်ဟာစီနာသည် ပြီးခဲ့သည့် ဩဂုတ်လ(၅)ရက်တွင် ရာထူးမှနှုတ်ထွက်ပြီးတည်းက လက်ရှိအချိန်အထိ အိန္ဒိယ နိုင်ငံတွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှိတ်ဟာစီနာကို တရားဝင်လွှဲပြောင်းပေးရန်အတွက် အိန္ဒိယ နိုင်ငံကို တောင်းဆိုမှုရှိ/မရှိ ဆိုသည့်အချက်ကို Muhammad Yunus က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း လည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လကဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း လူတစ်ထောင်နီးပါးသေဆုံးခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာဟာ ႐ုံးတင္စစ္ေဆးမႈမတိုင္မီအခ်ိန္အထိ ႏႈတ္ဆိတ္ေနသင့္ တယ္လို႔ ယာယီအစိုးရအဖြဲ႕ေခါင္းေဆာင္ေျပာ
Pika (NP News) - စက္တင္ဘာ ၇

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာအေနျဖင့္ ၎ကို႐ုံးတင္စစ္ေဆးရန္အတြက္ ႏိုင္ငံအတြင္းသို႔ ျပန္လည္မေခၚမီအခ်ိန္အထိ အိႏၵိယႏိုင္ငံတြင္ေနထိုင္ေနစဥ္အခ်ိန္အတြင္း ႏႈတ္ဆိတ္ေနသင့္ေၾကာင္း ယာယီအစိုးရ အဖြဲ႕ေခါင္းေဆာင္ Muhammad Yunus က စက္တင္ဘာလ(၅)ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္လတြင္ အသက္(၇၆)ႏွစ္အ႐ြယ္ ဝန္ႀကီးခ်ဳပ္ ေဟာင္းရွိတ္ဟာစီနာသည္ ရာထူးမွႏႈတ္ထြက္ကာ ရဟတ္ယာဥ္ျဖင့္ အိႏၵိယႏိုင္ငံသို႔ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါဆႏၵျပပြဲမ်ားႏွင့္ပတ္သက္ၿပီး ရွိတ္ဟာစီနာကို ႐ုံးတင္စစ္ေဆးရန္အတြက္ Muhammad Yunus ဦးေဆာင္ေသာ ယာယီအစိုးရကို ျပည္သူမ်ားက ဖိအားေပးလ်က္ရွိေၾကာင္းလည္း သိရသည္။ Muhammad Yunus က "ဘဂၤလားေဒ့ရွ္က ရွိတ္ဟာစီနာကို ျပန္လိုခ်င္တဲ့အခ်ိန္အထိ အိႏၵိယက ၎ကို ဆက္လက္ထိန္းသိမ္းထားေသး ခ်င္တယ္ဆိုရင္ေတာ့ ဒီအေျခအေနက သူ႔အေနနဲ႔ ႏႈတ္ဆိတ္ေနရမယ့္အခ်ိန္ပါ။ အိႏၵိယကေနထိုင္ၿပီး ၫႊန္ၾကားခ်က္ေတြေပးေနတာကို ဘယ္သူကမွမႀကိဳက္ပါဘူး။ အဲဒါက အိႏၵိယအတြက္ေရာ ကြၽန္ေတာ္တို႔အတြက္ေရာ မေကာင္းပါဘူး" ဟု ေျပာခဲ့သည္။

ရွိတ္ဟာစီနာသည္ ၿပီးခဲ့သည့္ ဩဂုတ္လ(၅)ရက္တြင္ ရာထူးမွႏႈတ္ထြက္ၿပီးတည္းက လက္ရွိအခ်ိန္အထိ အိႏၵိယ ႏိုင္ငံတြင္ ရွိေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ရွိတ္ဟာစီနာကို တရားဝင္လႊဲေျပာင္းေပးရန္အတြက္ အိႏၵိယ ႏိုင္ငံကို ေတာင္းဆိုမႈရွိ/မရွိ ဆိုသည့္အခ်က္ကို Muhammad Yunus က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း လည္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ ဇူလိုင္လကျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားအတြင္း လူတစ္ေထာင္နီးပါးေသဆုံးခဲ့ေၾကာင္း ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.