မုဒုံမြို့တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၁)လုံး မီးလောင်ပျက်စီး

 482

NP News - ဒီဇင်ဘာ ၂ဝ

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်(၁၁)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာ ၂ဝ) ရက် နံနက်(၁)နာရီအချိန်ခန့်တွင် မုဒုံမြို့နယ်၊ ကမာဝက်(၁၁)ရပ်ကွက်၊ ရှမ်းစုရပ် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ဖယောင်းတိုင်မီးကနေ စလောင်တာလို့ သိရပါတယ်။ အိမ်က(၁၁)လုံး မီးလောင်သွားတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေ တော့မရှိပါဘူး” ဟု မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုအား မုဒုံမြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ ကမာဝက်နယ်မြေမီးသတ်စခန်း၊ ညောင်ကုန်းအရန်မီးသတ်စခန်း၊ နိုင်လုံအရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းများမှ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မီးလောင်မှုအား တစ်နာရီကြာငြှိမ်းသတ်ခဲ့ရပြီး နံနက်(၂)နာရီအချိန်တွင် မီးငြိမ်းခဲ့၍ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ(၁၇)ရက် ညကလည်း မွန်ပြည်နယ်၊ ရေးမြို့၊ အဏ္ဏဝါရပ်ကွက်၊ ရွှေလီလမ်းရှိ ရာဘာမှိုင်းခံရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
မုဒုံၿမိဳ႕တြင္ ဖေယာင္းတိုင္မီးမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၁၁)လုံး မီးေလာင္ပ်က္စီး

NP News - ဒီဇင္ဘာ ၂ဝ

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕တြင္ ဖေယာင္းတိုင္မီးမွတစ္ဆင့္ မီးေလာင္မႈ ျဖစ္ပြားခဲ့ရာ ေနအိမ္(၁၁)လုံး မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ျမန္မာ့လူငယ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာ ၂ဝ) ရက္ နံနက္(၁)နာရီအခ်ိန္ခန႔္တြင္ မုဒုံၿမိဳ႕နယ္၊ ကမာဝက္(၁၁)ရပ္ကြက္၊ ရွမ္းစုရပ္ တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ျဖစ္စဥ္ကေတာ့ ဖေယာင္းတိုင္မီးကေန စေလာင္တာလို႔ သိရပါတယ္။ အိမ္က(၁၁)လုံး မီးေလာင္သြားတယ္။ ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြ ေတာ့မရွိပါဘူး” ဟု ျမန္မာ့လူငယ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈအား မုဒုံၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံး၊ ကမာဝက္နယ္ေျမမီးသတ္စခန္း၊ ေညာင္ကုန္းအရန္မီးသတ္စခန္း၊ ႏိုင္လုံအရန္မီးသတ္စခန္းႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ ပူးေပါင္းျငႇိမ္းသတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

မီးေလာင္မႈအား တစ္နာရီၾကာျငႇိမ္းသတ္ခဲ့ရၿပီး နံနက္(၂)နာရီအခ်ိန္တြင္ မီးၿငိမ္းခဲ့၍ ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း ျမန္မာ့လူငယ္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

လက္ရွိတြင္ အဆိုပါမီးေလာင္မႈအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၇)ရက္ ညကလည္း မြန္ျပည္နယ္၊ ေရးၿမိဳ႕၊ အဏၰဝါရပ္ကြက္၊ ေ႐ႊလီလမ္းရွိ ရာဘာမႈိင္းခံ႐ုံတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ပ်က္စီးဆုံးရႈံးမႈမ်ားျပားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.